တစ်ချို့လူတွေက ညဘက်အိပ်ပျော်ဖို့အတွက် အခက်အခဲမရှိပေမယ့် တစ်ချို့အတွက်တော့ ညဘက်အိပ်ပျော်ဖို့ဆိုတာ ခက်ခဲတဲ့အလုပ်တစ်ခုဖြစ်နေပါတယ်။ အိပ်ချိန်မပြည့်ဝခြင်းက သင့်ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေရှိစေတယ်ဆိုတာ အားလုံးသိထားပြီးဖြစ်မှာပါ။ ဒါကြောင့် ဒီနေ့ဆောင်းပါးမှာ ညဘက် မြန်မြန်ဆန်ဆန်အိပ်ပျော်ဖို့အတွက် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) စိတ်ဖိစီးမှုကို အတက်နိုင်ဆုံးရှောင်ပါ

man with long hair meditating on the bed, male holding arms in yoga mudra and sitting in lotus pose at home

Photo : Freepik

စိတ်ဖိစီးမှုများလာတာနဲ့ ကိုလက်စထရောပမာဏများလာပြီး အိပ်ပျော်ခြင်းကို ဖြစ်စေတဲ့ မယ်လတိုနင် (melatonin) ဟော်မုန်းဓာတ်ထုတ်လွှင့်မှုကို လျော့ချပစ်နိုင်ပါတယ်။ ဒါက သင့်ရဲ့အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ တစ်နေ့တာမှာ စိတ်ဖိစီးမှုမရှိအောင် ယောဂကျင့်တာ၊ ပြေးတာ၊ တရားထိုင်တာ၊ စာအုပ်ဖတ်တာတွေ ပြုလုပ်ပေးသင့်ပါတယ်။

(၂) အခန်းအပူချိန်လျှော့ချပေးပါ

Remote control for air conditioner in hand

Photo : Freepik

လူတွေရဲ့ခန္ဓာကိုယ်က အိပ်နေစဉ်မှာ အပူချိန်ပြောင်းလဲမှုတွေရှိပါတယ်။ အိပ်နေချိန်မှာ ခန္ဓာကိုယ်က အေးလာပြီး အိပ်ယာနိုးပြီးထလာရင်တော့ နွေးလာပါတယ်။ အကယ်၍အခန်းအပူချိန်ကများနေမယ်ဆိုရင် အိပ်ပျော်ဖို့အတွက် အခက်အခဲရှိနိုင်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရတော့ အိပ်ပျော်စေဖို့အတွက် အကောင်းဆုံး အခန်းအပူချိန်ဟာ 60–67°F (15.6–19.4°C) မှာရှိသင့်ပါတယ်။

(၃) ဖုန်း/ကွန်ပျူတာသုံးတာ လျော့ပါ

Brunette male staying in bed while looking on screen of mobile and checking time

Photo : Freepik

မှောင်သွားတဲ့အခါ ကျွန်တော်တို့ခန္ဓာကိုယ်က မယ်လတိုနင်ဓာတ်ကို စထုတ်လုပ်ပါတယ်။ ဖုန်းမျက်နှာပြင်၊ ကွန်ပျူတာမျက်နှာပြင်က အပြာရောင်အလင်းက ညဘက် အိပ်စက်ခြင်းကို ခက်ခဲသွားစေနိုင်ပါတယ်။ အိပ်ရာမဝင်ခင် အနည်းဆုံး(၁) နာရီကတည်းက ဖုန်း၊ ကွန်ပျူတာကို မသုံးဘဲနေသင့်ပါတယ်။

(၄) ညစာကို ပေါ့ပေါ့ပါးပါး စားပေးပါ

Man cooking fresh vegetables on pan

Photo : Freepik

ညဘက်ကို ဗိုက်အရမ်းပြည့်အင်အောင်ထိ အစာစားတာကို ရှောင်ရှားသင့်ပါတယ်။ ညစာ အများကြီးစားခြင်းက အစာမကြေခြင်းကို ဖြစ်စေပြီး သင့်အိပ်စက်ချိန်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အူက ဆီရိုတိုနင် (Serotonin) ဟော်မုန်းဓာတ်ထုတ်လုပ်ဖို့အတွက် အရေးကြီးပါတယ်။ ညစာအများကြီးစားလိုက်တာက ဆီရိုတိုနင်ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။