လူတိုင်းလူတိုင်း ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုရှိဖို့ လိုအပ်ပါတယ်။ ကိုယ်ရဲ့ဝင်ငွေကိုကောင်းစွာစီမံခန့်ခွဲနိုင်မှလည်း အကျိုးမရှိတဲ့ငွေထွက်ပေါက်တွေပိတ်နိုင်မှာဖြစ်ပြီး ရေရှည်ရပ်တည်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့လူတိုင်းလိုက်နာသင့်တဲ့ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာနည်းလမ်းတွေကိုပြောပြပေးချင်ပါတယ်။

(၁) လိုအပ်မှဝယ်ပါ

Business concept with glasses and envelope with money on wooden surface

Source : Freepik

ကုမ္ပဏီ ကြီးတွေတော်တော်များများမှာ ဈေးကွက်ထဲမှာ သူတို့ရဲ့ထုတ်ကုန်တွေ ရောင်းချနိုင်ဖို့အတွက် လှည့်ကွက်တွေရှိပါတယ်။ လျှော့ဈေးတွေ ပရိုမိုးရှင်းတွေ ပေးနေတယ်ဆိုတာက သူတို့ရဲ့ လှည့်ကွက်တွေပါပဲ။ လျှော့ဈေးတွေ ပရိုမိုးရှင်းတွေ ပေးနေတယ်ဆိုပြီး တွေ့ကရာ မဝယ်မိပါစေနဲ့။ နောက်ဆုံးမှာ မလိုအပ်ဘဲ ပစ္စည်းတွေ ပုံနေပါလိမ့်မယ်။

(၂) ရင်းနှီးမြှပ်နှံပါ

Businessman hand holding light bulb

Source : Freepik

အနာဂတ်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုကတော့ မိမိကိုယ်ကို ရင်းနှီးမြှပ်နှံခြင်းပါပဲ။ သင်ယူလေ့လာတာ အတွေ့အကြုံအသစ်တွေ ရယူတာတွေက အကောင်းဆုံးတော့ ရင်းနှီးမြှပ်နှံခြင်းပါပဲ။ ကိုယ်စိတ်ဝင်စားတဲ့ အရာတွေကိုသင်ယူပါ။ ဒါမှမဟုတ် အနာဂတ်အတွက် လိုအပ်လာနိုင်တဲ့ အတက်ပညာတွေ ဆည်းပူးနိူင်မယ့် သင်တန်းတခုခုတက်တာ စာအုပ်ဖက်တာတွေ ပြုလုပ်ပေးပါ။ မိမိကိုယ်ကိုရင်းနှီးမြှပ်နှံမှုများလေလေ တန်ဖိုးရှိတဲ့လူဖြစ်လာလေလေပါပဲ။

(၃) စီစီစစ်စစ်ဈေးဝယ်ပါ

Girlfriends going shopping concept

Source : Freepik

သူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်တဲ့အချိန်မှာ ပိုက်ဆံတွေ ပိုပြီးသုံးလေ့ရှိကြပါတယ်။ ဆိုင်တော်တော်များများကို သွားပြီး အင်္ကျီတွေ စမ်းဝတ်ကြည့်တယ်။ သူငယ်ချင်းတွေကလည်း ဝယ်ဖို့မြှောက်ပေးတယ်။ ဒီလိုနဲ့ မလိုအပ်ဘဲ ပစ္စည်းတွေအများကြီးဝယ်မိသွားတက်ကြတယ်။ ဒါကြောင့် ပိုက်ဆံချွေတာချင်တယ်ဆိုရင် တစ်ယောက်တည်း စီစီစစ်စစ် ဈေးဝယ်ထွက်တာ အကောင်းဆုံးပါ။

(၄) ပိုက်ဆံမချေးပါနဲ့

Man taking money from his wallet

Source : Freepik

မိတ်တွေသူငယ်ချင်းတွေ မိသားစုဝင်တွေကို ပိုက်ဆံချေးခြင်းကို ဖြစ်နိုင်ရင်ရှောင်ပါ။ ပြန်ရဖို့ လမ်းစနည်းပါတယ်။ သူတို့တွေက အချိန်ကြာလာရင် အကြွေးရှိတာမေ့မှာပဲဆိုပြီး တွေးတက်ကြတယ်။ ဒီလိုနားလည်မှုလေးတွေ လွဲမှာခြင်းက မိတ်တွေသူငယ်ချင်းတွေ မိသားစုဝင်တွေကြားမှာရှိတဲ့ ရင်းနှီးခင်မင်မှုကို ပျက်စီးစေပါတယ်။ အကောင်းဆုံးကတော့ ပိုက်ဆံမချေးပေးပါနဲ့။ ဒီလိုမှမဟုတ်ရင်တော့ ပြန်ပေးရမယ့် အချိန်ကာလတခုခုသက်မှတ်ထားသင့်ပါတယ်။