ဝက်ခြံသည် လူ အယောက် ၁၀၀ တွင် ၈၅ ယောက်ခန့်လောက် ခံစားရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဝက်ခြံသည် သင့်ရဲ့အလှကို ဖျက်ဆီးနေတယ်လို့ ခံစားရပြီး မိမိကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းနေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။
ဒီနည်းလမ်းက သဘာဝနည်းလမ်းလေးတွေဖြစ်တဲ့ အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးအတွက် စိုးရိမ်နေတဲ့ ယောကျာ်းများအတွက် အသင့်တော်ဆုံးပါပဲ။
Tea Tree Oil နဲ့ အသုံးပြုပါ
Tea Tree အဆီကို ဟင်းသီးဟင်းရွက်ဆီ အနည်းငယ်နှင့် ရောနှောလိုက်ပါ။ ထို့နောက် ဝါဂွမ်းဖြင့် ဆီကို တို့ပြီးနောက် ဝက်ခြံပေါ် သုတ်လိမ်းလိုက်ပါ။ ထို့နောက် Moisturizer ဖြင့် အစိုဓာတ်ရအောင် ပြန်ထိန်းပေးလိုက်ပါ။ တစ်ရက်လျှင် ၁ ကြိမ် (သို့) ၂ ကြိမ်ခန့် ပြုလုပ်ပေးပါက ဝက်ခြံများ သိသိသာသာ လျော့ကျသွားပါလိမ့်မယ်။
Essential Oil အသုံးပြုပါ

Essential Oil ၁၀ စက်ခန့်ကို ဟင်းသီးဟင်းရွက်ဆီ အနည်းငယ်ဖြင့် ရောနှောလိုက်ပါ။ ဝါဂွမ်းကို ထိုအရောအနှောထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက် Moisturizer ဖြင့် သုတ်လိမ်းလိုက်ပါ။ တစ်ရက်လျှင် ၁ ကြိမ်မှ ၂ ကြိမ်အထိ ပြုလုပ်ပေးနိုင်ပါတယ်။
Green Tea အသုံးပြုပါ

Green Tea ကို ပွက်ပွက်ဆူနေသော ရေနွေးပူထဲတွင် ၃ မိနစ်မှ ၄ မိနစ်ခန့်အထိ စိမ်ထားလိုက်ပါ။ ထို့နောက် ရရှိလာတဲ့ အရည်ကို အအေးခံထားလိုက်ပါ။ ထို့နောက် ဝါဂွမ်းစကို ထိုအရည်ထဲ ထည့်ဆွတ်လိုက်ပြီး မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ (သို့) စပရေးဘူးထဲထည့်ကာ မျက်နှာပေါ် ပက်ဖြန်းပေးလိုက်ပါ။ ၁၀ မိနစ် (သို့) တစ်ညကြာတဲ့အခါမှာတော့ မျက်နှာကို ရေဖြင့် ဆေးကြောပေးလိုက်ပါ။ တစ်ရက်လျှင် ၁ ကြိမ်မှ ၂ ကြိမ်အထိ ပြုလုပ်နိုင်ပါတယ်။ ကျန်ရှိနေတဲ့အရည်များကိုလည်း ရေခဲသေတ္တာထဲတွင် ထည့်သိမ်းထားနိုင်ပါတယ်။ ၂ ပတ်တိတိ အထားခံပါတယ်။
ရှားစောင်းလက်ပတ် အသုံးပြုပါ

ရှားစောင်းလက်ပတ်ဂျယ်လ်များကို ဇွန်းဖြင့် ခပ်ထုတ်လိုက်ပါ။ ထို့နောက် ဝက်ခြံပေါ် သုတ်လိမ်းပေးလိုက်ပါ။ ရှားစောင်းလက်ပတ်သည် အနာကျက်မြန်စေပြီး ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ တစ်ပတ်လျှင် ၁ ကြိမ်မှ ၂ ကြိမ်အထိ အသုံးပြုနိုင်ပါတယ်။
Source: Healthline.com
Featured Image Source: Medicalnewstoday.com

