တစ်ခါတစ်လေမှာ ကျွန်တော်တို့သိထားတဲ့အရာတွေက မှားယွင်းနေတယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ မသိကြပါဘူး။ အမှားကိုပဲ အမှန်ထင်ပြီးဆက်လက် လက်ဆင့်ကမ်းလာတဲ့ အလေ့အထတွေ များစွာရှိပါတယ်။ဘာတွေလဲဆိုတာလေ့လာကြည့်လိုက်ပါအုန်းနော်။

နေ့တိုင်းအားကစားလုပ်ခြင်း

Muscular shirtless man doing abs exercise on yoga mat at home

Photo : Freepik

ယနေ့ခေတ်ကျန်းမာရေးအတွက် လူတိုင်းလိုလိုအားကစားတစ်ခုခုပြုလုပ်လာနေကြပါပြီ။တော်တော်များများကတော့ အားကစားနေ့စဉ်ပုံမှန်လုပ်ဖို့ တိုက်တွန်းကြပါတယ်။အဝလွန်နေသူ တွေအတွက် နေ့တိုင်းပုံမှန်အားကစားလုပ်ဖို့လိုပေမယ့် သာမာန်ကျန်းမာရေးလိုက်စားရုံအတွက်ပဲ ဆိုတဲ့သူတွေကတော့ နေ့တိုင်းအားကစားလုပ်ဖို့မလိုပါဘူး။

တစ်ပတ်ကို ၄ ရက် ၅ ရက် လောက်လုပ်ရုံနဲ့ လုံလောက်ပါတယ်။အားကစားလုပ်ပြီး ခန္ဓာ ကိုယ်ကိုလည်းအနားပေးမှ ရေရှည်ကျန်းမာတဲ့ဘဝတစ်ခုပိုင်ဆိုင်နိုင်မှာပါ။

ရေသောက်များခြင်း

Sporty young man drinking water after workout

Photo : Freepik

ခန္ဓာကိုယ်မှာရေဓာတ်ကမရှိမဖြစ်လိုတဲ့အရာတစ်ခုပါ။ရေသောက်ခြင်းက ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကိုတွန်းအားပေးပြီး ခန္ဓာကိုယ်အတွင်းကအဆိပ်အတောက်တွေကို ပြေစေတဲ့အပြင် အသားအရေစိုပြေကြည်လင်လှပစေပါတယ်။

ဒါပေမယ့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ရေဓာတ်ပမာဏထက်ပိုပြီး အလွန်အကျွံရေသောက်သုံးခြင်းကတော့ ဝိတ်ကျဖို့မဖြစ်နိုင်ပါဘူး။ အားကစားလုပ်တာအစားလျော့စားတာမျိုးတွေသေချာမလုပ်ပဲရေပဲလှိမ့်သောက်နေလို့ကတော့ဝိတ်တောင်ပိုတက်လာနိုင်ပါတယ်။

အဆီတွေမစားခြင်း

Smiling handsome vegan man standing near kitchen counter with vegetables and no meat sign

Photo : Freepik

ကျန်းမားရေးလိုက်စားသူတွေ ကိုယ်အလေးချိန်ထိန်းသိမ်းသူတွေအများစုက အဆီတွေဟာ ခန္ဓာကိုယ်အတွက် မကောင်းဘူးလို့ သတ်မှတ်ထားတက်ကြပါတယ်။ ဟုတ်ပါတယ်ပြည့်ဝတဲ့ အဆီတွေ ဝက်အဆီ အမဲအဆီစတဲ့အဆီတွေဟာ ခန္ဓာကိုယ် အတွက်ဆိုကျိုးတွေရှိပေမယ့် ငါးမှာပါဝင်တဲ့ Omega – 3 Fatty Acid လိုအဆီကတော့ ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့အဆီတွေပါ။ ဒီလိုကျန်းမာတဲ့အဆီမျိုးကိုတော့ မဖြစ်မနေစားသုံးပေးဖို့ လိုအပ်ပါတယ်။

လိုတာထက်ပိုအိပ်ခြင်း

 handsome bearded young man sleeping with hands behind head in bed

Photo : Freepik

လူတစ်ယောက်က အားရှိဖို့များများအိပ်ရမယ်လို့ ပြောကြတာကြားဖူးမယ်ထင်ပါတယ်။လူတစ်ယောက်အတွက်အိပ်ချိန် ကအရေးကြီးပေမယ့် များများအိပ်လေပိုအားရှိလေဆိုတာက တကယ်တော့မဟုတ်ပါဘူး။

ပုံမှန်ထက်ပိုပြီး အိပ်စက်ခြင်းက ခေါင်းကိုက်တာ ကိုယ်လက်မအီမသာဖြစ်တာတွေ အများကြီး ကြုံတွေ့ရနိုင်ပါတယ်။ဒါကြောင့်အလွန်အကျွံမအိပ်မိပါစေနဲ့ တစ်ရက်ကို ၇နာရီ ၈နာရီခန့်အိပ်စက်ပေးရုံနဲ့ လုံလောက်ပါတယ်။