စာဖတ်သူတွေအနေနဲ့ မနက်အိပ်ယာနိုးရင် ဘယ်အရာကို အရင်ဆုံးလုပ်မိကြလဲ။ လူတိုင်းတော့မဟုတ်ပေမယ့် အများစုကတော့ မနက်ခင်းအိပ်ယာနိုးချိန်မှာ အခုပြောပြမယ့် အလေ့အထအမှားတွေလုပ်မိတက်ကြပါတယ်။ ဒီအရာတွေက ကောင်းမွန်တဲ့အလေ့အထတွေ မဟုတ်တာကြောင့် ဒီနေ့ကစပြီးစွန့်လွှတ်လိုက်ဖို့အကြံပြုချင်ပါတယ်။ ကဲဒါဆိုဘယ်လိုအလေ့အထတွေလည်းဆိုတာ ဆက်ဖတ်ကြည့်ရအောင်။

(၁) ဖုန်းသုံးခြင်း

Source : Freepik

အိပ်ယာနိုးချင်းမှာ ဖုန်းကိုင်တက်တဲ့အလေ့အထမျိုး တော်တော်များများလုပ်မိတက်ကြပါတယ်။ တကယ်တော့ အိပ်ယာနိုးချင်းဖုန်းကိုင်တာဟာ ကောင်းမွန်တဲ့အလေ့အထတစ်ခုမဟုတ်ပါဘူး။ အိပ်ယာနိုးပြီးချင်း ဆိုရှယ်မီဒီယာသုံးတာ ဂိမ်းကစားတာ အီးမေးလ်စစ်တာ စတဲ့အရာတွေအတွက် ဖုန်းသုံးနေမိမယ်ဆိုရင် အချိန်ကုန်လို့ကုန်မှန်းမသိဖြစ်စေရုံသာမက စိတ်ဖိစီးမှုနှင့် စိတ်ရှုပ်ထွေးခြင်းတွေခံစားရစေနိုင်ပါတယ်။

(၂) ရေပူချိုးခြင်း

Source : Natural Wire

မနက်ခင်းမှာ ရေချိုးတာဟာကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေများစွာရစေပါတယ်။ သို့သော်လည်း ရေပူနဲ့ ရေချိုးခြင်းကတော့ ရှောင်ကျဉ်ရမယ့် အလေ့အထတစ်ခုဖြစ်ပါတယ်။ ရေပူနဲ့ရေချိုးမယ်ဆိုရင် သင့်ကိုလေးလံထိုင်းမှိုင်းစေပြီး အိပ်ယာပေါ်ပြန်ရောက်သွားစေအောင်တွန်းအားဖြစ်စေမှာဖြစ်သလို အသားအရေကိုလည်း ခြောက်သွေ့ပျက်စီးစေနိုင်ပါတယ်။ဒါကြောင့်မနက်ခင်းမှာ ရေအေး ဒါမှမဟုတ် ကြက်သီးနွေးလောက်သာအပူချိန်ရှိတဲ့ရေဖြင့်သာရေချိုးသင့်ပါတယ်။

(၃) အဝတ်အစားအတွက်အချိန်ကုန်ခြင်း

Souce : Photodune

လူအများစုဟာ ဒီနေ့ဘာဝတ်ရမလဲဆိုတဲ့အတွေးနဲ့ ဘီရိုရှေ့မှာ အချိန်ကုန်နေတက်တာများပါတယ်။ ဒီအလေ့အထဟာ သင့်ရဲ့မနက်ခင်းတန်ဖိုးရှိတဲ့အချိန်တွေကို သက်သက်မဲ့ကုန်ဆုံးပစ်ရာရောက်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ ညအိပ်ယာမဝင်ကတည်းက ဘာဝတ်မယ်ဆိုတာကို ကြိုတင်ရွေးထားသင့်ပါတယ်။ အဝတ်အစားရွေးချယ်ရာမှာ လွယ်ကူစေဖို့ မဝတ်တော့တဲ့ အဝတ်အစားတွေကိုဘီဒိုထဲကရှင်းထုတ်ထားလိုက်ပါ။ ဒါဆိုအဝတ်အစားရွေးတဲ့အခါပိုမိုလွယ်ကူပြီးအချိန်ကုန်သက်သာစေပါတယ်။

(၄) ဘလက်ကော်ဖီသောက်ခြင်း

Souce : Creative Market

ကော်ဖီကြိုက်သူတွေ အထူးသဖြင့် ဘလက်ကော်ဖီကြိုက်တဲ့သူတွေအနေနဲ့ အိပ်ယာနိုးချင်းမှာကော်ဖီတစ်ခွက်တောင့်တလေ့ရှိကြပါတယ်။ အိပ်ယာနိုးပြီးချင်း ကော်ဖီသောက်တာက သင့်ကိုစိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်တွေကိုဖြစ်စေနိုင်ပါတယ်။ သုတေသနပညာရှင်တွေရဲ့အဆိုအရတော့ အိပ်ယာနိုးပြီးအနည်းဆုံး ၃ နာရီအကြာမှ ကော်ဖီသောက်သင့်တာဖြစ်ပါတယ်။ အကယ်၍သင့်က အိပ်ယာနိုးပြီး ကော်ဖီမသောက်ရရင် မနေနိုင်သူတစ်ယောက်ဆိုရင်လည်း ဘလက်ကော်ဖီမဟုတ်ပဲ နို့ သို့မဟုတ် ခရမ်င်အနည်းငယ်ထည့်သောက်ဖို့ အကြံပြုချင်ပါတယ်။