မိန်းကလေးအများစုဟာ သူတို့ရဲ့လက်တွဲဖော်အဖြစ်ရွေးချယ်တော့မယ်ဆိုရင် အရင်ဆုံးအရည်အချင်းစစ်ကြပါတယ်။ အကယ်၍ အခုပြောပြမယ့် ပုံစံတွေနဲ့သာ ကိုက်ညီနေရင်တော့ ဘယ်လောက်ရုပ်ချောတဲ့ ကောင်လေးဖြစ်နေပါစေ ရွေးချယ်ဖို့ စဉ်းစားကြမှာမဟုတ်ပါဘူး။ကဲဒါဆို မိန်းကလေးတွေ မကြိုက်တဲ့အကျင့်စရိုက်ပုံစံတွေက ဘယ်လိုလဲလေ့လာကြည့်လိုက်ရအောင်။

(၁) ရည်မှန်းချက်မရှိခြင်း

Source : Shutterstock

တကယ်တော့ မိန်းကလေးတွေဟာ ကြွယ်ဝချမ်းသာတဲ့ အမျိုးသားတွေကို လိုချင်ကြတာမဟုတ်ပါဘူး။ ချမ်းသာခြင်းထက် အဓိကဘဝမှာရည်မှန်းချက်ရှိရှိနဲ့ အနာဂတ်အိပ်မက်တွေကိုအကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေတဲ့ အမျိုးသားတွေကိုပိုပြီးနှစ်သက်ကြတာဖြစ်ပါတယ်။ ရည်မှန်းချက်မရှိ ဘဝအနာဂတ်လည်းမရှိတဲ့သူတွေကိုတော့ စဉ်းစားမှာမဟုတ်ပါဘူး။

(၂) ဖောက်ပြန်တက်ခြင်း

Source : Shutterstock

မိန်းကလေးတွေဟာ သစ္စာတရားကို အသက်ထပ်ပိုပြီးမြတ်နိုးခုံမင်ကြတာဖြစ်ပါတယ်။ ကိုယ့်လက်တွဲဖော်က ကိုယ်အပေါ်သစ္စာဖောက်သွားတာကိုအမုန်းဆုံးပါ။ ဒါကြောင့်ဖောက်ပြန်ခြင်းနှင့် အသားကျနေတဲ့သူတွေ မိန်းကလေးတွေနဲ့ ပရောပရည်နေတက်သူတွေ သစ္စာတရားကိုတန်ဖိုးမထားသူတွေကို လုံးဝလုံးဝလက်ရှောင်လေ့ရှိကြပါတယ်။

(၃) ဒေါသစိတ်မထိန်းချုပ်နိုင်ခြင်း

Source : Shutterstock

မိန်းကလေးတွေဟာ ကြင်ကြင်နာနာနဲ့ နွေးထွေးတဲ့ပြောဆိုဆက်ဆံခြင်းတွေကိုပဲ လိုချင်ကြတာပါ။ ရက်စက်ကြမ်းကြုတ်တဲ့အပြုအမူတွေ ဆဲဆိုသံတွေ လက်ပါခြေပါခြင်းတွေနဲ့ ဒေါသစိတ်ထိန်းချုပ်မနိုင်တဲ့လူတွေကို ရေရှည်လက်တွဲရမှာကြောက်ကြပါတယ်။ ဒေါသစိတ်ကိုမထိန်းချုပ်နိုင်ရင်တော့ နှုတ်ဆက်လမ်းခွဲခြင်းတွေအတွက် သူမဘက်ကပြင်ဆင်ထားပါလိမ့်မယ်။

(၄) အာဏာရှင်ဆန်ခြင်း

Source : Shutterstock

မိန်းကလေးတွေဟာ တန်းတူညီမျှဆက်ဆံခြင်းကို လိုလားကြပါတယ်။ ငါကယောကျာ်းမလို အိမ်ထောင်ဦးစီးဖြစ်လို့ဆိုတဲ့ တလွဲခံယူချက်တွေနဲ့ အထက်စီးကဆက်ဆံချင်တာ အာဏာရှင်ဆန်တာမျိုးတွေကို လုံးဝမကြိုက်ကြပါဘူး။ ဘယ်အရာမဆိုနှစ်ဦးသားတိုင်တိုင်ပင်ပင်နဲ့ ညှိညှိနှိုင်းလုပ်ဆောင်ရတာမျိုးကိုလိုလားတာပါ။ အာဏာရှင်ဆန်စွာနဲ့ လုပ်ပိုင်ခွင့်တွေသတ်မှတ်ထားတဲ့သူတွေကို လက်ရှောင်ကြတာသေချာပါတယ်။