လူရယ်လို့ဖြစ်လာရင်နေ့စဉ်ဖိအားတွေနဲ့ ရုန်းကန်နေကြရစမြဲပါ။ ဘာလို့ငါ့မှ ဒီလိုဖိအားတွေ စိတ်ပင်ပန်းစရာတွေကြုံရလဲဆိုပြီးမေးခွန်မထုတ်ပါနဲ့။ လူတိုင်းလူတိုင်းမှာအကြောင်းအရာချင်းသာမတူမယ် ဖိအားတွေ စိတ်ပင်ပန်းမှုတွေကတော့ ကိုယ်စီရှိကြပါတယ်။စိတ်ပင်ပန်းမှုတွေကြုံလာတဲ့အခါ ထိုင်ပြီးစိတ်ညစ်နေမယ့်အစား အခုပြောပြမယ့်နည်းလမ်းလေးတွေလုပ်ဆောင်ကြည့်ပါ။

(၁) စာအုပ်နဲ့ဘောပင်ရှာပါ

Source : Shutterstock

စိတ်ပင်ပန်းမှုတွေအရမ်းများလာပြီဆိုရင် အနီးနားမှာရှိတဲ့စာအုပ်နဲ့ ဘောပင်လေးတစ်ချောင်းသာ ပြေးယူလိုက်ပါ။ ပြီးရင်သင့်ကိုစိတ်ဖိစီးစေတဲ့အရာတွေ စိတ်ပင်ပန်းမှုတွေဖြစ်စေတဲ့အကြောင်းအရာတွေကိုစာအုပ်မှာချရေးလိုက်ပါ။ ဒီနည်းလမ်းဟာတကယ်ပဲထိရောက်ပြီး စိတ်ပင်ပန်းမှုတွေကို အမြန်ဆုံးလျော့ကျစေမယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

(၂) ယုံကြည်ရသူတစ်ယောက်ယောက်ကိုရင်ဖွင့်ပါ

Source : Shutterstock

ကိုယ့်ပြဿနာတွေအဆင်မပြေမှုတွေကိုပြောပြလို့ရနိုင်မယ့် ယုံကြည်ရသူတစ်ယောက်ယောက်နဲ့စကားပြောပါ။ ပြီးရင်သူတို့စီကအကြံဉာဏ်လေးတစ်ချို့ကိုတောင်းကြည့်ပါ။ ရင်ဖွင့်ပြောဆိုလိုက်ခြင်းက တကယ်ပဲကိုယ်တစ်ယောက်ထဲကြိတ်မှိတ်ခံစားနေတာထက်စာရင်အများကြီး စိတ်သက်သာရာရစေပါတယ်။ အဓိကကိုယ်ယုံကြည်ရတဲ့ မိသားစုဝင် သူငယ်ချင်း ဖြစ်ဖို့တော့လိုတာပေါ့။

(၃) သာယာငြိမ့်ညောင်းတဲ့သီချင်းလေးတွေနားထောင်ပါ

Source : Shutterstock

သာယာငြိမ့်ညောင်းတဲ့ဂီတသံတွေက သွေးပေါင်ချိန်နှင့်နှလုံးခုန်နှုန်းတို့ကို လျော့ချပေးတဲ့အပြင် စိတ်ဖိစီးမှုဟော်မုန်းတွေကိုလည်း လျော့ကျစေပါတယ်။ စိတ်နဲ့ခန္ဓာကိုယ်ကိုလည်း လွန်စွာသက်တောင်သက်သာရှိစေတာကြောင့် စိတ်ဖိစီးမှုတွေစိတ်ပင်ပန်းတွေဖြစ်လာတဲ့အခါ သာယာငြိမ့်ငြောင်းတဲ့ ဂန္တဝင်တေးသီချင်းတွေ သဘာဝကိုခံစားနိုင်မယ့် စမ်းချောင်းရေစီးသံ ငှက်ကလေးတွေမြည်တွန်တဲ့အသံလေးတွေကိုနားထောင်ပေးနိုင်ပါတယ်။

(၄) ယောဂကစားပါ

Source : Shutterstock

ယောဂကစားနည်းဟာ စိတ်ဖိစီးမှုများလွန်းသူတွေအတွက်တော့ တကယ်ကိုထိရောက်စေတဲ့ကစာနည်းတစ်ခုဖြစ်ပါတယ်။ယောဂကိုအသက်အရွှယ်မရွေးပြုလုပ်ပြီး အဓိကစိတ်ကိုအကောင်းဆုံးတည်ငြိမ်အေးချမ်းစေကာ စိတ်ဖိစီးမှုတွေကိုလျော့ကျစေနိုင်တဲ့နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ယောဂလေ့ကျင့်ခန်းတွေများစွာရှိပေမယ့်လည်း ယေဘုယျအားဖြင့်တော့ ယောဂလေ့ကျင့်ခန်းတိုင်းဟာ စိတ်နဲ့ခန္ဓာကိုယ်ကိုပေါင်းစည်းပြီး စိတ်ကိုတည်ငြိမ်အေးချမ်းစေတာဖြစ်ပါတယ်။