အမျိုးသားတွေအနေနဲ့ နေရာပေါ်မူတည်ပြီး လိုက်ရောညီထွေဖြစ်အောင်ဝတ်ဆင်တက်ဖို့က အလွန်အရေးပါပါတယ်။ ပွဲလမ်းသဘင်တွေသွားရင်ဖြစ်စေ သူငယ်ချင်းတွေနဲ့ အပြင်သွားလည်တာဖြစ်စေ အဝတ်အစားတွေရွေးချယ်ဝတ်ဆင်တတ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ အမျိုးသားတွေအနေနဲ့ သိထားသင့်တဲ့ ဖက်ရှင် Trick လေးတွေကို ပြောပြပေးလိုက်ပါတယ်။
ဂျင်းဘောင်းဘီအပွနှင့် ကိုယ်ကျပ်အင်္ကျီ
Photo : Brightside
အခြားကိုက်ညီမဲ့ အရာတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်သရွေ့တော့ အဝတ်အစားတိုင်းလိုလိုက ဖက်ရှင်ပါပဲ။ ဒါပေမဲ့ ရှပ်အင်္ကျီ အရှည်နဲ့ဂျင်းဘောင်ဘီးအကျပ်ကို တွဲဖက်ဝတ်ဆင်တာကတော့ အမျိုးသားတွေအတွက် ကြည့်ရဆိုးစေပါတယ်။ ဂျင်းဘောင်းဘီအပွနှင့်မိမိကိုယ်လုံးနဲ့ လိုက်ဖက်မဲ့ (fitting) ရှပ်အင်္ကျီ ကိုတွဲဖက်ဝတ်ဆင်ပေးဖို့ အကြံပေးချင်ပါတယ်။
သားရေဂျာကင်
Photo : Brightside
တကယ်လို့ သားရေဂျာကင်ဝတ်တော့မယ်ဆိုရင် အသစ်ဝယ်ပြီးပြီးချင်း မဝတ်ပါနဲ့။ မဝတ်ခင် အဟောင်းပုံစံ ဖြစ်အောင်လုပ်ပြီးမှဝတ်ပါ။ သာရေဂျာကင်က ဟောင်းနွှမ်းမှအစစ်လို့လူတွေက ထင်ကြတာပါ။ လူတော်တော်များများက ဝတ်တာကြာမှ ဟောင်းနွှမ်းသွားတာလို့ ထင်နေတတ်ကြတယ်။
ဘောင်းဘီတို
Photo : Brightside
ဘောင်းဘီအတိုလေးတွေကတွဲဖက် မဝတ်တတ်ဘူးဆိုရင် တော်တော်ကြည့်ရဆိုးစေပါတယ်။ ဘောင်းဘီအတိုအရှည်က အလွန်အရေးကြီးပါတယ်။ အရမ်းကြီးတိုတာ မကောင်းသလို၊ အရမ်းကြီးရှည်နေပြန်တော့လည်း အဆင်မပြေပါဘူး။ ဒူးအထက် ၁-၃ လက်မ လောက်ကွာနေတဲ့ ဘောင်းဘီတိုမျိုးတွေက အမျိုးသားတွေက အကောင်းဆုံးပါ။ cargo ဘောင်းဘီတိုလေးတွေကိုတော့ လုံးဝမဝတ်ဖို့ အကြံပေးပါရစေ။
ဂျင်းဘောင်းဘီနဲ့ ဘွတ်ဖိနပ်
Photo : Brightside
ဒီဘက်ခေတ်မှာ လူငယ်တွေကြားရေပန်းစားနေတဲ့ ဖက်ရှင်ကတော့ ဂျင်းဘောင်းဘီနဲ့ sneakers (ဘွတ်ဖိနပ်) တွေ တွဲဖက်ဝတ်ဆင်ကြတာပါပဲ။ ဒါကြောင့် တစ်ချို့ ကုမ္ပဏီကြီးတွေက sneakers နဲ့တွဲဖက်ဝတ်ဆင်ဖို့ဆိုပြီး ဂျင်းဘောင်းဘီတွေ သီးသန့်ထုတ်လုပ်ရောင်းချလာကြတယ်။ ဒီလိုတွဲဖက်ဝတ်ဆင်တဲ့အခါမှာ ဂျင်းဘောင်းဘီကို sneakers ကိုမဖုံးမိဖို့တော့ လိုပါတယ်။ ဒါမှ မိမိခြေထောက်က ရှည်နေတယ်လိုခံစားရစေမှာပါ။ ရေစိုနေတဲ့ အဝတ်တွေနဲ့ သုတ်ပေးတာက သာရေဂျာကင်ကို ပွတ်တိုက်ပေးပါ။ ဒါဆိုရင် အတော်အတန် ဝတ်ဆင်အသုံးပြုထားတဲ့ ဂျာကင် ပုံစံဖြစ်သွားပါလိမ့်မယ်။
Featured Photo : Just A Guy Thing