ကိုယ်အလေးချိန်လျော့ချချင်သူတွေဟာ အစားအသောက်ထိန်းရမယ်ဆိုတာ မှန်သင့်သလောက်မှန်ပေမယ့် အစားအစာတိုင်းကိုတော့ရှောင်ဖို့မလိုပါဘူး။ တချို့သောအစားအစာတွေက ဝိတ်ကျစေဖို့အတွက်ပါ အထောက်အကူဖြစ်စေတဲ့ အစားအစာတွေရှိပါတယ်။ ကဲဒါဆို ဝိတ်ချနေသူတွေအနေနဲ့ ဘယ်လိုအစားအစာတွေစားလို့ရလဲဆိုတာ ဖတ်ကြည့်လိုက်ရအောင်။
(၁) ကြက်ဥ

ကြက်ဥဟာ ဝိတ်ချနေသူတွေ စားသုံးပေးသင့်တဲ့ အကောင်းဆုံးအစာအစာတခုဖြစ်ပါတယ်။ ကြက်ဥမှာ ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကိုထောက်ပံ့ပေးပါတယ်။ကြက်ဥကို မနက်စာအဖြစ်စားသုံးပေးမယ်ဆိုရင် ဆာလောင်မှုဒဏ်ကိုလျော့ချစေပြီး ကိုယ်အလေးချိန်ကျဖို့ကူညီပေးပါတယ်။
(၂) ဆော်လမွန်ငါး

ဆော်လမွန်ငါးမှာ ကျန်းမာသောအဆီဓာတ်များ ၊ ပရိုတင်းဓာတ်နှင့် ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ အာဟာရဓာတ်များစွာပါဝင်ပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပြီး နာရီပေါင်းများစွာ အစားစားချင်စိတ်ကိုထိန်းထားပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကိုလည်းတိုးတက်စေပြီး ကိုယ်အလေးချိန်လျော့ကျစေနိုင်တဲ့အထိရောက်ဆုံးအစာအစာတစ်ခုပါ။
(၃) အားလူးပြုတ်

အားလူးပြုတ်ကိုအဖြူထည်အတိုင်းစားမယ်ဆိုရင် အရသာမရှိပေမယ့် ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာတော့ရစေပါတယ်။ အာလူးမှာ ပိုတက်ဆီယမ်ဓာတ်များကြွယ်ဝစွာပါဝင်တာကြောင့် သွေးပေါင်ချိန်ထိန်းညှိရာမှာကူညီပေးပါတယ်။ ခန္ဓာကိုယ်အတွက် အာဟာရဓာတ်တော်တော်များများရစေပြီး အဆာခံစေတဲ့အတွက် ဝိတ်ချနေသူတွေအတွက်စားသင့်တဲ့အစားအစာတခုဖြစ်ပါတယ်။
(၄) အသား

လူတစ်ယောက်အတွက် အဓိကအားဖြင့် ပရိုတင်းဓာတ်ကမရှိမဖြစ်လိုအပ်တဲ့ ဓာတ်တမျိုးဖြစ်ပါတယ်။ ပရိုးတင်းဓာတ်ပြည့်ဝစွာစားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာစွမ်းအင်ကိုကြာရှည်စွာထိန်းထားနိုင်ပြီး ဗိုက်ဆာခံနိုင်ပါတယ်။ ဒါကြောင့်မနက်ခင်မှာ ပရိုတင်းဓာတ်ရစေတဲ့ ကြက်သားပြုတ်ကဲ့သို့ အသားဓာတ်ကိုစားပေးသင့်ပါတယ်။
