ပျော်ရွှင်ခြင်းဆိုတာလူတိုင်းနဲ့ ထိုက်တန်ပါတယ်။ ဒါပေမယ့်လူအများစုဘာကြောင့်မပျော်မရွှင်ဖြစ်နေရတာလဲ။ ဒီဆောင်းပါးလေးကိုဖတ်နေတဲ့စာဖတ်သူရောပျော်ရွှင်မှုပျောက်ဆုံးနေတယ်လို့ခံစားနေရပါသလား။ဒါဆိုရင်တော့အခုပြောပြမယ့်အချက်တွေကိုရှောင်ကျဉ်လိုက်ပါ။သေချာပေါက်ပျော်ရွှင်မှုကိုရှာတွေ့နိုင်ပါလိမ့်မယ်။

(၁) အတိတ်ကိုအတိတ်မှာထားခဲ့ပါ

Source : solancha

လူတိုင်းလူတိုင်း အတိတ်မှာကောင်းတဲ့အရာတွေရှိသလို ဆိုးရွှားခဲ့တဲ့အချိန်တွေလည်း ရှိကြပါတယ်။ ဒါပေမယ့်အများစုကတော့ အတိတ်မှာရှိခဲ့တဲ့ အဆိုးတွေအမှားတွေနဲ့ နောင်တတရားတွေကို တသသပြန်တွေးပြီး လက်ရှိအချိန်ရဲ့ ပျော်ရွှင်စရာတွေကို ဖျက်စီးသလိုဖြစ်နေကြတာပါ။ အတိတ်ကိုအတိတ်မှာထားခဲ့ပြီး လက်ရှိပစ္စုပန်နဲ့ အနာဂတ်ကို အကောင်းဆုံးနေထိုင်သွားဖို့ကိုပဲ တွေးသင့်ပါတယ်။

(၂) မရှိကိုအရှိမလုပ်ပါနဲ့

Source : Insider

ဘဝမှာရောင့်ရင်းတင်းတိမ်မှုတွေ ပျောက်ကွယ်လာတာနဲ့ အမျှ ပျော်ရွှင်စရာအချိန်တွေဆိုတာလည်း တဖြေးဖြေးပျောက်ကွယ်လာတက်ပါတယ်။ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ မိမိဘဝကိုအကောင်းဆုံးလက်ခံပြီး အရှိကိုအရှိအတိုင်းနေခြင်းကသာအကောင်းဆုံးပါ။ ပျော်ရွှင်မှုအစစ်မှန်က ငွေကြေးတွေမပါလည်း ရနိုင်တယ်ဆိုတာ သိထားဖို့လိုပါတယ်။

(၃) အတွေးလွန်ခြင်းကိုရှောင်ကျဉ်ပါ

Source :  Depositphotos

ကိစ္စတိုင်းကို လိုတာထက်ပိုတွေးနေမိရင် စိုးရိမ်စိတ်နဲ့ စိတ်ပူပင်ခြင်းတွေသာ တိုးပွှားလာမှာဖြစ်ပါတယ်။ အဓိကအားဖြင့် ဖြစ်မလာသေးတဲ့ကိစ္စတွေကို ကြိုတင်တွေးတောပူပင်နေခြင်းက ဆိုးကျိုးတွေမှအပ ဘာအကျိုးရလဒ်မှမဖြစ်လာစေပါဘူး။ ဒါကြောင့်ဘယ်ကိစ္စမဆိုအတွေးမလွန်ပါနဲ့။ ကိုယ်တွေးထားသလောက်ဖြစ်ချင်မှဖြစ်မှာပါ။

(၄) ပြီးပြည့်စုံဖို့ မကြိုးစားပါနဲ့

Source : Inspire Hypnotherapy

လူတိုင်းလူတိုင်းမှာ ကောင်းကွက်ဆိုးကွက်ဆိုတာရှိသလို ပြီးပြည့်စုံနေတဲ့သူဆိုတာတစ်ယောက်မှမရှိပါဘူး။ ပြီးပြည့်စုံဖို့ ကြိုးစားမယ့်အစား ကျေးဇူးတင်တက်တဲ့စိတ် အကောင်းမြင်စိတ်တွေကိုများများမွေးယူလိုက်ပါ။ ကျေးဇူးတင်စိတ်နဲ့ အကောင်းမြင်စိတ်တွေက သင့်ကိုအရင်ကထက်ပိုပျော်ရွှင်လာစေမှာဖြစ်ပြီး မိမိဘဝကိုလည်း ကျေနပ်စရာကောင်းတဲ့ ဘဝတစ်ခုအဖြစ်ပြောင်းလဲတွေးမြင်လာစေမှာပါ။