Suit လိုမျိုး Formal Dress တွေက အမျိုးသားတစ်ယောက်ရဲ့ ခန့်ညားမှုကိုပေါ်လွင်စေပြီး ပြီးပြည့်စုံတဲ့ ဖက်ရှင် အသွင်အပြင်ကို ရစေပါတယ်။ သာမာန်ထသွားထလာအခါမျိုးမှာ Suit တွေဝတ်လေ့မရှိပေမယ့် အရေးကြီးတဲ့ ပွဲအခမ်းအနားတွေ လုပ်ငန်းခွင်တွေမှာတော့ လူကြီးလူကောင်းပုံစံကို ပေါ်လွင်စေတဲ့ Suti ဝတ်စုံတွေက အသင့် တော်ဆုံး ဖြစ်စေမှာပါ။

Suit ဝတ်မယ်ဆိုရင် အခြေခံကာလာတွေဖြစ်တဲ့ အနက်ရောင် ၊ မီးခိုးရောင်တွေ အပြင် သင့်ကိုပိုပြီး စမတ်ကျတဲ့ အသွင်ဆောင်စေမယ့် Suit ကာလာတွေကို ပြောပြပေးချင်ပါတယ်။

(၁) နက်ပြာရောင်

Navy Blue Suit

Photo : Pinterest

အနက်ရောင် Suit တွေလိုပဲ နက်ပြာရောင် Navy Blue Suit တွေကလည်း အမျိုးသားတိုင်းအတွက် မရှိမဖြစ်တဲ့ Suit ကာလာတစ်မျိုးပါ။ နက်ပြာရောင် Suit တွေက လူကြိုက်များသလို ရုံးတက်ရင်ဖြစ်ဖြစ် ၊ မင်္ဂလာပွဲအခမ်း အနားတက်ရင်ဖြစ်ဖြစ် ၊ ဘားထိုင်ရင်ပဲဖြစ်ဖြစ် သင့်ကို ပြီးပြည့်စုံပြီး ပေါ်လွင်တဲ့ ဖက်ရှင်အသွင်မျိုး ရစေမှာပါ။

(၂) မီးခိုးဖျော့ရောင်

Light Grey Suit

Photo : Pinterest

မီးခိုးရောင် Suit ကာလာတွေထဲကမှ လူငယ်ဆန်ဆန်နဲ့ ပေါ့ပေါ့ပါးပါးစတိုင်လ်မျိုး ဝတ်ဆင်ချင်တယ်ဆိုရင် မီးခိုးအဖျော့ရောင် Light Grey Suit တွေက ရွေးချယ်ဖို့ အသင့်တော်ဆုံးဖြစ်ပါတယ်။ အထူးသဖြင့်နွေရာသီလို ကာလမျိုးမှာ pastel ကာလာလို့ခေါ်တဲ့ ခပ်ဖျော့ဖျော့ အောက်ခံရှပ်အင်္ကျီ ၊ လည်စည်းတို့နဲ့ တွဲဖက်ဝတ်ဆင်မယ် ရင် လုံးဝသူမတူအောင် ဖက်ရှင်ကျစေမှာပါ။

(၃) အညိုရင့်ရောင်

Dark Brown Suit

Photo : Pinterest

သင့်ရဲ့အဝတ်ဘီဒိုထဲမှာ ရှိထားသင့်တဲ့ နောက်ထပ် Suit ကာလတစ်မျိုးက အညိုရင့်ရောင် Dark Brown Suit ပဲဖြစ်ပါတယ်။ အသားညိုသူတွေ ၊ သံလွင်သီးအရောင် အသားအရေမျိုး ရှိသူတွေနဲ့ ပိုပြီးလိုက်ဖက်မှုရှိစေမှာ ဖြစ်ပြီး အထက်တန်းကျကျနဲ့ တည်တည်ငြိမ်ငြိမ် စမတ်ကျတာမျိုး ကြိုက်သူတွေ မဖြစ်မနေရှိထားသင့်တဲ့ Suit အရောင်ပဲ ဖြစ်ပါတယ်။

(၄) ကြက်သွေးရောင်

maroon suit

Photo : Pinterest

ကြက်သွေးရောင် Suit တွေက လုပ်ငန်းခွင်အတွက်တော့ သိပ်ပြီးကိုက်ညီမှုမရှိပေမယ့် ညစာ စားပွဲတွေ ၊ ပါတီ ပွဲတွေတက်တဲ့ အချိန်မှာတော့ ခေတ်ဆန်ပြီး ဆွဲဆောင်မှုရှိနေစေမယ့် ကာလာမျိုးပါ။ များသောအားဖြင့် လူငယ် ပိုင်းတွေနဲ့ ပိုလိုက်ဖက်မှုရှိစေပြီး လူအများရဲ့အလယ်မှာ ထင်ပေါ်နေစေမယ့် Suit ကာလာမျိုး ဖြစ်ပါတယ်။

Featured Photo Source : Gettyimages