တစ်နေ့ကုန်အလုပ်တွေလုပ်နေပါရက်နဲ့ ထင်သလောက်အလုပ်မပြီးလို့ စိတ်ဖိစီးရတဲ့ခံစားချက်မျိုး ခံစားဖူးပါသလား။ အလုပ်လုပ်နေတယ်ဆိုရင် သေချာပေါက် ကိုယ်လုပ်နေတဲ့ ကိစ္စတစ်ခုက ပြီးပြတ်ရမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ အလုပ်စားပွဲမှာ ထိုင်ပြီးအချိန်သာကုန်သွားတယ် ပြီးပြတ်သင့်သလောက် အလုပ်မပြီးမြောက်ဘူးဆိုရင်တော့ ဒီအချက်လေးတွေနဲ့ ဆန်းစစ်ပြုပြင်ကြည့်ပါ။

Diverse people working at an office

Source : Freepik

အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် ဘယ်အချိန်မှာ ဘယ်လောက်ပြီးပြတ်အောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်တစ်ခုထားရှိသင့်ပါတယ်။ ရည်မှန်းချက်မရှိတဲ့အခါမှာ နေလို့ရပါသေးတယ်ဆိုတဲ့ စိတ်နဲ့ အချိန်တွေကုန်လို့ ကုန်မှန်းမသိဖြစ်သွားတက်ပြီး အလုပ်ပေါ်အာရုံစူးစိုက်မှုလျော့နည်းသွားတတ်ပါတယ်။ထိုအခါ အလုပ်က ထင်သလောက်မပြီးပြတ်တော့ပဲ အနီးကပ်မှ အသည်းအသန်လုပ်ရတာမျိုးတွေဖြစ်လာပါလိမ့်မယ်။

ဥပမာ အလုပ် (၂) နာရီဆက်တိုက် လုပ်ပြီးလို့ နာရီဝက်ခေတ္တခဏအနားယူတာဟာ နည်းလမ်းကျပါတယ်။ ဒီလိုမှမဟုတ်ပဲ နာရီဝက်လောက်အလုပ်လုပ်လိုက် (၁) နာရီလောက်နားလိုက်လုပ်နေရင်တော့ ဘယ်လိုမှအလုပ်ပြီးမြောက်မှာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်ညှာနေတာတွေ တတ်နိုင်သလောက်လျော့ချလိုက်ပါ။ သင် ထင်တာထက် သင့် ခန္ဓာကိုယ်က ပိုပြီးလုပ်နိုင်တဲ့စွမ်းအားတွေရှိနေသေးတယ်ဆိုတာ သတိရပါ။

အလုပ်စားပွဲကို စထိုင်တာနဲ့ အလုပ်ကိုပဲ အာရုံအပြည့်အဝစိုက်နိုင်မှ ကိုယ်မျှော်မှန်းထားတဲ့အတိုင်း အလုပ်ပြီးမြောက်မှာဖြစ်ပါတယ်။ အများစုက အလုပ်စားပွဲမှာထိုင်ပြီး သိပ်မကြာခင်မှာပဲ ရေထသောက်လိုက် ၊ မုန့်ထစားလိုက် ၊ အပေါ့ သွားလိုက် စတဲ့ ဂဏှာမငြိမ်တဲ့လုပ်ရပ်မျိူးတွေ ပြုလုပ်တတ်ကြတာကြောင့် ထင်သလောက်အလုပ်မပြီးတော့ပါဘူး။ အလုပ်စားပွဲမှာ မထိုင်ခင်ကတည်းက ဒါတွေအကုန်လုံးကို ပြုလုပ်ထားပြီး အလုပ်စားပွဲစထိုင်ပြီဆိုတာနဲ့ အလုပ်ကိုပဲ အာရုံအပြည့်အဝစိုက်နိုင်ဖို့ ဂရုပြုသင့်ပါတယ်။

Multiracial modern business team developing the company's strategy at the office

Source : Freepik

အလုပ်လုပ်နေစဉ် Facebook လေးခဏပွတ်လိုက်ပါအုန်းမယ် ၊ YouTube မှာသီချင်းလေးတစ်ပုဒ်လောက်နားထောင်လိုက်ပါအုန်းမယ် ၊ Game လေးတစ်ပွဲလောက်ဆော့လိုက်ပါအုန်းမယ်ဆိုတဲ့အချက်တွေဟာ အလုပ်မပြီးမြောက်စေတဲ့ အဓိကအချက်တွေဖြစ်ပါတယ်။ Social Media တွေ၊ Game တွေဟာ လူတွေရဲ့ စိတ်အာရုံကို ညို့ယူနိုင်စွမ်းရှိတာကြောင့် အချိန်ကုန်လို့ ကုန်မှန်းမသိဆက်သုံးနေတတ်ကြတာဖြစ်ပါတယ်။ ဒါကြောင့်အလုပ်လုပ်တော့မယ်ဆိုရင် ဒါတွေအားလုံး ခဏမေ့ထားလိုက်ပါ။