လူတိုင်းလူတိုင်း ဘဝမှာတိုးတက်အောင်မြင်မှုတွေကို လိုလားကြမှာသေချာပါတယ်။ဒါပေမယ့် အောင်မြင်မှုနောက်လိုက်ပြီး ကျန်းမာရေးချို့ယွင်းနေရင်လည်း ပြီးပြည့်စုံတဲ့ဘဝတစ်ခုမဖြစ်နိုင်ပါဘူး။ဒါကြောင့်ဒီတစ်ခေါက်မှာတော့ ဘဝမှာကိုယ်လိုချင်တဲ့အနာဂတ်ပန်းတိုင်တွေကို ဟန်ချက်ညီညီရောက်နိုင်ဖို့ လိုက်နာသင့်တဲ့အချက်တွေကို ပြောပြပေးချင်ပါတယ်။

(၁) သင်ခန်းစာယူပါ

Source : Shutterstock

အောင်မြင်မှုအကြောင်းမပြောခင် အရင်ဆုံး ကျရှုံးမှုတွေအကြောင်းပြောချင်ပါတယ်။ဘဝမှာအောင်မြင်နေကြတဲ့ ပုဂ္ဂိုလ်တိုင်းဟာလွယ်လွယ်နဲ့တော့ အောင်မြင်မှုရခဲ့ကြတာမဟုတ်ပါဘူး။အကြိမ်ကြိမ် ဆုံးရှုံးမှုတေ့ ကျရှုံးခြင်းတွေကို သင်ခန်းစာယူပြီး မလျော့သောဇွဲလုံ့လတို့နဲ့ ကြိုးစားခဲ့ကြတာပါ။ဒါကြောင့်သင်အနေနဲ့လည်း ဘဝမှာကျရှုံးခြင်းတွေ ကြုံလာတိုင်း လက်မလျော့ဘဲ အကောင်းဆုံးသင်ခန်းစာယူတက်ဖို့ အရေးကြီးပါတယ်။

(၂) ဝေဖန်မှုတွေကိုလက်ခံပါ

Source : Shutterstock

ဝေဖန်တိုက်ခိုက်ခြင်းတွေက တစ်နေ့မဟုတ်တစ်နေ့ သင်ကြုံတွေ့ရမယ့်အရာတစ်ခုပါ။ကိုယ့်ကိုယ်ဝေဖန်တိုက်ခိုက်လာတဲ့အရာတိုင်းကို ပြန်လည်တုန့်ပြန်နေရင် သင်လည်းရှေ့ကိုရောက်သင့်သလောက်ရောက်မှာမဟုတ်တော့ပါဘူး။တစ်ချို့သောဝေဖန်မှုတွေက အကောင်းဘက်ကိုညွှန်ပြတာရှိသလို တစ်ချို့ဝေဖန်မှုတွေက သင်ကိုကျရှုံးအောင် ထိုးနှက်နေတဲ့အရာတွေပါ။ဘယ်လိုပဲဖြစ်ဖြစ် ဝေဖန်မှုတွေကိုလက်ခံတက်ပြီး ကိုယ်ရဲ့ ရည်မှန်းချက်အတိုင်းရှေ့သို့ ဆက်လက်ချီတက်နိုင်ဖို့ပဲလိုပါတယ်။

(၃) ကျန်းမာရေးကိုအလေးထားပါ

Source : Shutterstock

ကျန်းမာရေးကလည်း အောင်မြင်ရေးလမ်းကြောင်းမှာ မဖြစ်မနေထည့်သွင်းစဉ်းစားရမယ့်အချက်တစ်ခုပါ။ကျန်းမာမှ ကိုယ့်ဖြစ်တဲ့အရာတွေလုပ်ချင်တဲ့အရာတွေကို ကောင်းမွန်စွာလုပ်နိုင်မှာပါ။ဒါကြောင့်ကျန်းမာတဲ့စားသောက်နေထိုင်မှုပုံစံရှိရပါမယ်။တစ်နေ့ကို အနည်းဆုံး ၁ နာရီလောက်လေ့ကျင့်ခန်းလုပ်ပါ။ညဘက်တွေမှာလည်း ကောင်းစွာအိပ်စက်အနားယူပြီး ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ အကြံပြုချင်ပါတယ်။

(၄) ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုချစ်ပါ

Source : Shutterstock

ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ မိသားစုဝင် မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတွေကိုလည်း တန်ဖိုးထားချစ်တက်ဖို့ အရေးကြီးပါတယ်။ အောင်မြင်ရေးအတွက်ကြိုးစားနေချိန်မှာ ဒီလိုလူတွေကိုမေ့ထားလို့မရပြန်ပါဘူး။ သင်အောင်မြင်တဲ့အချိန်ဖြစ်စေ ကျရှုံးတဲ့အချိန်ဖြစ်စေ သင်နဲ့ အတူအနားမှာရှိနေမယ့် သူတွေကိုချစ်တက်ဖို့လည်း လိုပါတယ်။ဒါကြောင့် မိသားစုဝင် သူငယ်ချင်းမိတ်ဆွေတွေကို အချိန်ပေးပါ။ချစ်ပါ။