မနက်ပိုင်းမှာ အမြဲလုပ်တတ်တဲ့ အလေ့အကျင့်တွေဟာ လူတစ်ယောက်ရဲ့ ပုံစံကို အများကြီး ပြောင်းလဲပစ်နိုင်ပါတယ်။ ဒါကြောင့် မနက်ခင်းအလေ့အကျင့်တွေကို အကောင်းဆုံးဖြစ်ဖို့ စီမံသင့်ပါတယ်။ မနက်ခင်းမှာ မဖြစ်မနေလုပ်မယ့် အလေ့အကျင့်တွေထဲမှာ အခုပြောမယ့်အချက်တွေ ပါသင့်ပါတယ်။

(၁) အချိန်မှန် အိပ်ရာက ထပါ

Young Beard Man On The Bed Awake

Photo : Freepik

မနက်အိပ်ရာထခြင်းအလေ့အကျင့်ဟာ ကိုယ့်ကိုယ်ကို ပြန်ခိုင်းတာ စိတ်ကိုခိုင်းစေတာ ဖြစ်ပါတယ်။ မနက်ကို ၆ နာရီ အိပ်ရာထတဲ့ အလေ့အကျင့် ဖြစ်ချင်ရင် မနက်တိုင်း ၆ နာရီနိုးအောင် ည ဘက် ပုံမှန်အိပ်တာ ၊ မနက်ကို နှိုးစက်မြည်တာနဲ့ ထတာမျိုး လုပ်သင့်ပါတယ်။

(၂)  အကြောလျှော့ပါ

Front view man stretching

Photo : Freepik

မျက်နှာသစ် ကိုယ်လက်သန့်ရှင်းပြီးတာနဲ့ အကြောအချဉ်တွေ ပျော့ပြောင်းအောင် သွေးပူလေ့ကျင့်ခန်းလေး လုပ် ၊ အကြောလေးဘာလေး လျှော့သင့်ပါတယ်။ စိတ်ရောကိုယ်ရော အာရုံစိုက်ရတဲ့ ယောဂတို့ ထိုက်ကျိတို့လို အားကစားတွေကလည်း မနက်ခင်းလေ့ကျင့်ခန်းအဖြစ် ပင်တိုင်ပါသင့်ပါတယ်။

(၃) အကျိုးရှိမယ့် စာဖတ်ပါ

Man Reading book

Photo : Freepik

မိုးလင်းတာနဲ့ ဖုန်းဖွင့်ပြီး ဂိမ်းကစားတာမျိုး မလုပ်ပါနဲ့ ။ ဖုန်းကို သတင်းအချက်အလက် ကြည့်ဖို့လောက် သုံးပါ။ အကောင်းဆုံးက မနက်နိုးလာတာနဲ့ သတင်းစာ ဖတ်တာ ၊ ဒါမှမဟုတ် ဖတ်လက်စ စာအုပ်ဖွင့်ပြီး ၁၅ မိနစ်လောက် စာကြည့်တာမျိုး လုပ်သင့်ပါတယ်။

(၄) Self-Care လုပ်ပါ

Man beauty applying face cream

Photo : Freepik

သင့်ရုပ်ရည်ကို ဂရုစိုက်ပါ။ သပ်သပ်ရပ်ရပ်နဲ့ ယောင်္ကျားဆန်ဆန် ကြည့်ကောင်းအောင် ပြုပြုပြင်ပြင်လေး နေပါ။ အနည်းဆုံးတော့ သင့်အသားအရေကောင်းဖို့ အချိန်ပေးလိုက်ပါ။

Featured Photo : Unsplash