ကိုယ်ခံပညာသိုင်းပေါင်းစုံ ပြိုင်ပွဲတွေဟာ ပရိသတ်တွေကို ဖမ်းစားလာနိုင်ခဲ့တာ ဆယ်စုနှစ်တစုရှိလာခဲ့ပါပြီ။ပြိုင်ပွဲအစတွေမှာ မမျှော်လင့်တာတွေ ဖြစ်ပျက်သွားတာတွေက ပရိသတ်တွေကို အဖမ်းစားနိုင်ဆုံးပါပဲ။အခု kwee page ကနေပြီးတော့ ONE Championship သမိုင်းတလျှောက် အမြန်ဆုံးအလဲထိုးပြိုင်ပွဲတွေကို ပြောပြပေးသွားမှာပါ။

Timofey Nastyukhin vs Rob Lisita

Source: One Championship

ရုရှားကိုယ်ခံပညာသိုင်းပေါင်းစုံပညာရှင် Timofey Nastyukhin ဟာကမ္ဘာတစ်ဝမ်းအကောင်းဆုံး အလဲထိုးအနိုင်ယူသူအဖြစ် ကျော်ကြားတဲ့သူပါ။သူဟာ ONE Lightweight World ချန်ပီယံဖြစ်သူ Landslide နဲ့ အမြင့်ဆုံးပြိုင်ဘက် Yusuke Kawanago တို့ကို အလဲထိုးအ နိုင်ယူပြီး ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့ပါတယ်။မေလ ၂၀၁၆ ခုနှစ်မှာ ကျင်းပခဲ့တဲ့ NE: KINGDOM OF CHAMPIONS ပြိုင်ပွဲမှာတော့Timofey ဟာစံချိန်သစ်တခုတင်ခဲ့ပါတယ် ။ဒီပွဲမှာသူဟာ Rob Lisita နဲ့ဆုံတွေ့ခဲ့ပြီးတော့ ၆ စက္ကန့်ဆိုတဲ့ အချိန်အတွင်းမှာ အလဲထိုးအနိုင်ယူခဲ့တာပါ။

ပွဲစကည်းက Nastyukhin ဟာဘယ်လက်သီးညာလက်သီးတွေကို အသုံးပြုပြီးတော့ Aussie ကိုတရစပ် တိုက်စစ်ဆင်ခဲ့ပါတယ်။ Nastyukhin ရဲ့အားပါတဲ့ လက်သီးချက်တွေဟာ Aussie ရဲ့မေးရိုးကိုတိုက်ရိုက်ထိမှန်ခဲ့ပြီး ကြမ်းပြင်ပေါ်ပုံလျက်သားလဲကြသွားခဲ့ပါတယ်။ဒိုင်ဖြစ်သူကချက်ခြင်းပဲ ခုန်ဝင်ပြီးတားဆီးခဲ့ရပါတယ်။ ဒီပွဲဟာ ONE Championship သမိုင်းတလျှောက်အမြန်ဆုံးအလဲထိုးတဲ ပွဲအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။

Mario Wirawan Vs Chan Heng

Source: One Championship

နောက်ထပ်တပွဲကတော့ Mario Wirawan Vs Chan Heng တို့ရဲ့ပွဲစဉ်ပါ။ ဒီပွဲမှာလည်း အင်ဒိုနီးရှားနိုင်ငံသား Mario Wirawan ကဗီယက်နမ်နိုင်ငံသား Chan Heng ကို ၆ စက္ကန့်အတွင်းအနိုင်ယူခဲ့တာပါ။ပွဲစခေါင်းလောင်းတီးလိုက်တာနဲ့ Wirawan ဟာဘယ်လက်သီး သုံးလုံးဆက်တိုက်ပစ်သွင်းလိုက်ပြီးတော့ လေလုံးမြောက်မှာ အားထည့်ပြီး အသားကုန်ထိုးချလိုက်တဲ့အခါမှာတော့ Heng တယောက်ခုခံနိုင်စွမ်းမရှိတော့ဘဲ လဲကျသွားခဲ့ပါတယ်။

Wirawan ရဲ့ထိုးချက်တွေအကုန်လုံးဟာ Heng ရဲ့မေးရိုးကို ထိထိမိမိထိုးမိခဲ့တာကြောင့် Heng တယောက်ဘယ်လိုမှ ပြန်မထလာနိုင်ခဲ့ပါဘူး။ ဒီပွဲဟာ ONE’s bantamweight ပြိုင်ပွဲမှာ အမြန်ဆုံးပွဲအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။

Source : ONE Championship

Phoe Thaw vs Kat Pali

Source: One Championship

မြန်မာနိုင်ငံသားPhoe “Bushido” Thaw ဟာ အောင်လအန်ဆန်ပြီးရင်အတော်ဆုံး MMA ဖိုက်တာတယောက်ပါ။၂၀၁၆ ခုနှစ်မှာကျင်းပခဲ့တဲ့ ONE Myanmar Featherweight ပြိုင်ပွဲမှာPhoe Thaw ဟာ တနိုင်ငံတည်းသား ဖြစ်သူ Kat Pali နဲ့ယှဉ်ပြိုင်ထိုးသက်ခဲ့ရပါတယ်။ ပွဲစတာနဲ့ Phoe Thaw ဘယ်လက်သီးညာလက်သီးတွေ တရစပ်ပစ်သွင်းပြီး ဒူးပြန်တွေနဲ့ Kat Pali ကိုထိုးစစ်စဖွင့်ခဲ့ပါတယ်။Kat Pali ဟာ ခုခံနိုင်စွမ်းမရှိပဲနဲ့ နောက်ဆုံးမှာ ကြမ်းပြင်ပေါ်လဲကျသွားခဲ့ပါတယ်။ ဒီအခွင့်အရေးက လက်လွတ်မခံပဲ Phoe Taw ဟာ Kat Pali ကိုမြေပြင်ပေါ်မှာ ချုပ်ပြီးတော့ လက်သီးတွေ တရစပ်ထိုးခဲပပါတယ်။

Kat Pali လုံးဝခုခံနိုင်စွမ်းမရှိတာကို ဒိုင်သိသွားတဲ့အချိန်မှာတော့ ပြိုင်ပွဲကိုရပ်ပြီး Phoe Taw ကိုအနိုင်ပေးလိုက်ပါတော့တယ်။ ဒီပြိုင်ပွဲဟာ အချိန်အားဖြင့် ၂၂ စက္ကန့်သာကြာမြင့် ခဲ့ပါတယ်။ဒီမှတ်တမ်းကတော့ ONE’s featherweight ပြိုင်ပွဲမှာ ၁၅ လလောက် ကြာမြင့် ခဲ့ပါတယ်။ နောက်ပိုင်းမှာ Phoe Thaw ရဲ့စံချိန်တွေကို Edward Kelly က၂၁ စက္ကန့်နဲ့ ချိုးဖျတ်နိုင်ခဲ့ပါတယ်။ဘာပဲပြောပြော မြန်မာနိုင်ငံသားတယောက်ဖြစ်တဲ့ Phoe Thaw အနေနဲ့ အခုလိုမျိုးမှတ်တမ်းတွေ ပိုင်ဆိုင်ခဲ့တာဟာဂုဏ်ယူစရာတခုပါပဲ။

Source : ONE Championship