Relationship တစ်ခုရဲ့ အစဟာ သိပ်ကိုပျော်ရွှင်ကြည်နူးဖို့ကောင်းတဲ့အချိန်ပါ။ဒါပေမယ့်အချိန်ကြာလာတာနဲ့ အမျှ အမြင်လွဲမှားမှုတွေ နားလည်မှုလွဲတာတွေနဲ့ တစ်ယောက်အပေါ်တစ်ယောက် အဆိပ်ပင်စိုက်ပျိုးသလိုဖြစ်လာတက်ပါတယ်။ အချိန်မှီအဆိပ်တောက်တွေကို မဖယ်ရှားနိုင်ရင်တော့ အကျိုးဆက်က လမ်းခွဲခြင်းမှ တပါးတခြားမရှိနိုင်ပါဘူး။

(၁) လျစ်လျူရှု့လာမယ်

Source : WeddingWire

Relationship တိုင်းမှာ ပျော်ရွှင်ရတဲ့အချိန်တွေရှိသလို ရန်ဖြစ်တဲ့အချိန်တွေလည်းရှိပါတယ်။ သာမာန်အတိုင်းဆိုရင် ရန်ဖြစ်ပေမယ့်လည်း ပြန်အဆင်ပြေကြစမြဲပါ။ ဒါပေမယ့် အရင်လိုတစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ငြင်းခုန်ရမယ့်အစား စိတ်ပျက်အားလျော့စွာနဲ့ လျစ်လျူရှု့လာမယ်ဆိုရင်တော့ ဒီ Relationship အပေါ်လက်မြောက်အရှုံးပေးဖို့ စတင်နေပြီဆိုတဲ့ လက္ခဏာဖြစ်ပါတယ်။

(၂) အပေါ်ယံပဲဆက်ဆံလာမယ်

Source : Divorced

ချစ်သူရယ်လို့ ဖြစ်လာရင် စွယ်တော်ရွှက်လို နှစ်လွှာပေါင်းမှ တစ်ရွှက်ဖြစ်လာတက်တာမျိုးပါ။ ပျော်ရွှင်ရလည်းအတူတူ စိတ်ညစ်ရလည်းအတူတူပေ့ါ။ စကားလုံးတိုင်းကလည်း ရင်ထဲကလာတာကြောင့် လေးနက်ပြီးနွေးထွေးနေမှာဖြစ်ပါတယ်။ဒါပေမယ့် အဆိပ်တွေရှိနေပြီဆိုရင် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်တစ်ယောက်ကိုတစ်ယောက် အပေါ်ယံပဲဆက်ဆံလာမယ်။ တုန့်ပြန့်မှုတွေက အရင်လိုမနွေးထွေးတော့ပဲ အေးစက်စက်ဖြစ်လာမှာပါ။

(၃) လူကြားထဲလည်းအရှက်ရစေမယ်

Source : Elite Readers

ချစ်သူနှစ်ဦးအဆင်မပြေတာရှိရင်နှစ်ယောက်တည်းပဲ အေးဆေးညှိနှိုင်းဖြေရှင်းသင့်တာပါ။ ဒါပေမယ့် တစ်ယောက်ကိုတစ်ယောက် အငြိုးအတေးတွေ အဆိပ်တွေများလာရင်တော့ ပတ်ဝန်းကျင်ကိုလည်း သိပ်ပြီးဂရုစိုက်တော့မှာမဟုတ်ပါဘူး။ လူကြားထဲလည်း စိတ်ထဲရှိတဲ့အတိုင်း အော်ဟစ်လာမယ် ကြမ်းတမ်းတဲ့အပြုအမူတွေနဲ့ စကားလုံးတွေကိုပြောဆိုလာမိမှာပါ။ ဒါဟာသင့်တို့အချစ်ရေးမှာ တကယ့်ကို အဆိပ်အတောက်တွေနဲ့ ပြည့်နေပြီဆိုတာ ပြနေတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။

(၄) စိတ်ညစ်ရတဲ့အချိန်တွေများလာမယ်

Source : MadameNoire

Relationship မှာ အဆိပ်အတောက်တွေဖြစ်လာပြီဆိုရင် တစ်ယောက်ကိုတစ်ယောက် ရန်လိုမှုတွေ အမြင်မကြည်မှုတွေ အပြစ်တင်မှုတွေကလည်းများလာမှာဖြစ်ပါတယ်။ အချိန်တော်တော်များများ ပြဿနာတွေထဲမှာပဲ နစ်မွန်းနေပြီး စိတ်ညစ်ရတဲ့နေ့တွေကြောင့် တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းမဆိုင်ချင်လောက်အောင်ဖြစ်လာပါလိမ့်မယ်။နေ့စဉ်ရက်ဆက်အမုန်းတရားတွေပိုများပြီး ပျော်ရွှင်ရတဲ့အချိန်ဆိုတာ မရှိသလောက်ရှားလာမှာဖြစ်ပါတယ်။