ဘဝမှာ အောင်မြင်ဖို့အတွက် ဘယ်လိုအရည်အချင်းတွေ လိုအပ်မလဲ။

အောင်မြင်မှုကို ဆွတ်ခူးရရှိဖို့ဆိုတာ လွယ်လွယ်နဲ့ဖြစ်လာမယ့်ကိစ္စတော့မဟုတ်ပါဘူး။ ပေးဆပ်ရင်းနှီးမှုတွေ အများကြီးလိုအပ်ပါတယ်။ သင့်ရဲ့အချိန်၊ ကြိုးစားအားထုတ်မှု၊ လုံ့လ ဝီရိယတို့ကို မရင်းနှီး မမြှုပ်နှံပါဘဲနဲ့ အောင်မြင်မှုကို ရရှိပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။

အထက်ဖော်ပြပါ ကြိုးစားအားထုတ်မှုများအပြင် အခုဖော်ပြပေးမယ့် အရည်အချင်းများလည်း လိုအပ်ပါသေးတယ်။

အပြောနဲ့အလုပ် ညီခြင်း

tips for a successful lifestyle

အောင်မြင်တဲ့သူတွေက ကတိတစ်ခုပေးပြီးရင် တည်အောင် ကြိုးစားလေ့ရှိကြပါတယ်။ ကိုယ်မတည်နိုင်တဲ့ကတိကိုလည်း လက်လွတ်စပယ် ပြီးပြီးရော မပေးတတ်ကြပါဘူး။ စကားကို ခုတစ်မျိုး၊ တော်ကြာတစ်မျိုး မပြောတတ်ကြဘဲ တစ်ခွန်းဆို တစ်ခွန်း အတိအကျပြောကြလေ့ရှိကြပါတယ်။ သူတစ်ပါး နောက်ကျောကို ဓားနဲ့ထိုးတဲ့လုပ်ရပ်မျိုး မလုပ်တတ်ကြတဲ့အတွက်ကြောင့် လူအများရဲ့ယုံကြည်မှုကို ရရှိကြပါတယ်။

အချိန်ကို တန်ဖိုးထားခြင်း

tips for a successful lifestyle

လောကမှာ တန်ဖိုးရှိပြီး အဖိုးမဖြတ်နိုင်တဲ့အရာတွေထဲမှာ အချိန်ကလည်း တစ်ခုအပါအဝင်ပါပဲ။ ကုန်ဆုံးသွားတဲ့အချိန်တွေကို ငွေနဲ့ပြန်ဝယ်လို့ မရဘူးဆိုတာ အောင်မြင်တဲ့သူတွေက သိကြပါတယ်။ ဒါ့ကြောင့် သူတို့တွေက အောင်မြင်မှုပန်းတိုင်ဆီ လျှောက်လှမ်းနေကြတဲ့အချိန်မှာ ဘယ်တော့မှာ အချိန်ဆွဲလေ့မရှိကြပါဘူး။

အချိန်ဆွဲခြင်း အလေ့အကျင့်က မကောင်းတဲ့အလေ့အကျင့်တစ်ခုဆိုတာကို အောင်မြင်သူတွေက အသေအချာသိရှိထားကြတာကြောင့် လုပ်စရာရှိတဲ့အလုပ်ကို အခုချက်ချင်းပြုလုပ်လေ့ရှိကြပါတယ်။ ဒါကလည်း အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်တစ်ခုပါပဲ။

စိတ်ဓာတ် ကြံ့ခိုင် ပြတ်သားခြင်း

tips for a successful lifestyle

ကိုယ် ဘာဖြစ်ချင်တာလဲ၊ ဘာလုပ်ချင်တာလဲဆိုတာကို ရေရေရာရာ မသိဘဲ ဇဝေဇဝါဖြစ်နေတယ်ဆိုရင်တော့ သင်သည် အောင်မြင်မှုနဲ့ တော်တော်ဝေးကွာနေပါသေးတယ်။ အရင်ဦးဆုံး ကိုယ် သွားချင်တဲ့ ပန်းတိုင်ကို သေချာသိအောင် ကြိုးစားပါ။ ပန်းတိုင်သို့ လျှောက်လှမ်းနေချိန်မျာ စိတ်ဓာတ်ကျစရာများနဲ့ ကြုံတွေ့ပါကလည်း ယိုင်နဲ့မသွားဘဲ ကြံ့ကြံ့ခံရပါမယ်။ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်လည်း ပိုင်ဆိုင်ထားဖို့လိုအပ်ပါတယ်။

မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း

tips for a successful lifestyle

အောင်မြင်မှုရဲ့ အခြေခံအုတ်မြစ်ကတော့ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းပဲဖြစ်ပါတယ်။ ကြောက်စိတ်ဝင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့သူတွေက လူပုံအလယ် မတင့်တယ်တာကြောင့် အောင်မြင်မှုနဲ့လည်း အလှမ်းဝေးသွားနိုင်ပါတယ်။

ခန္ဓာကိုယ်အတွက် အစာအာဟာရ ဖြည့်တင်းရသလို စဉ်းစားတွေးခေါ်နိုင်စွမ်းမြင့်မားဖို့အတွက် အသစ်သောပညာရပ်များကို လေ့လာခြင်း၊ ဗဟုသုတများ ရှာဖွေဆည်းပူးရင်း မိမိကိုယ်ကို တိုးတက်မြင့်မားအောင် အမြဲတမ်းကြံဆလေ့ရှိသူတွေကတော့ အောင်မြင်နေကြတဲ့သူတွေပဲဖြစ်ပါတယ်။

Source: Lifehacks.org

Featured Image Source: Mbanews.com.au