ငွေကြေးအပူအပင်ကင်းတဲ့ ဘဝလောက်စိတ်ချမ်းသာ ပျော်ရွှင်ရစေတာမျိုး မရှိနိုင်ပါဘူး။ သန်းကြွယ်သူဌေးဖြစ်မှ ငွေကြေးအပူပင်ကင်းကင်းနေနိုင်မယ်လို့ သင်ထင်နေရင်တော့ မှားသွားပါပြီ။ သင်ရှာနိုင်တဲ့ လက်ရှိသင့်ဝင်ငွေနဲ့ ပဲ အပူအပင်ကင်းကင်းနဲ့ ငွေကြေးအကြပ်အတည်းကင်းစွာနေလို့ရစေမယ့် ငွေကြေးဆိုင်ရာစည်းမျဉ်းတွေကို ပြောပြပေးချင်ပါတယ်။
(၁) စည်းစနစ်တကျသုံးစွဲပါ
Photo : BCGFi
ငွေကြေးသုံးစွဲမှုပိုင်းမှာ စည်းစနစ်တကျရှိရင် မကုန်သင့်တဲ့ ငွေကုန်ပေါက်တွေနည်းသွားပြီး ချောင်ချိပြေလည်လာစေမှာပဲ ဖြစ်ပါတယ်။ အသုံးစရိတ်ကိုကောင်းစွာစီမံခန့်ခွဲပြီး မဖြစ်မနေသုံးရမယ့်စာရင်း ၊ လစဉ်ငွေပေးချေရတဲ့စာရင်း ၊ ကိုယ်ရေးကိုယ်ရေးအသုံးစရိတ်စာရင်း စသည်ဖြင့် စနစ်တကျ အသုံးစရိတ်ကိုစာရင်းဇယားနဲ့ တွက်ချက်သုံးစွဲပါ။
(၂) စိတ်ခံစားမှုကို ထိန်းချုပ်ပါ
Photo : In The Know
စိတ်ခံစားမှုအလျောက် ငွေသုံးစွဲခြင်းဟာ ငွေကြေးအကြပ်အတည်းကိုဖြစ်စေနိုင်တဲ့ အကြီးဆုံးထောက်ခြောက်တစ်ခုပါပဲ။ ကျွန်တော်တို့ဟာ တစ်ခါတစ်လေမှာ ပျော်ရွှင်တဲ့အခါ သို့မဟုတ် စိတ်ညစ်တဲ့အခါ ငွေသုံးစွဲမှု ပိုများတက်ကြပါတယ်။ စိတ်ခံစားချက်နောက်က ငွေသုံးစွဲမှုဟာ အကန့်အသတ်မရှိဖြစ်စေနိုင်တာကြောင့် စိတ်ခံစားချက်တွေဖြစ်ပေါ်လာတဲ့အခါ အရင်ဆုံးပိုက်ဆံအိတ်မဖွင့်မိဖို့ ကိုယ့်ကိုယ်ကိုထိန်းချုပ်ပါ။
(၃) အပေါင်းအသင်းရွေးပါ
Photo : DutchReview
မိတ်ဆွေအပေါင်းအသင်း အခန်းကဏ္ဍက လူတိုင်းအတွက်အရေးပါတယ်ဆိုပေမယ့် အသုံးအစွဲကြမ်းသူတွေ ၊ ငွေးကြေးနဲ့ပတ်သတ်ရင် ကန့်သတ်ချက်မရှိသုံးစွဲတက်တဲ့သူငယ်ချင်းတွေနဲ့တော့ တက်နိုင်သမျှ ကင်းအောင်နေသင့်ပါတယ်။
(၄) လိုအပ်တာလား/လိုချင်တာလား ကွဲကွဲပြားပြားသိပါစေ
Photo : Council on Foreign Relations
တစ်စုံတစ်ခုဝယ်ဖို့စဉ်းစားတဲ့အခါ ကိုယ်အတွက်တကယ်လိုအပ်တာလား ၊ စိတ်ခံစားမှုအရ လိုချင်တဲ့ အရာလားဆိုတာ ပြန်ပြီး ဆန်းစစ်ဖို့ အကြံပြုချင်ပါတယ်။ တကယ်လိုအပ်တဲ့အရာတွေအတွက် ငွေသုံးရတာ ပြဿနာမရှိပေမယ့် အမှန်တကယ်လည်းမလိုအပ်ပဲ လိုချင်ရုံသက်သက် လျောက်ဝယ်နေမယ်ဆိုရင် ဝယ်ဖြုန်းနေခြင်းသာ ဖြစ်ပါလိမ့်မယ်။
Featured Photo : Lennon Cihak