တစ်ခါတစ်လေမှာ ကိုယ်လျောက်လှမ်းနေတဲ့ လမ်းကြောင်းတစ်ခုအပေါ်လက်လျော့အရှုံးပေးချင်တဲ့စိတ်တွေဖြစ်ပေါ်လာတက်ပါတယ်။တကယ်တော့လူအများစုမအောင်မြင်ဘူးဆိုတာလည်း လမ်းခရီးတစ်ဝက်မှာလက်လျော့အရှုံးပေးလိုက်ကြလို့ ပါ။ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်တစ်ခုကိုရောက်ဖို့ဆိုတာ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ ဒါကြောင့်သင့်အနေနဲ့ တစ်ခါတစ်လေမှာစိတ်ဓာတ်တွေကျပြီး အရှုံးပေးချင်စိတ်ဖြစ်လာတိုင်းလုပ်ဆောင်သင့်တဲ့နည်းလမ်းကောင်းလေးတွေကိုပြောပြ ပေးချင်ပါတယ်။
Source : Freepik
ကိုယ့်အနေနဲ့ ဘယ်လောက်ပဲ လက်လျော့အရှုံးပေးချင်ဖြစ်နေပါစေ ခိုင်မာတဲ့ဦးတည်ချက်တစ်ခုရှိထားမယ်ဆိုပါက လက်လျော့အရှုံးပေးချင်တဲ့စိတ်တွေကို ဖျောက်ဖျက်ပေးနိုင်မှာဖြစ်ပါတယ်။လောကမှာ ဘယ်အရာမှတော့လွယ်ကူတယ်ဆိုတာမရှိပါဘူး။အခက်အခဲအတားအဆီးတွေဆိုတာရှိကြစမြဲပါ။သင့် အနေနဲ့ ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကိုရောက်ဖို့ဆိုရင် ခိုင်မာတဲ့ဦးတည်ချက်တစ်ခုချမှတ်ထားဖို့ အရေးကြီးပါတယ်။
ကမ္ဘာပေါ်မှာအောင်မြင်နေတဲ့လူတိုင်း ကျရှုံးမှုတွေ စိတ်ဓာတ် ကျစရာအခြေအနေတွေနဲ့ ကြုံတွေ့ကြရဖူးတယ်ဆိုတာ သေချာပါတယ်။ဒါပေမယ့် သူတို့ဟာ လဲကျတိုင်းပြီးဆုံးသွားပြီလို့ မသတ်မှတ်ကြပါဘူး။၅ကြိမ်လဲကျရင် ၆ ကြိမ်မြောက်ပြန်ထဖို့ ကြိုးစားကြသူတွေဖြစ်ပါတယ်။ဒါကြောင့်သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်လျောက်လှမ်းရာလမ်းမှာ ကျရှုံးမှုတွေဖြစ်လာရင်တောင် အရှုံးပေးဖို့စိတ်မကူးပါနဲ့။အမှားကနေသင်ယူပြီးနောက်တစ်ကြိမ်ထပ်ကြိုးစားဖို့ တိုက်တွန်းလိုပါတယ်။
Source : Freepik
လူတိုင်းလူတိုင်း ကိုယ့်လျောက်နေတဲ့လမ်းကြောင်းတစ်ခုအတွက် ပန်းတိုင်မရောက်ခင်မှာပဲ အရှုံးပေးချင်စိတ်တွေဖြစ်ပေါ် လာတက်ပါတယ်။ဒါပေမယ့်အရှုံးပေးမယ်လို့ စဉ်းစားမိတိုင်း ကိုယ်ဖြတ်သန်းခဲ့တဲ့ ခရီးတစ်လျောက်က ကြိုးစားခဲ့မှုတွေ ပင်ပန်းခဲ့မှုတွေအားလုံးကိုပြန်လည်မြင်ယောင်ကြည့်ပါ။ဒီလောက်တောင်ပင်ပန်းဆင်းရဲစွာကြိုးစားခဲ့သမျှ လွယ်လွယ်နဲ့ လက် မလျော့မိစေဖို့ အတိတ်ကကိုယ့်ရဲ့ ကြိုးစားမှုတွေက ဟန့်တား နေမှာဖြစ်ပါတယ်။ဒါကြောင့်ကိုယ်ကြိုးစားခဲ့မှုတွေကိုပြန်လည်မြင်ယောင်ပြီး အားကုန်သုံးကာ အနာဂတ်ပန်းတိုင်စီ ဆက်လက်လျောက်လှမ်းပါ။
တစ်ခါတစ်လေမှာ ကိုယ်အနေနဲ့ လမ်းလျော့အရှုံးပေးဖို့ ဖြစ် လာတဲ့အခါတိုင်း ကိုယ့်ရဲ့ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် သူတစ်ယောက် ဥပမာသူငယ်ချင်းဖြစ်စေ ကိုယ့်ရဲ့ ချစ်သူ ဖြစ်စေ နောက်ဆုံးမိသားစုဝင်တွေဖြစ်စေ တစ်ယောက်ယောက်တော့ရှိ နေသင့်ပါတယ်။ဒီလိုကိုယ့်အပေါ်စိတ်ဓာတ်ခွန်အားဖြစ်စေမယ့်သူတစ်ယောက်ယောက်ရှိနေခြင်းက ကိုယ့်အတွက်အားသစ်တွေကို ဖြစ်စေနိုင်သလို အကြံဉာဏ်ကောင်းတွေကိုလည်းပေးစွမ်းမှာဖြစ်ပါတယ်။ဒါကြောင့်အရှုံးပေးချင်စိတ်ပေါ်လာတိုင်း အားပေးတက်တဲ့ ကိုယ့်ပတ်ဝန်းကျင်တစ်စုံတစ်ယောက်နဲ့ စကားပြောပါ။ခွန်အားတွေပြန်လည်စုဆောင်းပါ။