တစ်နေ့တာမှာ မနက်ခင်းအိပ်ရာထချိန်က အရေးအကြီးဆုံးလို့ပြောရမှာပါပဲ။ ဖြတ်သန်းရမယ့်တစ်နေ့တာကို အကောင်းမွန်ဆုံးနဲ့ စိတ်ရောကိုယ်ပါလန်းဆန်းတက်ကြွမှုအရှိဆုံးဖြတ်သန်းနိုင်ဖို့ မနက်ခင်းအလေ့အထတွေကအများကြီးအထောက်အကူဖြစ်စေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အကောင်းမြင်စိတ် တိုးပွားစေမယ့်မနက်ခင်း အလေ့အထများ ကိုပြောပြပေးမှာပါ။
(၁) မနက်စောစောထပါ

Source : 123RF.com
နောက်ဆုံးအချက်ကတော့ ဒါတွေအားလုံးကို အေးအေးဆေးဆေးလုပ်လို့ရအောင် အနေနဲ့က မနက်စောစောထဖို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ မနက်စောစောထတာက အချိန်ပိုရတဲ့အတွက် အခုပြောခဲ့တဲ့အချက်တွေအားလုံးလုပ်နိုင်ဖို့ အရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။ မနက်ခင်းလမ်းလျှောက်တာ၊ ပြေးတာလို လေ့ကျင့်ခန်းတွေလုပ်ပေးနိုင်ရင်လဲ ပိုကောင်းပါတယ်။ ဒါဆို သင့်ရဲ့နေ့ရက်တိုင်းကို အမြဲတမ်းအကောင်းမြင်စိတ်တွေနဲ့ဖြတ်သန်းနိုင်မှာပါ။
(၂) အိပ်ယာသိမ်းပါ

Source : Gekås
ပျော်ရွှင်မှုရဖို့ ရိုးရှင်းတဲ့နည်းလမ်းထဲမှာ မနက်တိုင်းအိပ်ယာသိမ်းတာက ထိပ်ဆုံးကပါပဲ။ တနေ့တာရဲ့လုပ်ငန်း ဆောင်တာတွေမစခင် ဒီလုပ်ဆောင်မှုသေးသေးလေးက တနေ့တာလုပ်ငန်းဆောင်တာတွေလုပ်ဖို့ သင့်ကို စွမ်းအင်တွေအများကြီးရစေပါတယ်တဲ့။
(၃) ကောင်းမွန်ခြင်းနဲ့စတင်ပါ

Source : Everyday Power
သင်အိပ်ရာနိုးခါကာစ သင့်အိပ်ရာထဲမှာ သင်နိုးလာတာနဲ့တပြိုက်နက် ကိုယ့်ကိုယ်ကို ငါဟာ အရာအားလုံးနဲ့ထိုက်တန် ကောင်းမွန်တယ်၊ သန်မာတယ်၊ လုပ်ဆောင်နိုင်စွမ်းရှိတယ်၊ ကြည့်ကောင်းတယ် စသဖြင့် ကိုယ့်အတွက်ကိုယ် အကောင်းမြင်စိတ်နဲ့ စကား ဒါမှမဟုတ် စိတ်ထဲကနေ ပြောပေးပါ။ ဒါက သင့်ကိုယ်သင်တနေ့တာလုံးအလုပ်တွေမှာ ယုံကြည်မှုရှိရှိလုပ်နိုင်ဖို့ကူညီပေးပါတယ်။
(၄) သီချင်းနားထောင်ပါ

Source : Wintringham St Neots
သင်က သီချင်းနားထောင်ရတာကြိုက်တဲ့သူဆိုရင် အိပ်ရာကနိုးနိုးချင်းအချိန်မှာ သီချင်းလေးတွေ၊ တီးလုံးသံစဉ်လေးတွေနားထောင်ပေးတာက သင့်ကိုလန်းဆန်းတက်ကြွစေပြီး စွမ်းအင်တိုးစေပါတယ်။
