ကိုယ်ခံအားဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးအတွက် ရောဂါပိုးမွှားတွေကို ကာကွယ်ပေးနေတဲ့ ပင်မစနစ်ကြီးတစ်ခုဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ကိုယ်ခံအားစနစ်ကောင်းမွန်အောင် ဂရုတစိုက်နေထိုင်မှသာ ရောဂါပိုးကူးစက်ခံရခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှတော့ ကိုယ်ခံအားကောင်းဖို့ ထွေထွေထူးထူးလုပ်စရာမလိုဘဲ နေ့စဉ်လူနေမှု့ဘဝမှာ တစ်ချို့ အရာတွေကို ပြောင်းလဲလိုက်ရုံနဲ့ ကိုယ်ခံအားကောင်းစေမယ့် အရာလေးတွေကို ပြောပြပေးချင်ပါတယ်။

စိတ်ဖိစီးမှုနည်းနိုင်သမျှ နည်းအောင်နေပါ

Young man holding remote controller of air conditioner while meditating on sofa

Photo : crello

စိတ်ဖိစီးခြင်းက ကိုယ်ခံအားစနစ်ကို ကျဆင်းစေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ စိတ်ကိုအကောင်းဆုံး ပြုပြင်ပြောင်းလဲပါ။ တော်ရုံစိတ်ဖိစီးစေမဲ့ အရာတွေကိုရှောင်ကျဉ်ပါ။ စိတ်တည်ငြိမ်အေးချမ်းစေဖို့ အိပ်ခါနီးအချိန်မှာ ၁၅ မိနစ်လောက် တရားထိုင်တာ ဝင်လေထွက်လေမှတ်တာ ယောဂကစားတာမျိုးတွေပြုလုပ်သင့်ပါတယ်။ စိတ်ဖိစီးမှုကင်းရင် နေရထိုင်ရပေါ့ပါးပြီး စိတ်ကျန်းမာရွှင်လန်းနေမှာဖြစ်ပါတယ်။

အာဟာရပြည့်ဝအောင်စားပါ

man eating salad with sprouts and eggs at restaurant

Photo : crello

နေ့စဉ်အာဟာရပြည့်ဝတဲ့အစားအစာတွေစားသုံးခြင်းက ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေဖို့ ကူညီပေးပါတယ်။ အခုချိန်မှာ ဝိတ်ချဖို့အစားရှောင်တာတွေ အချိန်မှန်မှန်မစားတာတွေ အစားအသောက်ချေးများတာတွေကို ရှောင်ပြီး ခန္ဓာကိုယ်အတွက်အာဟာရပြည့်ဝစေမယ့်အစားအစာတွေကို စားသုံးပေးဖို့လိုအပ်ပါတယ်။ ဗီတာမင်စီကြွယ်ဝတဲ့ ဟင်းသီးဟင်းရွှင် သစ်သီးဝလံတွေ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အသား နွားနို့ဥအမျိုးမျိုး အစေ့အဆန်တွေ စသဖြင့်စုံစုံလင်လင်စားပေးသင့်ပါတယ်။

ကျန်းမာတဲ့အလေ့အထတွေသာ ဦးစားပေးလုပ်ဆောင်ပါ

Strong adult sportsman in headphones doing push ups on seashore

Photo : crello

ကိုယ့်ရဲ့တစ်နေ့တာမှာ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ မကျန်းမာခြင်းအလေ့အထတွေကို ပြောင်းလဲဖို့လိုပါတယ်။ ဥပမာ ဆေးလိပ်သောက်ခြင်း အရက်သောက်ခြင်း ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းစတဲ့ မကျန်းမာခြင်းအလေ့အထတွေကို ပြောင်းလဲဖို့လိုအပ်ပါတယ်။ဆေးလိပ် အရက်သောက်သုံးခြင်းက ကိုယ်ခံအားစနစ်ကိုကျဆင်းစေနိုင်တာကြောင့် လုံးဝမသောက်တာကောင်းပါတယ်။ တစ်နေ့ကို အနည်းဆုံး မိနစ် ၂၀ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးမယ်ဆိုရင် ကျန်းမာကြံ့ခိုင်ပြီး တော်ရုံရောဂါပိုးတွေဝင်ရောက်နိုင်မှာမဟုတ်တော့ပါဘူး။

ကောင်းကောင်းအိပ်ပေးပါ

handsome young man sleeping in bed in the morning

Photo : crello

ကိုယ်ခံအားစနစ်ကောင်းဖို့ဆိုရင် အိပ်စက်ခြင်းက အဓိကပြောင်းလဲရမယ့်အရာတစ်ခုဖြစ်ပါတယ်။ ညဉ့်နက်တဲ့အထိ မအိပ်ပဲနေနေမိတယ်ဆိုရင် ဒီနေ့ကစပြီး ပြောင်းလဲပါ။ ည ၁၁ နာရီလောက်နောက်ဆုံးထားပြီး အိရောဝင်သင့်ပါတယ်။ ညဘက်စောစောအိပ်ပြီး တစ်ရက်ကိုအနည်းဆုံး ၈ နာရီအိပ်မယ်ဆိုရင် ကိုယ်ခံအားစနစ်က ကောင်းမွန်လာမှာသေချာပါတယ်။