တစ်ချို့ရက်တွေမှာ စိတ်ခွန်အားတွေများစွာနဲ့ ဘာပဲလုပ်လုပ်တက်ကြွနေပေမယ့် တစ်ချို့ရက်တွေကျတော့လည်း ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိပဲ လန်းဆန်းတက်ကြွမှုတွေ ပျောက်ဆုံးနေတက်ပါတယ်။ လူတိုင်းလူတိုင်းကတော့ မိမိဘဝရဲ့ ရည်မှန်းချက်တွေပြည့်ဝဖို့ ကြိုးစားတဲ့နေကြတာကြောင့် နေ့ရက်တိုင်းကို တက်ကြွလန်းဆန်းစွာပဲ ဖြတ်သန်းချင်ကြမှာပါ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ စာဖတ်ပရိသတ်တွေအတွက် နေ့တိုင်းလန်းဆန်းတက်ကြွပြီး စိတ်ခွန်းအားပြည့်ဝနေစေမယ့် ရိုးရှင်းသောနည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။
(၁) အိပ်ယာစောစောထပါ

Source : Just A Green Girl
အိပ်ယာထချိန်က လူတစ်ယောက်ရဲ့ တစ်နေ့တာမှာ အရေးကြီးဆုံးအချိန်လို့ ဆိုနိုင်ပါတယ်။ အိပ်ယာထချိန်မှစပြီး တစ်နေ့တာလုံးကိုအကောင်းဆုံးဖြတ်သန်းနိုင်ဖို့ ခွန်အားတွေရယူကြရမှာဖြစ်ပါတယ်။ဒါကြောင့် မနက်ခင်းမှာစောစောထပါ။ ရေတစ်ခွက်သောက်ပါ။ ၁၅ မိနစ်စာကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ပါ။ ထို့နောက် အာဟာရပြည့်ဝတဲ့မနက်စာစားပါ။ ဒါဆိုသင့်ရဲ့ တနေ့တာက ခွန်အားအပြည့်နဲ့ ဖြတ်သန်းဖို့ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။
(၂) မိမိကိုယ်ကိုဆုချီးမြှင့်ပါ

Source : Introvert, Dear
သေးငယ်တဲ့ အောင်မြင်မှုတွေကအစ ကိုယ့်ကိုယ်ကိုဆုချီးမြှင့်ခြင်းက အကောင်းဆုံးစိတ်အားတက်ကြွစေမယ့် နည်းလမ်းဖြစ်ပါတယ်။ မိမိရဲ့ ကြိုးစားမှုတိုင်းက သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ မိမိကိုယ်တိုင် အသိမှတ်ပြု ဂုဏ်ယူသင့်ပါတယ်။ ဒါကြောင့် နေ့စဉ်ဘယ်လိုအောင်မြင်မှုတွေကိုပဲ ရခဲ့ရခဲ့ ကိုယ့်ကိုယ်ကို ထိုက်တန်တဲ့ ဆုချီးမြှင့်မှုတစ်ခုခုလုပ်ဆောင်ဖို့ အကြံပြုချင်ပါတယ်။
(၃) စာဖတ်ပါ

Source : Stocksy United
စိတ်ဓာတ်ခွန်းအားနဲ့ ပတ်သတ်လာရင် စာအုပ်တွေရဲ့ အခန်းကဏ္ဍကလည်း မေ့ထားလို့မရပါဘူး။ စာအုပ်တွေက အသိပညာဗဟုသုတများစွာအပြင် သင့်ရဲ့စိတ်ကို ကြံ့ခိုင်သန်မာလာစေမယ့် အကောင်းဆုံးအားဆေးတွေဖြစ်ပါတယ်။ဒါကြောင့် နေ့စဉ်နေ့တိုင်းမှာ အားလပ်ချိန်ရတာနဲ့ စာအုပ်တစ်အုပ်တော့ အမြဲဖတ်နေသင့်ပါတယ်။ စာတွေကနေ ရရှိလာတဲ့ အသိပညာတွေ စိတ်ခွန်အားတွေနဲ့ သင့်ရဲ့ နေ့ရက်တွေကို တက်ကြွလန်းဆန်းစွာဖြတ်သန်းလိုက်ပါ။
(၄) ဝါသနာအတွက်အချိန်ပေးပါ

Source : Masterfile
လူတိုင်းလူတိုင်း မိမိဝါသနာနဲ့ လက်ရှိဘဝအခြေအနေက ကိုက်ညီမှုရှိချင်မှရှိပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ဝါသနာတွေကိုတော့ မေ့မထားပါနဲ့။ ကိုယ်တကယ်ဝါသနာပါတဲ့ အလုပ်ကို အချိန်ရတိုင်း အားလပ်ချိန်ရတိုင်းမှာ လုပ်ဆောင်ပါ။ ဝါသနာအတွက်အချိန်ပေးခြင်းက သင့်ရဲ့ စိတ်ပျော်ရွှင်မှု စိတ်အားထက်သန်မှုတွေကို ရှင်သန်လာအောင် မွေးမြူတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ တစ်နေ့တာမှာ ဝါသနာပါတဲ့ အရာတွေအတွက် ခဏတဖြုတ်အချိန်ပေးလုပ်ဆောင်ပါ။
