စွန့်ဦးတီထွင်သမားတစ်ယောက်ဖြစ်ဖို့ဆိုတာ တော်ရုံစိတ်အားထက်သန်မှုနဲ့မရနိုင်ပါဘူး။ အခက်အခဲအတားအဆီးတွေ စိန်ခေါ်မှုတွေများစွာကြုံရနိုင်ပြီး တစ်ခါတစ်လေမှာ ကျရှုံးခြင်းနဲ့လည်း ရင်ဆိုင်ရနိုင်ပါမယ်။ သို့ပေမယ့် ဒီလိုစိန်ခေါ်မှု အခက်အခဲတွေကိုမှ ရင်ဆိုင်ပြီး အောင်မြင်တဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ အခုပြောမယ့် အရည်အချင်းတွေရှိထားဖို့လိုမှာပါ။

(၁) ကိုယ့်ကိုယ်ကိုအားကိုးရမယ်

Man entrepreneur looking at laptop

Photo : Entrepreneur

စွန့်ဦးတီထွင်သမားတစ်ယောက်မှာ လိုအပ်တဲ့အရည်အချင်းက ကိုယ့်ကိုယ်ကို အားကိုးတက်ခြင်းပါပဲ။ ကိုယ်သွားနေတဲ့ လမ်းပေါ်က ပြဿနာတွေကို ကိုယ်တိုင်ပဲ ခေါင်းခံဖြေရှင်းဖို့ ကိုယ့်အားကိုယ်ကိုးတဲ့အရည်အချင်း လိုပါတယ်။ လွတ်လပ်ပြီး အမှီအခိုကင်းအောင် နေဖို့အတွက် Entrepreneur လမ်းကို ရွေးတဲ့သူဟာ ပိုပြီး ကိုယ့်ဒူးကိုယ် ယုံနေရမှာပါ။

(၂) စိတ်အားထက်သန်မှုရှိရမယ်

Man smile while using i pad

Photo : Entrepreneur Resources

စွန့်ဦးတီထွင်သူတွေဟာ သာမန်လုပ်ငန်းရှင်တွေနဲ့မတူပါဘူး။ ထိုးဖောက်စွန့်စားမှုတွေ လုပ်ရပါတယ်။ မသေချာတဲ့ Risk တွေကို ဖြတ်သန်းရပါတယ်။ စိတ်အားထက်သန်ပြင်းပြမှု ရှိဖို့ လိုပါတယ်။ ဘယ်အချိန်မှာ အောင်မြင်မယ် မသိရတဲ့ အလုပ်တစ်ခုကို လုပ်ဖို့အတွက် Passion မှ မရှိရင် ဘယ်လိုမှ ဖြစ်အောင်လုပ်နိုင်မှာ မဟုတ်ပါဘူး။

(၃) တိုးတက်အောင်ကြံဆောင်နေရမယ်

Man Write A Business Plan

Photo : Entrepreneur

ကိုယ်ပိုင်အလုပ်ကို ဖောက်ထွက်လုပ်ဆောင်မယ့်သူမှာ ကိုယ့်ရဲ့အရည်အချင်း ၊ တိုးတက်မှုကို အမြဲမြှင့်တင်နေသင့်ပါတယ်။ နေ့တိုင်း ကြုံနေနိုင်တဲ့ အခက်အခဲအကြပ်အတည်းတွေဟာ သင့်ကို ပိုပြီး ကိုယ့်အကြောင်းကိုယ် သိမြင်စေအောင် ကူညီပေးသလို ပိုပြီးလည်း ရင့်ကျက်ကြံ့ခိုင်လာစေနိုင်ပါတယ်။

(၄) သတိနဲ့ထိန်းချုပ်နေရမယ်

Young stubbly man entrepreneur in formal wear talking phone

Photo : Freepik

အောင်မြင်မှုဆီ သွားတဲ့ လမ်းကြောင်းမှာ ကိုယ့်ကိုယ်ကို ကောင်းကောင်းကြီး စောင့်ရှောက်ထိန်းကျောင်းနိုင်ဖို့ လိုပါတယ်။ စွန့်ဦးတီထွင်မှုလမ်းမကြီးကနေ သွေဖည်မသွားရအောင် ကိုယ့်ကိုယ်ကို သတိနဲ့ ထိန်းသိမ်းဖို့လည်း လိုပါတယ်။ ကိုယ့်စိတ်ကို ထိန်းချုပ်မှု လျော့လျဲမယ်ဆိုရင် ရှေ့ခရီးမှာ အောင်မြင်မှုနဲ့ ဝေးသွားနိုင်ပါတယ်။

Photo : Business Partner Magazine