တစ်ခါတစ်လေမှာ ကိုယ်တိုင်သတိမထားမိလိုက်တဲ့ အသေးအမွှားကိစ္စလေးတွေက သင်နဲ့ သင်ပါတနာရဲ့ဆက်ဆံရေးကို များစွာထိခိုက်စေနိုင်ပါတယ်။ ပြဿနာသေးသေးလေးတွေစုလာပြီး ကြီးမားတဲ့ခံစားချက်တွေဖြစ်လာတဲ့အခါမှာ သင့်တို့ရဲ့ Relationship က အဆုံးသတ်သွားရမှာပါ။ ဒါကြောင့် ဒီနေ့မှာတော့ Relationship တစ်ခုကိုရေရှည်တည် ဆောက်ချင်သူတိုင်း သတိထားရှောင်ကြဉ်ရမယ့် အသေးအမွှားကိစ္စလေးတွေကိုပြောပြပေးမှာပါ။

(၁) အာဃာတတွေ ဆုပ်ကိုင်ထားခြင်း

Young couple having conflict

Photo : The Independent

လူတိုင်း အမှားတွေလုပ်ဖူးကြပါတယ်။ သင့်ပါတနာက အမှားကိုတာဝန်ယူပြီးတောင်းပန်တယ်ဆိုရင် သင့်အနေနဲ့ခွင့်လွှတ်ဖို့ ဝန်မလေးသင့်ပါဘူး။ သင်လည်း အမှန်တကယ်ခွင့်လွှတ်ပေးခဲ့ပြီဆိုရင် အတိတ်ကအရာတွေကို အတိတ်မှာပဲချန်ထားခဲ့လိုက်ပါ။အာဃာတတွေဆက်လက် ဆုပ်ကိုင်ထားမယ်ဆိုရင် တစထက်တစ်စ သင်တို့ဆက်ဆံရေးက ပြိုလဲလာဖို့ပဲရှိပါတယ်။

(၂) သင့်ပါတနာရဲ့ လိုအင်တွေကို လျစ်လျူရှု့ခြင်း

oung couple man using his mobile phone

Photo : NBC News

ကျွန်တော်တို့ တစ်ခါတစ်လေမှာ ကိုယ့်ချစ်သူပြောချင်တဲ့စကားလေးတွေကို နားမထောင်ပေးမိတာ ၊ သူမရဲ့ခံစားချက်တွေကို လျစ်လျူရှု့မိတာတွေ လုပ်တက်ကြပါတယ်။ အချိန်တိုင်း တစ်ဖက်လူရဲ့အခြေအနေကို အရိပ်တကြည့်ကြည့်နေဖို့မလိုအပ် ပေမယ့် သူမအပေါ်စိတ်ဝင်စားမှုရှိတယ်ဆိုတာကိုတော့ ပြသသင့်တာပဲ မဟုတ်လား။

(၃) စိတ်ခံစားမှုအားကြီးလွန်းခြင်း

Unhappy Young Couple Arguing

Photo : Dreamstime

စိတ်ခံစားမှုနောက်ကို အရမ်းကြီးလိုက်ရင်အမှားတွေ ဖြစ်လာတက်တာကို သတိပြုစေလိုပါတယ်။ လူတစ်ယောက်ကို လိုတာထက်ပိုပြီး စိတ်နှစ်လွန်းတာ ၊ မှီခိုလွန်းတာတွေဟာ တစ်ဖက်လူအတွက် ပင်ပန်းမှုကို ဖြစ်စေပါတယ်။ ကိုယ်က တကယ်ပဲချစ်တယ်ဆို အပြန်အလှန် နားလည်ယုံကြည်မှုကို တည်ဆောက်ရမှာပါ။

(၄) ချက်ချင်းမဖြေရှင်းခြင်း

Couple Sit On Couch Back To Back Avoid Talking After Fight, Offended Man And Woman

Photo : Women’s Realm

တချို့သော အငြင်းပွားဖွယ်ရာ ကိစ္စလေးတွေဟာ ချက်ချင်းဖြေရှင်းလိုက်ဖို့ လိုအပ်ပါတယ်။ ပြဿနာသေးသေးလေးတွေကို ကျော်သွားတာထက် ဖြေရှင်းပြီး တစ်ယောက်နဲ့ တစ်ယောက်ကြား ငြိမ်းချမ်းရေးကိုတည်ဆောက်ရမှာပါ။ မဟုတ်ရင် အစိုင်အခဲတွေဖြစ်လာပြီး ဖြေရှင်းရခက်တဲ့အထိ ပြဿနာကြီးထွားလာနိုင်ပါတယ်။

Featured Photo : GQ México