ဘဝမှာ အရာရာပြီးပြည့်စုံတဲ့လက်တွဲဖော်ကောင်းတစ်ယောက်ရဖို့ မလွယ်လှပါဘူး။ လူတိုင်းမှာ လိုအပ်ချက်တွေရှိကြတယ်ဆိုပေမယ့် တစ်ယောက်လိုအပ်ချက်ကိုတစ်ယောက် ညှိနှိုင်းနားလည်ပေးရင်းပဲ ရှေ့ဆက်ကြရတာမျိုးပါ။ ဒါပေမယ့် သင်ရွေးချယ်လိုက်တဲ့လူက အခုပြောပြမယ့် စရိုက်လက္ခဏာတွေရှိနေတယ်ဆိုရင်တော့ ရေရှည်လက်တွဲသွားနိုင်ဖို့ လုံးဝမဖြစ်နိုင်ပါဘူး။

(၁) တစ်ကိုယ်ကောင်းဆန်စိတ်ရှိသူ

 Unhealthy Relationship

Photo : Nutritious Life

Relationship တစ်ခုမှာ တစ်ကိုယ်ကောင်းဆန်မှုတွေရှိနေရင် ရေရှည်လက်တွဲဖို့ လုံးဝအဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ သင့်ဘက်က ဘယ် လောက်စာနာမှုရှိပြီး နှစ်ဦးသဘောကို ရှေ့ရှုပါစေ တစ်ဖက်လူဘက်က တစ်ကိုယ်ကောင်းဆန်ပြီး တယူသန်နေရင် ကြာလာတဲ့အခါ ကိုယ်ပဲ ပင်ပန်းမှုတွေ ခံစားရမှာပါ။ ဒါကြောင့် တစ်ကိုယ်ကောင်းဆန်စိတ်ရှိသူတွေက ဘဝအတွက်ကောင်းမွန်တဲ့ လက်တွဲဖော်တစ်ယောက် ဘယ်တော့မှာဖြစ်မလာနိုင်ဘူးဆိုတာ သိထားသင့်ပါတယ်။

(၂) ဖောက်ပြန်လွယ်သူ

Woman cheating on her husband, talking with lover on phone

Photo : Kwesilive.com

ပြောရရင် လူတိုင်းက ကိုယ့်ရဲ့ချစ်သူအပေါ် စိတ်ချယုံကြည်မှုအပြည့်ရှိချင်ကြသူတွေချည်းပဲ မဟုတ်လား။ ကျောပေးလိုက်တာနဲ့ နောက်ကျောမလုံရတဲ့ ခံစားချက်မျိုး လိုချင်ကြမှာမဟုတ်ပါဘူး။ ဒီတော့ လွယ်ရင်လွယ်သလို ဖောက်ပြန်တက်သူတွေ သစ္စာတရားကိုတန်ဖိုးမထားသူတွေပတ်သတ်ဆက်ဆံရမယ်ဆိုရင် အမြဲစိတ်ပူပြီး စိတ်ဆင်းရဲနေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သစ္စာတရားကိုတန်ဖိုးမထားပဲ သင့်အပေါ်ဖောက်ပြန်လွယ်တက်သူတွေကို ရေရှည်အတွက် မမျှော်မှန်းပဲ စောစီးစွာလက်လွတ်လိုက်တာပိုကောင်းပါတယ်။

(၃) ထိန်းချုပ်စိုးမိုးချင်သူ

Young Couple Arguing

Photo : The Independent

လူတစ်ယောက်ကို ချစ်လို့သဝန်တိုတာနဲ့ ထိန်းချုပ်စိုးမိုးတာက မတူပါဘူး။ ကိုယ့်ဘဝထဲကအရာရာကို တစ်ဖက်လူက စိတ်ကြိုက်ထိန်းချုပ်စိုးမိုးခံနေရမယ်ဆိုရင် ကိုယ်ပိုင်လွတ်လပ်မှု ဆိုတာလည်းရှိတော့မှာ မဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ ကိုယ့်ဘဝရည်မှန်းချက်တွေ ဝါသနာတွေနဲ့ စိတ်အားထက်သန်တဲ့အရာတွေက တစ်ဖက်လူရဲ့သဘောထားနဲ့မတိုက်ဆိုင်ရင် တားဆီးပိတ်ပင်ခြင်းခံရတဲ့အထိ ဖြစ်လာနိုင်ပါတယ်။  အပြန် အလှန်လေးစားမှုနဲ့ လွတ်လပ်စွာညှိနှိုင်းခြင်းရှိမှ ရေရှည်လက်တွဲလို့ အဆင်ပြေမှာပါ။

(၄) ကိုယ်ပဲအမြဲမှန်တယ်လို့ လက်ကိုင်ထားသူ

man in a dead-end relationship

Photo : BeHappyTips.com

ချစ်သူစုံတွဲတွေကြားမှာ ငြင်းခုံရတာ သဘောထားကွဲလွဲတာတွေက ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။ သို့သော်ဒီလို ပဋိပက္ခတွေဖြစ်လာချိန်မှာ အမှားအမှန်ကိုသေချာဆုံးဖြတ်ခြင်းမရှိပဲ ကိုယ့်သဘောထားကသာအမှန် ကိုယ်လုပ်တာကသာအမှန်လို့ အမြဲကိုယ်မှန်တယ်ဆိုတာကိုပဲ လက်ကိုင်ထားသူတွေဟာ သင့်အတွက်ကောင်းမွန်တဲ့ လက်တွဲဖော်ကောင်းတစ်ယောက်လုံးဝဖြစ်မလာနိုင်ဘူးဆိုတာ သေချာပါတယ်။

Featured Photo : The Beat 92.5