လူတိုင်းလူတိုင်း ကိုယ်ချစ်ရတဲ့သူနဲ့ သက်ဆုံးတိုင်ပေါင်ဖက်ချင်ကြတာ သဘာဝပါ။ ဒါပေမယ်တစ်ခါတစ်လေမှာ တစ်ယောက်နဲ့ တစ်ယောက်ဝေးကွာသလိုခံစားလာကြရပြီး Relationship ရဲ့ အဆုံးသတ်အချိန်ကိုရောက်သွားတက်ပါတယ်။ ဒါဆိုဘယ်လိုအရာတွေက ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးကို ဝေးကွာသလိုခံစားရစေလဲဆိုတာ လေ့လာကြည့်ရအောင်။

(၁) ပြဿနာတွေကအဖြေမထွက်တော့တဲ့အခါ

Source : Shutterstock

စုံတွဲတိုင်းမှာ ရန်ဖြစ်ကြတဲ့အချိန် ပြဿနာတွေတက်တဲ့အချိန်ဆိုတာ ရှိကြစမြဲပါ။ ဒါပေမယ့် ပြဿနာတစ်ခုဖြစ်လာတိုင်း ကိုယ့်ချစ်သူအပေါ်အလျော့ပေးခြင်းတွေမရှိတော့ပဲ အနိုင်လိုစိတ်တွေများလာပြီး ပြဿနာရဲ့ အဖြေမထွက်တော့တဲ့အခါ ရလဒ်က တစ်ယောက်ကိုတစ်ယောက်စိတ်ပျက်စိတ်ကုန်ခြင်းတွေဖြစ်လာတာပါပဲ။ ဒီလိုအဖြေရှာမရတဲ့ ပြဿနာတွေများလာရင် မကြာခင်မှာပဲအဆုံးသတ်အချိန်ဆိုတာကိုရောက်သွားနိုင်ပါတယ်။

(၂) ဆက်သွယ်မှုတွေအေးစက်လာတဲ့အခါ

Source : RVCJ Media

Relationship တစ်ခုကနှစ်တွေကြာလာတဲ့အခါမှာ ချစ်စကြိုက်စတုန်းကလောက် ဖုန်းခေါ်ဆိုတာ မက်ဆေ့ချ်ပို့တာ ဗီဒီယိုကောခေါ်တာတွေ နည်းသွားတက်တယ်ဆိုတာ စုံတွဲတိုင်းဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒါပေမယ့် တစ်ယောက်ကိုတစ်ယောက် ခံစားချက်တွေတကယ် အေးစက်မသွားချင်ဘူးဆိုရင် အမြဲတမ်းမဟုတ်ရင်တော့ ချစ်သူအတွက် အချိန်သီးသန့်ပေးပြီး ဖုန်းဆက်တာ စာပို့တာမျိုးလုပ်ပေးဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ပဲ သူ မဆက်ရင်ကိုယ်လည်းမဆက်ဘူးဆိုတဲ့ မာနတွေရှေ့တန်းတင်ထားရင် အလိုလိုဝေးကွာလာပါလိမ့်မယ်။

(၃) အမှတ်တရတွေကိုသိပ်ပြီးအလေးမထားတော့တဲ့အခါ

Source : Chicago Parent

ချစ်သူစုံတွဲတိုင်းမှာ ပျော်ရွှင်စရာအမှတ်တရနေ့တွေဆိုတာရှိကြပါတယ်။ အတူတူသွားခဲ့ကြတဲ့ အမှတ်တရနေရာတွေရှိကြပါတယ်။ အတူတူပြုလုပ်ခဲ့ကြတဲ့ အမှတ်တရအဖြစ်အပျက်တွေအများကြီးရှိကြပါတယ်။ သို့သော်လည်း အချိန်ကြာလာတာနဲ့ အမျှ အမှတ်တရအသစ်တွေထပ်မံဖန်တီးခြင်းမရှိတော့သလို ရှိခဲ့အမှတ်တရတွေကိုလည်း မေ့မေ့ပျောက်ပျောက်ဖြစ်နေပြီဆိုရင်တော့ သင်တို့စုံတွဲကြားက ဆက်ဆံရေးက တော်တော်လည်း စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ ဆိုနိုင်ပါတယ်။

(၄) ဒုတိယလူဝင်လာတဲ့အခါ

Source : istock

စုံတွဲတွေ တစ်ယောက်ကိုတစ်ယောက်ဝေးကွာလာစေတဲ့ အကြောင်းအရင်းထဲမှာ နောက်ထပ်လူတစ်ယောက်ဝင်လာတာကလည်း အကြီးအမားဆုံးပြဿနာတစ်ရပ်လို့ဆိုနိုင်ပါတယ်။ ယောကျာ်းလေးပဲဖြစ်စေ မိန်းကလေးပဲဖြစ်စေ ဒီလိုအမှားမျိုးကျူးလွန်မိတက်ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နောက်လူတစ်ယောက်ဝင်တဲ့ Relationship ကဘယ်လောက်ထိကြာကြာ ဆက်တည်တန့်နိုင်မှာမဟုတ်ပါဘူး။ တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုကင်းမဲ့လာတဲ့ Relationship တစ်ခုရဲ့ အဆုံးသတ်က လမ်းခွဲခြင်းပဲဖြစ်လာနိုင်စရာရှိပါတယ်။