မိန်းကလေးအများစုဟာ သူတို့ရဲ့ ချစ်သူကောင်လေးမှာ တစ်ချို့သော အမူအကျင့်ကောင်းလေးတွေရှိနေစေချင်တဲ့ ဆန္ဒရှိကြပါတယ်။ အဲ့ဒီအရာလေးတွေကိုရွှေငွေချမ်းသာကြွယ်ဝမှုတွေထက် ပိုပြီးလိုချင်တောင်းတကြပါတယ်။ မိန်းကလေးတွေက သူတို့ရဲ့ ချစ်သူကောင်လေးတွေမှာ ဘယ်လိုအရာလေးတွေ ရှိစေချင်တာလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုန်း။
(၁) ခွဲခြားဆက်ဆံမှုမရှိခြင်း
Source : Dreamstime.com
တစ်ချို့ယောကျာ်လေးတွေဟာ ယောကျာ်လေးဝါဒီကိုစွဲကိုင်ထားကြပြီး ကျားမခွဲခြားဆက်ဆံခြင်းတွေလုပ်တက်ကြပါတယ်။ ငါကယောကျာ်းလေး ငါကအိမ်ထောင်အိမ်ဦးစီး စသည်ဖြင့် ဂုဏ်နာမတွေတက်ပြီး ကိုယ်ချစ်သူ ကြင်သူဇနီးအပေါ်မှာခွဲခြားဆက်ဆံခြင်းတွေလုပ်တက်ကြပါတယ်။ ဒီလိုခွဲခြားခြင်းတွေကို မိန်းကလေးတိုင်းမလိုလားကြပါဘူး။ ဒါကြောင့်သူတို့ရဲ့ ချစ်သူကောင်လေးတွေကို ကျားမမခွဲခြားပဲ တန်းတူဆက်ဆံပေးတဲ့ စိတ်ထားမျိုးလေးကို ရှိစေချင်ကြပါတယ်။
(၂) ဗဟုသုတကြွယ်ဝခြင်း
Source : Shutterstock
မိန်းကလေးတွေက သူတို့မေးခွန်းလေးတွေမေးတဲ့အခါ မသိဘူးဆိုတဲ့အဖြေထက် သူတို့ရဲ့မေးခွန်းကို စိတ်ကျေနပ်မှုရှိအောင်ပြန်ဖြေတက်တဲ့ ကောင်လေးမျိုးကို ပိုသဘောကျကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ချစ်သူကောင်လေးတွေကို အဘယ်အရာမဆိုနှံ့နှံ့စပ်စပ်ရှိပြီး လေ့လာမှုအားကောင်းတဲ့ ဗဟုတုကြွယ်သူတစ်ယောက်အဖြစ်ရှိစေချင်ကြတာဖြစ်ပါတယ်။
(၃) ကြင်နာမှုရှိခြင်း
Source : Alamy
မိန်းကလေးတွေဟာ ကိုယ်ချစ်သူရဲ့ ကြင်ကြင်နာနာဆက်ဆံမှု နွေးထွေးစွာပြောဆိုဆက်ဆံမှုတို့ကို အလွန်ပဲနှစ်သက်ခုန်မင်ကြပါတယ်။ စကားပြောဆိုတဲ့အခါ ကြင်ကြင်နာနာပြောဆိုတာ နှစ်ယောက်တွေ့ဆုံတဲ့အခါ ကြင်ကြင်နာနာဂရုစိုက်ဆက်ဆံတာမျိုးလိုချင်ကြတာပါ။ဒါကြောင့် သူတို့ရဲ့ချစ်သူကောင်လေးတွေကို ကြင်နာတက်တဲ့ နှလုံးသားလေးပိုင်ဆိုင်ထားစေချင်ကြပါတယ်။
(၄) ဦးဆောင်နိုင်ခြင်း
Source : istock
မိန်းကလေးတွေဟာ အချစ်ရေးမှာတော့ ကိုယ့်ကိုဦးဆောင်နိုင်တဲ့လူမျိုးကိုပဲ လိုချင်ကြတာပါ။ သူတို့ကိုပြန်ရှေ့တန်းတင်ပြီး နောက်ကနေလိုက်မယ့်ယောကျာ်းမုျိုးကိုတာ့ မလိုချင်ကြပါဘူး။ အသေအမွှားကိစ္စလေးတွေကအစ ဦးစီးဦးဆောင်နိုင်ပြီး သူတို့ကိုလမ်းညွှန်ပြနိုင်တဲ့ ယောကျာ်းလေးမျိုးကိုပဲ အားကိုးအားထားပြုချင်ကြတာပါ။ဒါကြောင့် ဦးဆောင်နိုင်တဲ့အရည်အချင်းလေးလည်းရှိဈေင်ကြပါတယ်။