ချမ်းသာဖို့ အပေါ်တက်တဲ့ လှေကားတွေ ရှိသလို ချမ်းသာကြွယ်ဝခြင်းကို ထောက်ကန်ထားတဲ့ ထုပ်၊ တန်း ၊ ယက်မတွေလည်း ရှိကြတာပါပဲ။ တစ်ဆင့်ထက်တစ်ဆင့် ကြွယ်ဝချမ်းသာသူတို့ရဲ့ ဓနဥစ္စာဖန်တီးရေးပုံစံကို တိုင်ကြီး ၄ မျိုးနဲ့ ဖော်ပြလေ့ရှိပါတယ်။ ဒီဆောင်းပါးက တွမ်ဘတ္တလာ ဘိုလ်ဒွင်ရဲ့  50 Prosperity Classics စာအုပ်ထဲက လိုရင်းအာဘော်ကို ချုပ်ပြီး ဖော်ပြထားတာပါ။

(၁) အရာအားလုံး သင့်စိတ်ထဲကနေ စတင်တယ်

Business Idea

Photo: Unsplash

အောင်မြင်မှုလမ်းကြောင်းအားလုံးက သင့်စိတ်ကူးအယူအဆတွေ ၊ အမျှော်အမြင် ၊ ရည်မှန်းချက် ၊ စရိုက်နဲ့ ယုံကြည်မှု စတာတွေ ကနေ စတင်ပါတယ်။ သင့်အတွင်းစိတ်ထဲက သင်နဲ့ ငွေကြေးအကြောင်း တွေးဆချက်တွေပေါ် မူတည်ပြီး ချမ်းသာကြွယ်ဝမှုကို ဆွဲငင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ချမ်းသာဖို့ သင့်ခေါင်းထဲက စပြီး အလုပ်လုပ်ပါလို့ တိုက်တွန်းကြတာ ဖြစ်ပါတယ်။

သင့်အတွင်းစိတ်နဲ့ ဘဝအတွေ့အကြုံတွေထဲကနေ ရေးထုတ်လိုက်တဲ့ ငွေကြေးချမ်းသာရေးလမ်းပြမြေပုံနဲ့ အခြေပြဇယားတွေ ၊ ဖော်ဆောင်မယ့်နည်းနာနိဿယျတွေ နဲ့ သင့်ဦးနှောက်နဲ့ ညှစ်ထုတ်လိုက်တဲ့ အိုင်ဒီယာတွေက သင့်ကို ချမ်းသာအောင်မြင်ရေးလမ်းကြောင်းပေါ် တင်မယ့် ပထမဆုံးအရင်းအနှီးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ခေါင်းကို ကျန်းမာသန့်ရှင်းအောင် ထားပါလို့ ပြောချင်ပါတယ်။

(၂) ချမ်းသာအောင်လုပ်တယ်

Money

Photo: Unsplash

ချမ်းသာဖို့ ငွေရှာမှ ဖြစ်မှာပါ။ ငွေရှာနိုင်တဲ့ လမ်းကြောင်းတွေ အများကြီး ရှိပါတယ်။ တချို့တွေက ကိုယ့်အတတ်ပညာတတ်ကျွမ်းမှု Professional နဲ့ ချမ်းသာအောင် လုပ်တယ်။ တချို့တွေက ရင်းနှီးမြှပ်နှံမှု လုပ်ပြီး ချမ်းသာအောင် လုပ်တယ်။ တချို့တွေကတော့ ဝန်ဆောင်မှုနဲ့ ထုတ်ကုန်ရောင်းချပြီး ချမ်းသာကြတယ်။

ချမ်းသာအောင်လုပ်ရမှာ Hilton ဟိုတယ်လုပ်ငန်းစု တည်ထောင်သူ အမေရိကန်သူဌေးကြီး ကွန်ရက်ဒ် ဟီလ်တန်ကတော့ သူ့ရဲ့ အောင်မြင်ရေးဖော်မြူလာက အလုပ်ကြိုးစားခြင်း ၊ ဆုတောင်းခြင်း ၊ မျှော်မြင်စိတ်ကူးယဉ်ခြင်းနဲ့ မြင့်မြင့်တွေးခြင်းတွေပဲလို့ ဆိုပါတယ်။

(၃) ချမ်းသာမှုကို စီမံတယ်

Investment

Photo: Unsplash

ပိုက်ဆံရလာပြီ ၊ ပိုက်ဆံရှာနိုင်လာပြီဆိုရင် အဲ့ဒီပိုက်ဆံ ကိုယ်ဆီမှာ မြဲဖို့ ၊ များလာဖို့ စီမံခန့်ခွဲရတဲ့ပညာလည်း တတ်ထားဖို့ လိုပါတယ်။ ရှာထားတဲ့ ပိုက်ဆံ တစ်ကျပ်က နှစ်ကျပ် တိုးအောင် စုဆောင်းတာ ၊ ရင်းနှီးမြှပ်နှံတာ ၊ ခြိုးခြိုးခြံခြံနဲ့ လောက်ငအောင် သုံးတာတွေကလည်း ငွေကြေးစီမံခန့်ခွဲမှုအတတ်ပညာပဲ မဟုတ်လား။

ချမ်းသာဖို့အတွက် ငွေကြေးစီမံခန့်ခွဲမှု ၊ အလုပ်အကိုင်တိုးချဲ့မှု ၊ ရင်းနှီးမြှပ်နှံမှုတွေဆိုတာ ချမ်းသာမှုနဲ့ ဓနဥစ္စာအဆောက်အဦအတွက် အရေးပါတဲ့ ဒေါက်တိုင်ကြီး တစ်ခုပဲ ဖြစ်ပါတယ်။

(၄) တတ်အားသမျှ ပြန်မျှဝေတယ်

Donation

Photo: Unsplash

ချမ်းသာခြင်းဟာ မိမိနဲ့ သူတစ်ပါးအကျိုးဆောင်ခြင်းအတွက် တာဝန်တစ်ခုပါ ပေးပါတယ်။ အဲ့ဒီတာဝန်ဆိုတာကလည်း ဘယ်သူမှ ပေးတာမဟုတ်။ လူ့အသိတရားနဲ့ လူ့သမိုင်းပေး တာဝန်အဖြစ် ကိုယ့်အသိနဲ့ကိုယ် ထမ်းရွက်ရခြင်းသာ။ ချမ်းသာအောင် ငွေရှာပြီးတဲ့နောက် ကိုယ်ရှာသမျှကို လိုအပ်သူဆီ ပြန်မျှဝေခြင်းဟာ ချမ်းသာကြွယ်ဝခြင်းရဲ့ အဓိပ္ပါယ်ရှိလှတဲ့ ဒေါက်တိုင်တစ်ခု ဖြစ်ပါတယ်။

Featured Photo: CEO Today