မုတ်ဆိတ်ရိတ်တဲ့ကိစ္စက သိပ်ကြီးကြီးကျယ်ကျယ် မဟုတ်ပေမယ့် Grooming ဆိုတာကလည်း တစ်ကိုယ်ရည်သန့်ရှင်းကျန်းမာရေးနဲ့ လှလှပပနေထိုင်ရေးမှာ အရေးကြီးတာပဲ မလား။ ဒီတော့ မုတ်ဆိတ်ရိတ်ရင်လည်း သိသင့်တာလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) မုတ်ဆိတ်ရိတ်မှာလား ၊ ညှိမှာ/တိမှာ လား

Photo: Freepik

အရင်ဆုံး စဉ်းစားရမှာက မုတ်ဆိတ်တွေအကုန် ပြောင်အောင် ရိတ်မှာလား။ ဒါမှမဟုတ် Trimming လုပ်ရုံပဲလား ဆိုတာပါပဲ။ Trim ဖို့ဆိုရင် ရေမချိုးခင် ၊ ရေမစိုခင် ပါးတာက အကောင်းဆုံးပါပဲ။ ပုံစံလည်း ပိုကျသလို မလိုအပ်ဘဲ ပိုမညှပ်မိအောင်လည်း ဂရုပြုနိုင်လို့ပါ။

(၂) ဘယ်လို ဘရိတ်ဓါး သုံးမှာလဲ

Photo: Freepik

Razors ကလည်း မုတ်ဆိတ်နဲ့ အသားအရေပေါ် လိုက်ပြီး အမျိုးမျိုး ကွဲပြားပါတယ်။ သင်တုန်းဓါးလို Straight Razor လား ၊ စိတ်ချရတဲ့ Safety Razor လား ၊ တစ်ခါသုံးပြီး စွန့်ပစ်လို့ ရတဲ့ Disposable Razor လား။ Disposable ဆိုရင် ရေနွေးနွေးလေးနဲ့ ချိုးပြီးမှ သုံးတာ ပိုကောင်းပါတယ်။ လျှပ်စစ် Razor တွေကတော့ အခြောက်ရိတ်တာရော အစိုရိတ်တာရော နှစ်မျိုးစလုံး သုံးလို့ အဆင်ပြေပါတယ်။

(၃) ခန္ဓာကိုယ်ရဲ့ ဘယ်အပိုင်းကို ရိတ်မှာလဲ

Photo: Freepik

များသောအားဖြင့် Shaving ဆိုရင် နှုတ်ခမ်းမွေး ၊ မုတ်ဆိတ်မွေး ရိတ်တာက အဓိကပါပဲ။ တချို့လည်း ချိုင်းနဲ့ မမြင်ကွယ်ရာက အမွေးအမှင်တွေလည်း ရိတ်ကြပါတယ်။ ရိတ်မယ့်နေရာပေါ် လိုက်ပြီး Razor ပြောင်းပြီး သုံးပေးဖို့ လိုပါတယ်။

(၄) ကိုယ့်အမွေးအမှင်နဲ့ အသားအရေအမျိုးအစားက ဘာလဲ

Photo: Freepik

ပုံမှန်အားဖြင့် Shaving လုပ်မယ်ဆိုရင် မွေးညှင်းပေါက်လေးတွေ ပွင့်ပြီး ဆံသားလေးတွေ ပျော့သွားအောင် ရေအရင် ချိုးရပါတယ်။ ဒါပေမဲ့ လူတိုင်းက အသားအရေ အမျိုးအစားနဲ့ အမွေးအမှင်ပုံစံချည်းလည်း တူတာ မဟုတ်ပါဘူး။ တချို့သူတွေရဲ့ Skin နဲ့ Hair ဟာ Soft ဖြစ်လို့ သိပ်ပြီး Shower ပေးစရာ မလိုပါဘူး။