ယနေ့ခေတ်မှာ စမတ်ဖုန်းတွေက လူတွေရဲ့နေ့စဉ်ဘဝကို ကြီးစိုးထားတဲ့အရာတစ်ခုဖြစ်လာပါတယ်။မနက်မိုးလင်းလို့အိပ်ယာနိုးချိန်မှ စတင်ပြီး ညဘက်အိပ်ယာပြန်ဝင်တဲ့အထိ စမတ်ဖုန်းတွေကို စွဲစွဲမြဲမြဲအသုံးပြုနေကြတာဖြစ်ပါတယ်။ ခေတ်သစ်နည်းပညာပစ္စည်းတွေကိုအသုံးပြုပြီး ကိုယ့်ဘဝအတွက် အကျိုးရှိတဲ့လုပ်ငန်းဆောင်တာတွေအများကြီးကို လုပ်ဆောင်နိုင်တယ်ဆိုပေမယ့် မှားယွင်းတဲ့နည်းလမ်းတွေနဲ့ အလွန်အကျွံအသုံးပြုမိလာမယ်ဆိုရင်တော့ ကြောက်ဖို့ကောင်းတဲ့ အန္တရာယ်တွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။

(၁) မတော်တဆမှုတွေဖြစ်ပွားနိုင်ခြင်း

Source : InterTaller

ယနေ့ခေတ်မှာ စမတ်ဖုန်းအသုံးပြုခြင်းကြောင့် မတော်တဆမှုတွေဖြစ်ပွားမှုနှုန်းတွေ အဆမတန်မြင့်တက်လာပါတယ်။ စမတ်ဖုန်းတွေထဲအာရုံရောက်နေတဲ့အချိန်မှာ ဘေးပတ်ဝန်းကျင်ကိုသတိမထားမိတော့ပဲ မလိုလားအပ်တဲ့ မတော်တဆမှုတွေဖြစ်ပွားနေကြရတာဖြစ်ပါတယ်။ ဥပမာလမ်းသွားရင် ဖုန်းသုံးခြင်း စက်တပ်ယာဉ်တွေမောင်းနှင်နေစဉ်ဖုန်းပြောခြင်း စာရိုက်ခြင်း စတဲ့လုပ်ရပ်တွေကြောင့် ကမ္ဘာပေါ်မှာ ယာဉ်မတော်တဆမှုပေါင်း ၁သိန်း၆သောင်းကျော်ဖြစ်ပွားလျက်ရှိပြီး နေ့စဉ်လူပေါင်း သုံးသိန်းခန့် ထိခိုက်ဒဏ်ရာရရှိနေကြပါတယ်။

(၂) ကျန်းမာရေးဆိုးရွှားစွာထိခိုက်ခြင်း

Source : Health Essentials

စမတ်ဖုန်းအလွန်အကျွံအသုံးပြုခြင်းဟာ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ မကောင်းတဲ့အကျိုးသက်ရောက်မှုတွေများစွာရှိစေသလို ကျန်းမာရေးကိုလည်း ဆိုးဆိုးရွှားရွှားထိခိုက်စေပါတယ်။ အချိန်ကြာကြာ ဖုန်း Screen ကိုကြည့်နေခြင်းအားဖြင့် လည်ပင်းနဲ့ ကျောရိုးကြွက်သားတွေကို ထိခိုက်ပျက်စီးစေပြီး ကိုယ်နေဟန်အထားကိုလည်း ပျက်စီးလျော့ပါးစေပါတယ်။ ဒါ့အပြင် မျက်လုံးပျက်စီးခြင်း ခေါင်းကိုင်ခြင်း ကိုယ်အလေးချိန်တက်ခြင်း စတဲ့ပြဿနာတွေအပြင် စိတ်ကျရောဂါကိုလည်းဖြစ်ပေါ်စေနိုင်မှာဖြစ်ပါတယ်။

(၃) အိပ်မပျော်တဲ့ဝေဒနာခံစားရခြင်း

Source : Chennai Memes

လူအများစု ညဘက်အိပ်မပျော်တဲ့အချိန်တွေဆိုရင် စမတ်ဖုန်းတွေကိုအသုံးပြုမိတက်ကြပါတယ်။တကယ်တော့ အိပ်ယာထဲမှာဖုန်းသုံးတာဟာ အိပ်ပျော်ဖို့ ပိုခက်ခဲစေတဲ့အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။စမတ်ဖုန်းတွေက ထွက်တဲ့အလင်းတန်းတွေဟာ ဦးနှောက်ကိုတက်ကြွနိုးကြားစေဖို့ လှုံဆော်ပေးပြီး အိပ်စက်ခြင်းဆိုင်ရာ Melatonin ဟော်မုန်းထုတ်လွတ်မှုကို အနှောက်ယှက်ဖြစ်စေကာ အိပ်ပျော်ရခက်တဲ့ ဝေဒနာကို ရက်ရှည်လှများ ခံစားရစေမှာဖြစ်ပါတယ်။

(၄) ပတ်ဝန်းကျင်နဲ့ အဆက်သွယ်ပြတ်ခြင်း

Source : Sciencepost

စမတ်ဖုန်းတွေနဲ့ ဆိုရှယ်မီဒီယာတွေဟာ လူမှုပတ်ဝန်းကျင်နဲ့ အဆက်သွယ်မပြတ်ရှိစေပြီး ပေါင်းသင်းဆက်ဆံရေးအတွက် ပေါင်းကူးတံတားတစ်ခုဖြစ်တယ်လို့ ဆိုနိုင်ပေမယ့် တကယ့်လက်တွေ့ဘဝနဲ့ တော့ မတူပါဘူး။ ဖုန်းတွေပေါ်မှာပဲ ကိုယ့်ကိုယ်ကိုနစ်မြုပ်ထားတဲ့အခါ အချိန်ကြာတာနဲ့ အမျှ တကယ့်လက်တွေ့ဘဝက လူတွေကြားသွားဖို့ကြောက်ရွံ့လာပြီး ပြင်ပလူမှု့ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ အဆက်သွယ်ပြတ်လာစေမှာဖြစ်ပါတယ်။