အပေးအယူမမျှတဲ့ Relationship တစ်ခုဟာ အချိန်ကြာလာတာနဲ့အမျှ တစ်ယောက်အပေါ်တစ်ယောက် စိတ်ပျက်စိတ်ကုန်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေကို အမြန်ဆုံး ပြောင်းလဲပြီး နာလည်မှုပြန်တည်ဆောက်ရမှာပါ။ မဟုတ်ရင်တော့အဆုံးသတ် အခြေအနေကိုရောက်သွားနိုင်ပါတယ်။

ကိုယ့်ပါတနာက ဒီ Relationship အပေါ် အမှန်တကယ်စိတ်ကုန်နေပြီလား ပြန်ပြီးပြုပြင်ထိန်းသိမ်းချင်စိတ်မရှိတော့ဘူးလားဆိုတာ သူမရဲ့အပြုအမူတွေကတဆင့် ခန့်မှန်းကြည့်လို့ရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ မိန်းကလေးအများစု သူတို့ချစ်သူအပေါ်မှာ စိတ်ကုန်နေပြီဆိုရင် အခုပြောပြမယ့် အပြုအမူတွေလုပ်လာတက်ပါတယ်။

(၁) သင့်အပေါ် စိတ်ဝင်စားမှု နည်းလာမယ်

Relationship Problems

Photo : Dr. Monday

သင်ဘယ်သူတွေနဲ့အတူရှိနေလဲ ၊ ဘယ်တွေသွားနေလဲ စသည်ဖြင့် သင်နဲ့ပတ်သတ်တဲ့အရာမှန်သမျှကို စိတ်ဝင်တစားမရှိတော့ဘူး။ အရင်လိုသင့်ကို မေးခွန်းတွေလိုက်မေးမနေတော့ဘူးဆိုရင် ဒါဟာသင့်အပေါ်စိတ်ကုန်နေတယ်ဆိုတဲ့ လက္ခဏာပါပဲ။ မိန်းကလေးတစ်ယောက်အနေနဲ့ သူမ စိတ်ကုန်နေတဲ့လူတစ်ယောက်အတွက် စိတ်ဝင်တစားရှိနေမှာ မဟုတ်တော့ပါဘူး။

(၂) စကားလုံးတွေအေးစက်လာမယ်

Relationship Problems

Photo : Modern Love Long Distance

ချစ်သူနှစ်ဦးကြားမှာ တီတီတာတာချစ်စကားတွေပြောလေ့မရှိတော့ဘူး။ အတူရှိနေစဉ်အချိန်မှာတောင် သင့်အတွက်ထွေထွေထူးထူးပြောစရာစကားမရှိဘူး။ စကားလုံးတွေက အပေါ်ယံဆန်ပြီး အေးစက်စက်ဖြစ်နေတယ်ဆိုရင် သူမ ဒီ Relationship အပေါ်စိတ်ကုန်နေတယ်ဆိုတာ မပြောပဲသိနိုင်ပါတယ်။

(၃) အသက်မပါတဲ့ဆက်ဆံရေးဖြစ်လာမယ်

Trust Issues in Your Relationship

Photo : LovePanky

သူမဟာ Relationship အပေါ်စိတ်ကုန်နေပြီဆိုရင် သင့်အပေါ်ဆက်ဆံတဲ့ပုံစံဟာလည်း ပေါ့ရွတ်ရွတ်နဲ့ အေးစက်တဲ့ဆက်ဆံရေးမျိုးဖြစ်နေပါလိမ့်မယ်။ ချစ်တယ်ဆိုတဲ့စကားကို လည်း သင်မမေးပဲပြောနေမှာမဟုတ်ပါဘူး။ ကြင်နာတဲ့အပြုမူတွေ နွေးထွေးတဲ့ဆက်ဆံမှုတွေဟာ စိတ်ကုန်လာတာနဲ့အမျှ ရပ်တန့်သွားမှာပါ။

(၄) စိတ်ခံစားမှုတွေလျော့လာမယ်

Unhappy Marriage couple

Photo : Family Life Share

သင့်အပေါ် သဝန်တိုစိတ်တွေ ၊ ဒေါသစိတ်တွေ ဘာဆိုဘာမှမရှိတော့ပဲ သူမနေပျော်သလို နေထိုင်လာပြီဆိုရင် သင့်အပေါ်စိတ်ကုန်နေပြီး မကြာခင်အဆုံးသတ်အချိန်ကိုရောက်တော့မယ်ဆိုတာ ကြိုတင်တွက်ဆလို့ရနိုင်ပါတယ်။ စိတ်ကောက်တာ ၊ သဝန်တိုတာ ၊ ရစ်တာဆိုးနွဲ့တာတွေဟာ မိန်းကလေးသဘာဝဖြစ်ပေမယ့် ဒီလိုအပြုအမူတွေမရှိတော့ဘူးဆိုရင် သူမဟာသင့်နဲ့ Relationship ကို Give up လုပ်ချင်နေတယ်ဆိုတာ သေချာပါတယ်။

Featured Photo : Focus on the Family