တစ်ခါက ကမ္ဘာကျော် NBA ဘက်စကတ်ဘောအသင်းကြီးတစ်သင်းဖြစ်တဲ့ Chicago Bulls ရဲ့ မန်နေဂျာချုပ် ဂျယ်ရီကရော့စ်က မိုက်ကယ်ဂျော်ဒန်ကို ပြောခဲ့ဖူးပါတယ်။ “ဟေ့ ဒီမှာ TEAM ဆိုတဲ့ စကားလုံးမှာ I (ငါ) ဆိုတာ မပါဘူးကွ”တဲ့။ မိုက်ကယ်ဂျော်ဒန်ကလည်း ပြန်ပြောလိုက်ပါတယ်။ “ဒါပေမယ့်ခင်ဗျာ WIN အနိုင်ရမှုဆိုတဲ့ စကားမှာ I (ငါ) ပါနေပါတယ်ဗျ”တဲ့။

အောင်မြင်မှုမှာ ဘယ်လိုအကြောင်းတွေ ဘယ်လောက်တောင် ပါဝင်နေသလဲဆိုတာ ပြောရခက်ပါတယ်။ သေချာတာကတော့ အခုပြောမယ့် အချက် ၄ ချက် ပါမယ် ဆိုတာပါပဲ။

(၁) Talent

Creation

Photo: Unsplash

ပင်ကိုယ်စွမ်းရည်ကောင်းမှုဆိုတာ အပြိုင်အဆိုင်ကိစ္စတွေမှာတင် မဟုတ်ပါဘူး။ လုပ်ငန်းကိစ္စ ၊ ပညာရေး ၊ လူမှုရေး ၊ ဘဝနဲ့ နေ့စဉ်ပြဿနာကိုင်တွယ်မှုအထိပါ အရေးပါတဲ့ အချက်တစ်ချက်ပါ။ ပင်ကိုယ်စွမ်းရည်ကောင်းရင် ကောင်းသလောက် အထက်ရောက်ဖို့ သေချာပါတယ်။ ပင်ကိုယ်စွမ်းရည်ဆိုတာ ကြိုးစားအားထုတ်မှု ဇွဲလုံ့လ ဝီရိယတွေနဲ့ ကုစားပြုပြင်လို့ရတာကြောင့် ဒီအချက်က ကိုယ့်ဘာသာဖြည့်လို့ရမယ့်အချက်ပါပဲ။

(၂) Sacrifice

Working

Photo: Unsplash

အောင်မြင်ချင်ရင် စွန့်လွှတ် စွန့်စားရဲဖို့ လိုပါတယ်။ ဘဝမှာ အမြင့်ကြီး ရောက်သွားတဲ့သူတွေဟာ သူတို့ရဲ့ အိပ်မက်အတိုင်း ယုံကြည်ချက်အတိုင်း မယိမ်းမယိုင် သွားဖို့ တချို့အရာတွေကို စိတ်ပြတ်သားနိုင်ခဲ့သူတွေပါပဲ။ တစ်ခုတည်းကို စိုက်လိုက်မတ်တပ်လုပ်တယ်ဆိုတာ အတော်များများကို စွန့်လွှတ်ထားဖို့တော့ လိုတာပါပဲ။ ဒါကြောင့် အောင်မြင်ချင်ရင် ကိုယ့်ဘက်က ပေးဆပ်ရမှာတွေကို ကြိုပြင်ဆင်ထားပါလို့ ပြောချင်ပါတယ်။

(၃) Practice

Piano

Photo: Unsplash

ပင်ကိုယ်အစွမ်းအစလည်း ကောင်းတယ် ၊ စတေးရဲတဲ့စိတ်လည်း ရှိတယ်ဆိုရုံနဲ့ မဖြစ်သေးပါဘူး။ အောင်မြင်အောင် စဉ်ဆက်မပြတ်လေ့ကျင့် လေ့လာ နေဖို့ လိုပါတယ်။ ကြိုတင်ပြင်ဆင်မှု ကောင်းရင် စွမ်းဆောင်ရည်မကောင်းတာကို ဖာထေးနိုင်တယ် (Proper Preparation Prevents Poor Performance) ဆိုတဲ့ စကားရှိပါတယ်။ လေ့ကျင့်နေတယ်ဆိုတာ အောင်မြင်မှုကို အရယူဖို့ ပြင်ဆင်နေတာပါပဲ။

(၄) Gameplan

Plan

Photo: Unsplash

သင်က ဘယ်ကိုသွားမှာလဲလို့ မေးလိုက်တဲ့အခါ ချပြနိုင်တဲ့ မြေပုံဆိုတာ သင့်ရဲ့ Gameplan ပါပဲ။ အစီအစဉ်တွေဟာ အနိုင်နဲ့အရှုံးကို ခွဲခြားပေးတဲ့အရာ ဖြစ်ပါတယ်။ အစီအစဉ်ကောင်းတွေဟာ ကျရှုံးမှုတွေကို အလဲထိုးမှု အားပြင်းတဲ့ ချန်ပီယံလက်သီးချက်တွေ ဖြစ်ပါတယ်။ တစ်နေ့ချင်းကနေ ရေရှည်အထိ ကိုယ်သွားမယ့် Gameplan ထားရှိဖို့ တိုက်တွန်းချင်ပါတယ်။

Featured Photo: art2screen