သေးငယ်တဲ့ အောင်ပွဲလေးတွေဟာ ကြီးမားတဲ့ အောင်မြင်မှုခရီးဆီ သွားတဲ့ မိုင်တိုင်ပြမှတ်တိုင်တွေပါပဲ။ လူအတော်များများကတော့ မယ်မယ်ရရမဟုတ်တဲ့ အောင်မြင်မှုမျိုးမှာ ဂုဏ်မယူဖို့ ပြောလေ့ရှိပါတယ်။ ဒါပေမယ့်လည်း အသေးစားအောင်မြင်မှုလေးတွေကို အသိအမှတ်ပြုတာဟာ အကြီးစားအိပ်မက်တွေ တကယ်ဖြစ်ဖို့အတွက် အားဆေးတစ်ခွက်ချင်း သောက်သုံးနေတာနဲ့ တူပါတယ်။

Small Victories ‌လေးတွေ ဖြတ်သန်းပြီးတိုင်း ကိုယ့်ကိုယ်ကိုယ် ဘာကြောင့်ဂုဏ်ပြုသင့်သလဲဆိုတော့ –

(၁) စိတ်ခွန်အား ပိုဖြစ်စေတယ်

Boxing Fighter

Photo: Unsplash

အသိအမှတ်ပြုခံရမှုဆိုတာ လူမှာ အရေးကြီးဆုံး လိုအင်ထဲက တစ်ခုဖြစ်ပါတယ်။ ကိုယ့်ကြိုးစားမှုရဲ့ ရလဒ်ကို ကိုယ်တိုင် အသိအမှတ်မပြုရင် ဘယ်လိုလုပ်ပြီး ရှေ့ဆက်ဖို့ ခွန်အားတွေ ရလာပါ့မလဲ။ အသေးစားအောင်မြင်မှု ပန်းတိုင်တိုလေးတွေကို ဖြတ်ကျော်ပြီးတိုင်း “အခုလို ခက်ခဲတဲ့အခြေအနေကို ရဲရဲရင့်ရင့် ဖြတ်ကျော်နိုင်ခဲ့တာအတွက် ငါကိုယ့်ငါ ဂုဏ်ယူတယ်။”လို့ ပြောပေးသင့်သလို ဂုဏ်ပြုတဲ့အနေနဲ့ လက်ဆောင်တစ်ခုခု ဝယ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ဆုချသင့်ပါတယ်။

(၂) ပိုပြီး ဖွံ့ဖြိုးတိုးတက်လာစေတယ်

Man Jumping

Photo: Unsplash

အောင်မြင်မှုအငယ်စားလေးတွေကို သိအောင်ဖော်ထုတ်ခြင်းအားဖြင့် ကိုယ်တိုင် ဘယ်လောက်ခရီးရောက်ခဲ့ပြီလဲ သိနိုင်သလို ဘယ်အပိုင်းတွေတော့ သင်ယူပြီးလို့ ဘယ်လို အရာတွေ သင်ဖို့ ကျန်သေးလဲ ပြန်ပြီး Track လုပ်နိုင်ပါတယ်။ Lifestyle သစ်တစ်ခုခု ပြောင်းတာပဲ ဖြစ်ဖြစ် ၊ အလေ့အထကောင်းတစ်ခုခု မွေးယူတာ ၊ အတတ်ပညာတစ်ခုခု သင်ယူတာ စသည်ဖြင့် တိုးတက်ဖို့ လုပ်သမျှ ကိစ္စတွေမှာ အဆင့်တစ်ဆင့် ‌ရောက်သွားချိန်တိုင်း ကိုယ့်ရဲ့ တာသွားမှုကို သိအောင်လုပ်တာဟာ Personal နဲ့ Profession ဖွံ့ဖြိုးမှုကို ပိုအားကောင်းစေမှာ အမှန်ပါပဲ။

(၃) ကိုယ့်ကိုယ်ကိုယ် ပိုချစ်လာစေတယ်

Hand and Fist

Photo: Unsplash

Self-Love ဆိုတာ သင့်ကိုယ်သင် ပြန်မြှပ်နှံမှုတွေထဲက အကြီးကျယ်ဆုံး ရင်းနှီးမြှပ်နှံမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တယ်ဆိုတာ ကိုယ့်တိုးတက်ရေးအတွက် အမြဲရှေးရှုတာ ၊ ကောင်းမွန်တဲ့လမ်းကြောင်းပေါ် ကိုယ့်ကိုယ်ကိုယ် အမြဲတွန်းတင်တာ နဲ့ ကိုယ်နေရသမျှ အချိန်လေးကို အကျိုးရှိရှိ အသုံးချတာမျိုး ဖြစ်ပါတယ်။ သေးသေးလေး ဖြစ်ပါစေ အောင်မြင်မှုရလာတဲ့အခါ အဲ့ဒီအောင်မြင်မှုကို အသိအမှတ်ပြုခြင်းအားဖြင့် Self-Love ဓလေ့ကို ပိုအားကောင်းခိုင်မာလာစေမှာပါ။

(၄) ပျော်ရွှင်ရတယ်

Man Cheering

Photo: Unsplash

ပျော်ရွှင်မှု ၊ စိတ်ချမ်းသာခြင်းနဲ့ လူ့အဓိပ္ပါယ်ဆိုတာ ကိုယ်လုပ်နေတဲ့အလုပ်နဲ့ တိုက်ရိုက်ဆက်စပ်နေတတ်ပါတယ်။ ကိုယ့်အတွက် အဓိပ္ပါယ်ရှိတဲ့ပန်းတိုင်တစ်ခုဆီ သွားရာမှာ ပျော်ရွှင်မှုကိုပါ တစ်ပါတည်း ယူဆောင်သွားဖို့ လိုပါတယ်။ ပျော်ရွှင်နိုင်ဖို့ဆို ကိုယ့်အလုပ်က ထွက်လာတဲ့ ရလဒ်ကို သိမြင်မှုလည်း ပါပါတယ်။ ပန်းတိုင်ဆီ အရောက်သွားရင်း ရလာတဲ့ အောင်မြင်မှုအငယ်စားလေးတွေက ကိုယ့်ကို ပျော်ရွှင်စေတဲ့အပြင် တစ်ရက်ထက်တစ်ရက် အဓိပ္ပါယ်ပိုရှိတယ်လို့လည်း ခံစားရစေမှာပါ။

Featured Photo: Askmen