သိချင်စိတ်ဟာ ပါရမီရှင်တွေမှာ တွေ့ရတဲ့ ဗီဇစရိုက်တွေထဲက တစ်ခုပါပဲ။ သောမတ်စ်အယ်ဒီဆန် ၊ လီယိုနာဒို ဒါဗင်ချီ ၊ အဲလ်ဘတ်အိုင်စတိုင်း ၊ ရစ်ချတ်ဖိန်းမန်းတို့အားလုံးဟာ စူးစမ်းချင်တဲ့စရိုက် မြင့်မားတဲ့ ပါရမီရှင်တွေပဲ ဖြစ်ပါတယ်။ ဘာကြောင့် စူးစမ်းချင်တဲ့စိတ်က အရေးကြီးသလဲလို့ ပြောရင် အချက် ၄ ချက်နဲ့ ပြောလို့ ရပါတယ်။

(၁) စိတ်ကို တက်ကြွထက်သန်စေတယ်

Photo: Freepik

သိချင်စိတ်ဟာ အမြဲမေးခွန်းတွေ မေးပါတယ်။ မေးခွန်းအတွက် အဖြေကို ရှာဖို့ စိတ်ကိုလှုံ့ဆော်နေပါတယ်။ ဒီလိုနဲ့ စိတ်ဟာ နိုးကြားထက်သန်လာပြီး လေ့ကျင့်ခန်းလုပ်သလို တက်ကြွသန်မာလာစေနိုင်ပါတယ်။

(၂) အိုင်ဒီယာသစ်တွေ ရှာဖွေစေတယ်

Photo: Freepik

အောင်မြင်တိုးတက်ဖို့ဆိုရင် ဆန်းသစ်ထူးခြားတဲ့ အိုင်ဒီယာတွေ လိုပါတယ်။ စူးစမ်းတဲ့စိတ်ကို အိုင်ဒီယာသစ်တွေ ဖော်ထုတ်ပေးနိုင်တဲ့ အကြောင်းရင်းပါပဲ။ လေ့လာချင်စိတ်မရှိရင် စိတ်ကူးသစ်တွေ ဖြစ်လာမှာ မဟုတ်ပါဘူး။

(၃) လောကသစ်ကို ဖွင့်ပေးတယ်

Photo: Freepik

သာမန်အားဖြင့် မမြင်သာတဲ့ အခွင့်အလမ်းတွေဟာ စူးစမ်းမှုကြောင့် အကောင်အထည်ပေါ်လာပါတယ်။ အရာရာကို သိချင်တဲ့စိတ်ဟာ အတွေးအခေါ်တံခါးတွေကို ဖွင့်ပေးနိုင်တဲ့ သော့တစ်ချောင်း ဖြစ်ပြီး ကမ္ဘာလောကသစ်တစ်ခုဆီ ဦးတည်ပေးနိုင်ပါတယ်။

(၄) စိတ်လှုပ်ရှားမှုတွေ ယူလာပေးတယ်

Photo: Freepik

တစ်ခုခုကို သိချင်နေတဲ့အချိန်မှာ ဖြစ်နေတဲ့စိတ်အခြေအနေကို သတိထားကြည့်ပါ။ စိတ်ဟာ ထူးထူးခြားခြား ထက်သန်မှုရှိနေပါတယ်။ စွန့်စားခန်းတစ်ခု ဖွင့်ရသလို ထက်သန်မှုအပြည့် ရှိပါတယ်။ ဒါကပဲ ဘဝရဲ့ ရှင်သန်မှုပုံစံကို သက်ဝင်လှုပ်ရှားစေတာ ဖြစ်ပါတယ်။