ကိုယ့်ရဲ့လက်ရှိဘဝကို ပိုမိုကျေနပ်ပျော်ရွှင်စေဖို့ရာ အကောင်းမြင်စိတ်က များစွာအထောက်အပံ့ဖြစ်စေပါတယ်။ အရာရာကို အကောင်းဘက်အမြင်နဲ့ရှု့မြင်ပြီး အပြုသဘောဆောင်စွာတွေးခေါ်မယ်ဆိုရင် သင့်အနေနဲ့ တစ်ရက်ထက်တစ်ရက် ပိုမိုပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘဝကို ပိုင်ဆိုင်လာနိုင်မှာဖြစ်ပါတယ်။ ဒီတစ်ခေါက်ဆောင်းပါးလေးမှာတော့ အကောင်းမြင်စိတ်အား ကောင်းလာစေဖို့ သင်ကိုယ်တိုင်လိုက်နာသင့်တဲ့ နည်းလမ်းကောင်းတချို့ကို တင်ဆက်ပေးချင်ပါတယ်။

(၁) အတွေးတွေကို ထိန်းချုပ်ပါ

Don't try to control thoughts and feelings

Photo : Prosper Health Collective

သင့်ရဲ့တစ်နေ့တာ အဆိုးမြင်စိတ် ၊ မကောင်းတဲ့ အတွေးတွေ အချိန်မရွေးဝင်လာနိုင်တာပဲ မဟုတ်လား။ ဘယ်သူမှ အမြဲတမ်း ရာနှုန်းပြည့်အကောင်းဘက်က မတွေးနိုင်ဘူးဆိုပေမယ့် ကိုယ့်ရဲ့ အတွေးတွေနဲ့ ပတ်သတ်ပြီး ပြန်လည်ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။ အတွေးတွေထဲမှာ အပျက်သဘောဆောင်တဲ့အတွေးတွေ ၊ မကောင်းတဲ့ စိတ်ခံစားမှုတွေများနေပြီဆိုရင် ကိုယ့်ကိုယ်ကို သတိပေးကာ အတွေးတွေကို ထိန်းချုပ်သန့်ကတ်လိုက်ပါ။  အဆိပ်အတောက်ဖြစ်စေတဲ့ မကောင်းတဲ့အတွေးတွေကို ထိန်းချုပ်လာနိုင်တာနဲ့အမျှ စိတ်ဖိစီးမှုနဲ့ သောကနည်းစေပြီး ပိုမိုကျေနပ်ပျော်ရွှင်ရတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

(၂) ကျေးဇူးတရား လက်ကိုင်ထားပါ

Photo : Stuff.co.nz

ကျေးဇူးတင်တဲ့စိတ်ဆိုတာ အပြုသဘောဆောင်ပြီး အကောင်းမြင်စိတ်ထက်သန်လာဖို့ ကူညီပေးနိုင်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ သင့်ကို တစ်ကြိမ်တစ်ခါ ကူညီဖူးခဲ့သူတွေကို ကျေးဇူးတင်လိုက်ပါ။ အရသာရှိတဲ့ အစားအစာတစ်ခု စားရတဲ့အခါ ကျေးဇူးတင်လိုက်ပါ။ လက်ရှိအချိန်အထိ အကောင်းမွန်ဆုံး ရှင်သန်လာခဲ့တဲ့ ကိုယ့်ကိုယ်ကိုလည်း ကျေးဇူးတင်ပါ။ ကျေးဇူးတရားက စိတ်ခံစားမှုနဲ့ အတွေးအမြင်တွေကို ပိုကြီးစေပြီး အကောင်းဘက်ကမြင်နိုင်တဲ့ စိတ်စွမ်းအင်ကို ရရှိပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

(၃) လက်ရှိဘဝမှာ အကောင်းဆုံး ရှင်သန်ပါ

Photo : Healthline

များသောအားဖြင့် ကျွန်တော်တို့ကို အဆိုးမြင်စိတ် ၊ မကောင်းတဲ့ခံစားချက်တွေကို ဖြစ်စေတာဟာ နောင်တနဲ့ စိုးရိမ်ပူပင်စိတ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ အတိတ်ကအဖြစ်အပျက်တွေအပေါ် ပူဆွေးသောကရောက်ခြင်း ၊ မဖြစ်သေးတဲ့အနာဂတ်ကို ကြိုတင်တွေးတော ပူပင်ခြင်းတွေဟာ လက်ရှိဘဝရဲ့ ပျော်ရွှင်မှုနဲ့ စိတ်အားထက်သန်ခြင်းတွေကို ပျောက်ဆုံးသွားစေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဖြတ်သန်းနေတဲ့ လက်ရှိဘဝပေါ်ကိုပဲ အပြည့်အဝအာရုံစိုက်ထားပြီး အကောင်းဆုံးဖြတ်သန်းပါ။

(၄) ကျန်းမာစွာနေထိုင်ပါ

Tips for Men to Live Healthy

Photo : VEBA Resource Center

အကောင်းမြင်စိတ်ထက်သန်ဖို့ နောက်ထပ်နည်းလမ်းတစ်ခုက ကျန်းမာတဲ့လူနေမှုဘဝပုံစံကို တည်ဆောက်ခြင်းပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားတာ ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပုံမှန်လုပ်တာ ၊ စိတ်ဖိစီးမှုလျော့ချတာ စသည်ဖြင့် ကျန်းမာတဲ့လူနေမှုဘဝတစ်ခုကို ပုံဖော်ခြင်းဟာ နေ့စဉ်ဘဝမှာ စိတ်ရောကိုယ်ပါကျန်းမာရွှင်လန်းခြင်းတွေကို ရရှိစေပြီး အကောင်းမြင်စိတ် ပိုမိုအားကောင်းလာစေမှာပဲ ဖြစ်ပါတယ်။

Featured Photo : Vertava Health