Candy ရေခဲမုန့် နှင့်ကိတ်မုန့်ကဲ့သို့သော ချိုတဲ့အစားအစာတွေ လူအများစု ကြိုက်နှစ်သက်ကြတာငြင်းလို့မရနိုင်ပါဘူး။ သို့ပေမယ့်လည်း သကြားဓာတ်ပါဝင်မှုနှုန်းများတဲ့ အစားအစာတွေဟာ ရေရှည်မှာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ဆိုးဆိုးရွှားရွှားထိခိုက်စေတဲ့ တရားခံဖြစ်ပါတယ်။ ဒီနေ့မှာတော့ အချိုကြိုက်သူတွေသတိထားသင့်တဲ့ သကြားစားသုံးမှုများခြင်းရဲ့ အန္တရာယ်များအကြောင်းကို မျှဝေပေးချင်ပါတယ်။

ကျန်းမာရေးနှင့်ညီညွှတ်တဲ့အစားအစာတွေဟာ သင့်ရဲ့စိတ်နဲ့ ခန္ဓာကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုတွေရှိပါတယ်။ ဒါပေမယ့် ဒီလိုအစားအစာတွေထဲမှာတော့ သကြားပါဝင်မနေတာကို သတိပြုရပါမယ်။ သကြားဓာတ်ပါဝင်မှုများတဲ့အစားအစာတွေနဲ့ ပြုပြင်ထားတဲ့အစားအစာတွေဟာ စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါဖြစ်နိုင်ချေပိုများပါတယ်။ ဒါကြောင့်သကြားဓာတ်ပါဝင်များတဲ့ အစားအစာနှင့်သောက်စရာဖျော်ရည်တွေကို အတက်နိုင်ဆုံးရှောင်သင့်ပါတယ်။

man holds two tasty cakes, cannot make choice what to eat,

Source : Freepik

ကမ္ဘာတဝှမ်းအဝလွန်နှုန်းမြင့်တက်လာခြင်းရဲ့ အဓိကတရားကိုပြောပါဆိုရင် သကြားဓာတ်ပါဝင်မှုနှုန်းများတဲ့ အစားအစားတွေနဲ့ အဖျော်ယမကာတွေက ထိပ်ဆုံးကပါဝင်နေပါတယ်။ အချိုရည် ဆိုဒါနှင့် သကြားဓာတ်များတဲ့အစားအစာတွေဟာ ကိုယ်အလေးချိန်ကိုတိုးစေတဲ့အပြင် နောက်ဆက်တွဲဆိုးကျိုးများအနေနဲ့ ဆီးချို နှလုံးနှင့် အသည်းအဆီဖုံးခြင်းကဲ့သို့သော ကြောက်စရာကောင်းတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်ပေါ်စေနိုင်ပါတယ်။

သကြားဓာတ်များစွာစားသုံးခြင်းက နှလုံးကျန်းမာရေးကိုဆိုးရွှားစွာထိခိုက်စေနိုင်ပါတယ်။ သက်သေအထောက်အထားများအရ သကြားဓာတ်များများစားသုံးခြင်းကြောင့်ြုဖစ်ပေါ်လာတဲ့ အဝလွန်ခြင်း ကိုယ်လက်အင်္ဂါများရောင်ရမ်းနာကျင်ခြင်း သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်း သွေးပေါင်ချိန်တက်ခြင်း စတာတွေဟာ နှလုံးရောဂါနဲ့ ဆက်စပ်နေတဲ့ လက္ခဏာရပ်တွေဖြစ်ပါတယ်။

Man eating donut on breakfast at kitchen at home

Source : Freepik

သကြားဓာတ်နှင့်ခန္ဓာကိုယ်တွင်းရှိပရိုတင်းဓာတ်တွေပေါင်းစပ်ခြင်းကနေ ဖြစ်ပေါ်လာတဲ့ AGE လို့ခေါ်တဲ့ ဒြပ်ပေါင်းတွေဟာ အသားအရေအိုမင်းရင့်ရော်ခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။ ၎င်းကအသားအရေးကျန်းမာရေးနှင့် နုပျိုခြင်းတွေကိုထိန်းသိမ်းထားပေးတဲ့ ကော်လဂျင်နှင့်အီလက်စ်နင်တို့ကို ပျက်စီးစေပါတယ်။ ထိုအခါအရွှယ်မတိုင်မှီအိုမင်းရင့်ရော်ခြင်း ရုပ်ရည်ရင့်ခြင်းတို့ဖြစ်စေတာဖြစ်ပါတယ်။

ဒါတင်ပဲလားဆိုတော့မဟုတ်ပါဘူး။ သကြားစားသုံးမှုများခြင်းက ဆီးချို ကျောက်ကပ် သွားနှင့်ခံတွင်း ဂေါက်ရောဂါ သိမြင်မှုကျဆင်းခြင်း အားအင်ကုန်ခမ်းခြင်း နှင့် ကင်ဆာရောဂါကဲ့သို့ ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိတဲ့ ကျန်းမားရေးပြဿနာတွေများစွာဖြစ်လာနိုင်ပါတယ်။