ရှပ်လက်ရှည်ကို အောက်မှာ Undershirt ခံပြီး ဝတ်တတ်တဲ့သူတွေ ရှိမှာပါ။ အောက်ခံ Undershirt နဲ့ အပေါ် ထပ်အင်္ကျီတွဲဝတ်တာဟာ အပေါ်အင်္ကျီချွေးစားခံတာကြောင့် အဝတ်အစားလည်းရေရှည်ခံပါတယ်။ ရာသီဥတု အေးနေချိန်မျိုးမှာဆို လူလည်း ပိုပြီး အနွေးဓါတ်ရပါတယ်။ ဒါပေမယ့် Undershirt ဝတ်မယ်ဆိုရင် သိထားသင့်တာလေးတွေ ရှိပါတယ်။
(၁) တီရှပ်မဖြစ်ပါစေနဲ့
Photo: Sweat Block
Undershirt အတွက် သီးသန့်ထုတ်ထားတဲ့ စွပ်ကျယ်တွေရှိပါတယ်။ ရှပ်အင်္ကျီအောက်မှာ ခံဝတ်မယ့် Undershirt အမျိုးအစားမဟုတ်တဲ့ ပုံမှန် T-Shirt ဝတ်မယ်ဆိုရင် အကြည့်ရဆိုးသလို လိုက်ဖက်မှုလည်း မရှိပါဘူး။
(၂) အဖြူ/အမည်းပဲ မဝတ်ပါနဲ့
Photo: mensfashionmagazine
များသောအားဖြင့် အောက်ခံရှပ်ဝယ်မယ်ဆိုရင် အဖြူ ၊ အမည်း ကာလာတွေပဲ ဝယ်တာမျိုးလည်း ရှောင်သင့်ပါတယ်။ အကောင်းဆုံးက ကိုယ့်ရဲ့ Skin Tone နဲ့ လိုက်ဖက်တဲ့ ကာလာတွေပဲ ရွေးတာ ဖြစ်ပါတယ်။ ဒါမှပဲ Undershirt က ရှပ်အင်္ကျီအောက်ကနေ ထင်းအောင် ပေါ်နေမှာ မဟုတ်ပါဘူး။
(၃) ဖော်မဝတ်ပါနဲ့
Photo: mensfashionmagazine
Undershirt ဟာ ရှပ်အင်္ကျီအောက်မှာပဲ ရှိသင့်တဲ့ အဝတ်အစားမျိုးဖြစ်ပါတယ်။ ကိုယ့်အိမ်ထဲမှာဆိုရင်တော့ ပြဿနာမရှိပါဘူး။ အပေါ်မှာ ရှပ်မခံဘဲ ဒီအတိုင်း ဝတ်လို့ရပါတယ်။ အပြင်သွားလာမယ်ဆိုရင် အပေါ်ကရှပ်ကို ကြယ်စေ့တွေ ဖွင့်ထားတာမျိုး မလုပ်သင့်ပါဘူး။ကြည့်ရတာ အမြင်မတော်လို့ ဖြစ်ပါတယ်။
(၄) အပွကြီးတွေ မဝတ်ပါနဲ့
Photo: Dapper Advisor
နောက်တစ်ခုက Undershirt ကို ကိုယ့်ကိုယ်လုံးနဲ့ Fit ဖြစ်တဲ့ဆိုဒ်ပဲ ရွေးသင့်ပါတယ်။ အရမ်းကာရောပွယောင်းနေတဲ့ ဘယ်အဝတ်အစားမဆို ကိုယ့်ဖက်ရှင်ကို ဖျက်ဆီးနိုင်တယ်ဆိုတာ သတိရသင့်ပါတယ်။