နွေရာသီမှာ အသားအရေပျက်စီးမှုတွေက အဖြစ်များဆုံးပြဿနာတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ ပူပြင်းလှတဲ့နွေရာသီမှာ အသားအရေပျက်စီးမှုဒဏ်ကိုကာကွယ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။ လွယ်ကူရိုးရှင်းပြီး ငွေကုန်ကြေးကျလည်းမများတဲ့ Skin Care Tips လေးတွေဖြစ်တာကြောင့် လုပ်ဆောင်ကြည့်လိုက်ပါအုန်းနော်။
(၁) တစ်နေ့ကိုအနည်းဆုံးနှစ်ကြိမ်မျက်နှာသစ်ပါ
Source : Shutterstock
အများစုကတော့ အိပ်ယာထတဲ့အချိန်မှာ မျက်နှာကြိမ်သစ်ရုံနဲ့လုံလောက်တယ်ထင်တက်ကြပါတယ်။ တကယ်တော့ တစ်နေ့တာလုံး နေပူလေပူဒဏ်တွေကြောင့် ဖုန်နဲ့ အညစ်အကြေးတွေက မျက်နှာအသားအရေပေါ်အများကြီးကပ်ညှိတွယ်နေပြီး ချွေးပေါက်တွေကိုပိတ်စေပါတယ်။ ဒါကြောင့်မလို့ ညဘက်အိပ်ယာဝင်ခါနီးအချိန်မှာ မျက်နှာကိုမဖြစ်မနေသေချာစွာဆေးကြောသန့်စင်ပြီးမှအိပ်သင့်ပါတယ်။ မျက်နှာပေါ်ကအညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ကြည်လင်ဝင်းပတဲ့ အသားအရေရချင်ရင်တော့ အနည်းဆုံးမနက်တစ်ကြိမ် ညတစ်ကြိမ်မျက်နှာသစ်ဖို့လိုပါတယ်။
(၂) ရေဓာတ်ဖြည့်ပါ
Source : Shutterstock
လူတိုင်းသိထားတဲ့အတိုင်း နွေရာသီဟာ ရေဓာတ်ဆုံးရှုံးမှုအများဆုံးရာသီတစ်ခုဖြစ်ပါတယ်။ သင့်မျက်နှာပေါ်က အဆီထုတ်လုပ်မှုကိုကာကွယ်ရန်နဲ့ အသားအရေစိုပြေနေစေဖို့ဆိုရင် ရေဓာတ်ပြည့်ဝစွာဖြည့်တင်းဖို့လိုအပ်ပါတယ်။ဒါကြောင့်ရေများများသောက်သုံးပေးပါ။ အသားအရေကိုခြောက်သွေ့ခြင်း အရေးအကြောင်းဖြစ်ပေါ်ခြင်းတွေကင်းဝေစေဖို့ moisturising cream လည်းလိမ်းပေးဖို့လိုအပ်ပါတယ်။
(၃) အကာကွယ်ယူပါ
Source : Shutterstock
အကြောင်းအမျိုးမျိုးကြောင့် နေပူထဲသွားရမယ်ဆိုရင် အသားအရေကို နေရောင်ခြည်တိုက်ရိုက်မထိတွေ့စေမယ့် အကာကွယ်ပစ္စည်းလေးတွေသုံးသင့်ပါတယ်။ ဦးထုပ် လက်ရှည်အင်္ကျီ ထီးစသည်ဖြင့်အရေပြားပေါ်နေရောင်ခြည်တိုက်ရိုက်မကျစေမယ့်အရာတွေဝတ်ဆင်ပြီးမှအပြင်ထွက်ပါ။ ဖြစ်နိုင်ရင် အပြင်မထွက် ၁၀ မိနစ်လောက်အလိုကတည်းက SPF ပါဝင်တဲ့နေလောင်ဒဏ်ကာကရင်မ်တစ်ခုခုလိမ်းဖို့ အကြံပြုချင်ပါတယ်။
(၄) ချေးချွတ်သန့်စင်ပါ
Source : Shutterstock
မျက်နှာအရေပြားပေါ်က အညစ်အကြေးနဲ့ ဆဲလ်အသေတွေကိုဖယ်ရှားသန့်စင်ပေးနိုင်ဖို့ ဆိုရင်ချေးချွတ်သန့်စင်တဲ့ လုပ်ငန်းစဉ်ကိုလည်းပြုလုပ်ဖို့ လိုအပ်ပါတယ်။ နေ့တိုင်းဂျေးချွတ်သန့်စင်စရာမလိုပဲ တစ်ပတ်ကို ၂ကြိမ်လောက်ပြုလုပ်ပေးရုံနဲ့ လုံလောက်ပါတယ်။ မျက်နှာကိုချေးချွတ်သန့်စင်ခြင်းဖြင့် အရေပြားရဲ့ အတွင်းပိုင်းမှာရှိတဲ့အညစ်အကြေးတွေ ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ချွေးပေါက်ပိတ်ခြင်းကိုလည်း ကုစားပေးနိုင်မှာဖြစ်ပါတယ်။