အမျိုးသားတော်တော်များများဟာ တီရှပ်သာ တစ်လ တစ်ထည် ဝယ်မယ်။ အောက်ခံဘောင်းဘီ Underwear တော့ အသစ်မဝယ် ဖြစ်တာ များပါတယ်။ တကယ်တော့ အောက်ခံဘောင်းဘီဟာ သင့်ကို မမြင်ကွယ်ရာကနေ ကျန်းမာရေးနဲ့ ချမ်းသာရေး ဆောင်ပေးနေတဲ့ အရာပါ။

ကျွန်တော်တို့ အနှစ်သက်ဆုံး ဝတ်စုံတွေလိုပဲ အောက်ခံဘောင်းဘီတွေလည်း စုတ်ပြဲပြီး အသစ်လဲရမယ့် အချိန်ဆိုတာ ရှိပါတယ်။ အခုပြောမယ့် လက္ခဏာတွေ ပြနေပြီဆိုရင် သင့်အနေနဲ့ အောက်ခံဘောင်းဘီသစ်ကို မဖြစ်မနေ ဝယ်ဖို့ လိုနေပြီ ဆိုတာပါပဲ။

(၁) ဘောင်းဘီကြိုး စုတ်ပြဲ လျော့ရဲလာနေတယ်

Photo: thewirecutter

အောက်ခံဘောင်းဘီဟောင်းတွေရဲ့ အကြီးဆုံး ပြဿနာတစ်ခုက မျှော့ကြိုးတွေ သေလာပြီး ဘောင်းဘီက ချောင်လာတာပါ။ များသောအားဖြင့် ဘောင်းဘီခါးကြိုး ပျက်လာပြီဆိုရင် မစုတ်ပြဲရင်တောင် ဝတ်ရတာ ပွပွကြီးနဲ့ အဆင်မပြေ ဖြစ်လာတာပါပဲ။

အကြံပေးချင်တာက သင့်Underwear ဟာ ခဏခဏ ချောင်လာပြီး ခါးမှာ မမြဲချင်သလို ဖြစ်လြာပြီဆိုရင် အသစ်သာ ဝယ်ဖို့ ပြောချင်ပါတယ်။

(၂) ခါးဆိုဒ်ပြောင်းလာတယ်

Photo: bustle

သင့်ရဲ့ ခန္ဓာကိုယ်ဟာ အမြဲတမ်း တစ်ဆိုဒ်တည်းတော့ ဘယ်ဟုတ်မလဲ။ တကယ်တော့ Underwear ဆိုတာ ဘယ်အချိန်ဝတ်ဝတ် သက်တောင့်သက်သာ ဖြစ်ဖို့ လိုပါတယ်။ သင့်ဘာသာ Gym ကစားလို့ပဲ ဖြစ်ဖြစ် အစားအသောက် သောင်းကြမ်းပြီး ဝိတ်တက်လာလို့ပဲ ဖြစ်ဖြစ် ခါးဆိုဒ်ပြောင်းတာက အရေးမကြီးပါဘူး။ အရေးကြီးတာ သင်နဲ့ အမြဲထိတွေ့နေရမယ့် အောက်ခံဘောင်းဘီက သက်တောင့်သက်သာ ရှိဖို့ပါပဲ။

(၃) ဟိုနားဒီနားက ပေါက်လာတယ်

Photo: thedistilledman

အမျိုးအစား ဘယ်လောက်ကောင်းတဲ့ Underwear ပဲ ဖြစ်ဖြစ် အချိန်တန်ရင် ဟိုနား ဒီနားက ပေါက်တာ ပြဲတာတွေ ဖြစ်လာပါလိမ့်မယ်။ ဆပ်ပြာပြောင်စင်အောင် မလျှော်တဲ့ သူတွေမှာဆို ချည်သားတွေ ရိလွယ် လာမှာပါ။ ပေါက်ပြဲနေတဲ့ အောက်ခံဘောင်းဘီဝတ်တာဟာ အိတ်ပေါက်နဲ့ ဖားကောက်သလို နေပါလိမ့်မယ်။

(၄) အနံ့အသက် မကောင်းတော့ဘူး

Photo: Business Insider

ဂရုမစိုက်ရင် အောက်ခံဘောင်းဘီက ခြေအိတ်ထက် အနံ့ပိုဆိုးပါတယ်။ ဒါဟာ ကျန်းမာရေးပြဿနာလည်း ဖြစ်ပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေး နည်းတဲ့သူတွေဆိုရင် အနည်းဆုံး တစ်လကို အောက်ခံဘောင်းဘီတစ်ထည် ပုံမှန်အသစ် ဝယ်ဖို့တောင် အကြံပေးချင်ပါတယ်။