ဘဝဆိုတာဟာ အမြဲဖြောင့်ဖြူးနေတဲ့ လမ်းခရီးတစ်ခုမဟုတ်တာတော့ သေချာပါတယ်။ သင်မျှော်မှန်းတဲ့ ရည်မှန်းချက်ပန်းတိုင်ကို မရောက်ခင်လမ်းခုလတ်မှာ အဖုအထစ်တွေနဲ့ ကြမ်းတမ်းတဲ့ အခက်အခဲတွေများစွာရှိနိုင်ပါတယ်။

တကယ်တော့ ဒါတွေဟာ သင့်ဘဝအောင်မြင်ဖို့အတွက် ပိတ်ပင်နေတဲ့အရာတွေမဟုတ်ပါဘူး။ သင့်ဘဝ အောင်မြင်မှုကို အမှန်တကယ်ပိတ်ပင်နေတဲ့အရာတွေက အခုပြောပြမယ့် အရာတွေပါ။

(၁) ဆင်ခြင်တွေ ပေးနေခြင်း

Stop Making Excuses

Photo : A Journey of Recovery and Discovery

ကိစ္စတစ်ခုခုမှာ အောင်မြင်မှုရရှိဖို့ အကြီးမားဆုံးတားဆီးနေတဲ့ အရာတစ်ခုက ဆင်ခြေပါပဲ။ ဆင်ခြင်တွေအမြဲရှိနေရင် အောင်မြင်ဖို့ ခက်ခဲနေအုန်းမှာပါ။ သင့်ဘဝမှာတကယ်ပဲ အောင်မြင်ချင်ရင်ဆိုရင် အကြောင်းပြချက်အမျိုးမျိုးနဲ့ သင့်ကိုယ်သင် ကာကွယ်ပေးနေတဲ့ ဆင်ခြေတွေကို ချက်ချင်းရပ်တန့်လိုက်ဖို့ အကြံပြုချင်ပါတယ်။

(၂) ခြေလှမ်းသေးသေးလေးတွေ စဖို့မေ့နေခြင်း

Journey Of Thousand Miles Begins With Single Step

Photo : iStock

မိုင်ထောင်ချီတဲ့ ခရီးရှည်တစ်ခုကို ခြေတစ်လှမ်းကနေပဲ စတင်ကြရတာပါ။ ဘဝမှာ ကြီးမားတဲ့ အောင်မြင်မှုမှတ်တိုင်တွေဆီရောက်နိုင်ဖို့ သေးသေးလေးတွေကစပြီး လုပ်ကြရမှာပါပဲ။ အောင်မြင်မှုအတွက် ဖြတ်လမ်းဆိုတာမရှိပါဘူး။ စိတ်ရှည်ရှည်နဲ့ ပုံမှန်လေးလျောက်သွားရင်ပဲ လိုချင်တဲ့ပန်းတိုင်ကိုတစ်နေ့ရောက်မှာပါ။

(၃) အချိန်ဆွဲခြင်း

Procrastination

Photo : Innovative Publishing

အချိန်ဆွဲတဲ့အကျင့်ဟာ အောင်မြင်မှုရဖို့ခက်ခဲသလို လွယ်လွယ်ပဲလက်လျော့ချင်တဲ့ စိတ်ကိုလည်း ဖြစ်စေပါတယ်။ လက်ရှိပစ္စုပ္ပန်အခိုက်အတန့်ကိုပဲ အာရုံစိုက်ပြီး အကောင်းဆုံးလုပ်ဆောင်ရမှာပါ။ ကိုယ်လုပ်ရမယ့်အရာတွေကို အချိန်ဆွဲနေမယ် နောက်မှလုပ်မယ်ဆိုရင် အကောင်းဆုံးအခွင့်အရေးတွေကိုလက်လွှတ်ရတက်ပါတယ်။

(၄) မျှော်လင့်ချက်တွေ များလွန်းခြင်း

MGOs Will Leave with Too Many Changing Expectations ​

Photo : Veritus Group

မျှော်လင့်ချက်တွေ ရည်မှန်းချက်တွေကြီးကြီးထားတာဟာ ကောင်းပါတယ်။ ဒါပေမယ့် သွားချင်တဲ့ပန်းတိုင်တစ်ခုတည်းမဟုတ်ပဲ ဟိုနေရာလည်းသွားချင် ဒီဟာလည်းလုပ်ချင်နဲ့ အာရုံတွေများနေရင် ဘယ်အရာမှာကောင်းစွာ ပြီးမြောက်အောင်မြင်အောင်လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကိစ္စတစ်ခုခုကို‌အောင်မြင်အောင်လုပ်တော့မယ်ဆိုရင် အဲ့ဒီအရာပေါ်ပဲ အာရုံကောင်းကောင်းစိုက်ထားပါ။ သေချာပေါက်အောင်မြင်မှုရပါလိမ့်မယ်။

Featured Photo : Medium