အထီးကျန်မှုဆိုတာ တနည်းအားဖြင့် ဝမ်းနည်းခြင်း သို့မဟုတ် ငြင်းပယ်ခံရခြင်းလို့ သတ်မှတ်နိုင်ပါတယ်။ ကိုယ့်ရဲ့ခံစားချက်တွေကို ရင်ဖွင့်ပြောပြဖို့ တစ်စုံတစ်ယောက်မှမရှိတဲ့အခါ အထီးကျန်ခြင်းဆိုတာ ဖြစ်လာတက်ပါတယ်။ တစ်ခါတစ်လေမှာ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကြောင့်လည်း အထီးကျန်မှုဝေဒနာကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အထီးကျန်မှုဝေဒနာကို ကျော်လွှားနိုင်ဖို့ သင်ဘာတွေလုပ်ဆောင်သင့်လဲဆိုတာ ပြောပြပေးသွားမှာပါ။

(၁) သီးခြားကမ္ဘာထဲက ထွက်လိုက်ပါ

Source : Lifehacks

အထီးကျန်မှုကို ခံစားရသူအများစုဟာ သူတို့ရဲ့ကိုယ်ပိုင်သီးခြားကမ္ဘာထဲမှာပဲ နေထိုင်ဖို့ကြိုးစားတက်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ရဲ့ခံစားချက်တွေက တခြားသူတွေက နားမထောင်ပေးမှာ ၊ ပြက်ရယ်ပြုမှာ စိုးရိမ်တာကြောင့်ပါ။ သို့သော်အရာအားလုံးကို တစ်ယောက်တည်းမြိုသိပ်ထားတာများလာတဲ့အခါ ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုလျော့ကျလာပြီး အထီးကျန်ခြင်းတွေ ပိုဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သီးခြားကမ္ဘာထဲကထွက်ပြီး လူတွေနဲ့ ပြောဆိုဆက်ဆံပါ။ တစိမ်းတွေနဲ့စကားပြောပါ။ တစ်ယောက်တည်းနေထိုင်တဲ့ အကျင့်ကို စွန့်လွှတ်လိုက်ပါ။

(၂) ပုံမှန်လူတစ်ယောက်လိုရှင်သန်ပါ

Source : Puzzle Factory

တစ်ယောက်တည်းအခန်းအောင်းပြီး ဘားမှမလုပ်ပဲထိုင်နေတာမျိုးက သင့်ကိုပိုပြီးအထီးကျန်တဲ့ ခံစားချက်တွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်လူတွေလိုပဲ နေထိုင်ဖို့အကြံပြုချင်ပါတယ်။ ဥပမာ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်ကြည့်တာ ၊ စိတ်ဝင်စားစရာ အသစ်အစမ်းတစ်ခုကိုစမ်းလုပ်ကြည့်တာမျိုးတွေလုပ်ပါ။ သင်က ဂီတကိုစိတ်ဝင်စားတယ်ဆိုရင် ဂီတသင်တန်းတက်တာ ၊ ဘာသာစကားအသစ်သင်ယူတာ စတဲ့အရာတွေလုပ်ဆောင်မယ်ဆိုရင် မိတ်ဆွေအသစ်တွေလည်းရလာနိုင်ပြီး အထီးကျန်မှုကို ဖယ်ရှားပေးပါလိမ့်မယ်။

(၃) ကိုယ့်ကိုကိုယ်ကြင်နာပါ

Source : Pattison Professional Counseling

သင်အနေနဲ့ ဒေါသထွက်လို့ရတယ် ၊ ပေါက်ကွဲလို့ရတယ် ၊ ငိုကြွေးပစ်လို့ရတယ်။ သို့သော် သင့်ကိုအနှုတ်လက္ခဏာဆောင်တဲ့အတွေးတွေ ကြီးစိုးခွင့်မပြုလိုက်ပါနဲ့။ ဒါဟာ အထီးကျန်ခြင်းကိုဖြစ်စေဖို့ ဦးတည်နေတယ်ဆိုတာ သတိပြုပါ။ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် အရေးကြီးဆုံးက ကိုယ့်ကိုကိုယ်ကြင်နာဖို့ ကိုယ့်ကိုကိုယ်ချစ်တက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ့်ကို နာကျင်စေမယ့်အရာတွေကို ရှောင်ကျဉ်ပြီး ကိုယ့်ကိုယ်ကို အရင်ကထက်ပိုပြီး ဂရုစိုက်ပေးပါ။

(၄) သင်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာသတိရပါ

Source : Lifehacks

သင်တကယ်နားလည်ထားရမှာတစ်ခုက လူတိုင်းလူတိုင်းက အထီးကျန်ခြင်းတွေကိုတိုက်ထုတ်ဖို့ ကြိုးစားနေကြရတယ်ဆိုတာပါပဲ။ ဘဝကအမြဲပျော်စရာတွေပဲပေးတယ်လို့ ပြောတဲ့သူမျိုး သင်မြင်ဖူးပါသလား။ လူတိုင်းလူတိုင်းမှာ ခက်ခဲတဲ့အချိန်တွေ အဆင်မပြေမှုတွေဆိုတာ ရှိကြစမြဲပါပဲ။ ဒါကြောင့် အထီးကျန်ဆန်နေတာ ခံစားချက်တွေရှုပ်ထွေးနေတာက ငါတစ်ယောက်တည်းဖြစ်နေတာမဟုတ်ဘူးဆိုတာ လက်ခံထားပါ။ သင့်ရဲ့အတွေးတွေ ခံယူထားတဲ့စိတ်အခြေအနေတွေကိုပြောင်းလဲလိုက်တာနဲ့ အထီးကျန်မှုကိုလျော့ကျသက်သာစေမှာပါ။