ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးကို ခိုင်မြဲစေဖို့အတွက် လုပ်ဆောင်သင့်တဲ့အရာလေးတွေ များစွာရှိပါတယ်။ Restaurant ကောင်းကောင်းတစ်ခုမှာ ညစာအတူတူစားမှ အမှတ်တရဖြစ်စေတာမဟုတ်ပါဘူး။ အခုပြောပြမယ့်အချက်လေးတွေ လုပ်ဆောင်ရုံနဲ့လည်း သင့်တို့ချစ်သူနှစ်ဦးကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်လာနိုင်မှာဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ဖတ်ကြည့်လိုက်ရအောင်ပါ။

(၁) သင့်ရဲ့ လျှို့ဝှက်ချက်တချို့ကို သူမကိုပြောပြပါ

Source : Freepik

Relationship တစ်ခုမှာအဓိကကျတဲ့အချက်က ယုံကြည်မှုပါပဲ။ တခြားသူတွေကိုမပြောပြနိုင်တဲ့ သင့်ဘဝရဲ့လျှို့ဝှက်ချက်တစ်ချို့ကို သင့်ချစ်သူမိန်းကလေးကိုပြောပြနိုင်မယ်ဆိုရင် သင်တို့ချစ်သူနှစ်ဦးကြားမှာ ယုံကြည်မှု နားလည်မှုတွေ ပိုမိုတည်ဆောက်လာနိုင်မှာဖြစ်ပြီး သင့်တို့ရဲ့အချစ်ရေးက ပိုမိုခိုင်မြဲလာမှာဖြစ်ပါတယ်။

(၂) စာအုပ်တစ်အုပ်ကို အတူတူဖတ်ပါ

Source : Freepik

သင်တို့ချစ်သူနှစ်ဦးက စာပေချစ်သူတွေဆိုရင် စာအုပ်တစ်အုပ်ကို အတူတူဖတ်ကြည့်သင့်ပါတယ်။ တူညီတဲ့စာအုပ်တစ်အုပ်ကို နှစ်ယောက်အတူတူဖတ်တာက သင်နဲ့ သူမရဲ့အတွေးအမြင်တွေကို နီးနီးစပ်စပ်ရှိစေပြီး သင်တို့ချစ်သူနှစ်ဦးကို ပိုမိုရင်းနှီးစေနိုင်ပါတယ်။ စာအုပ်ဖတ်ပြီးချိန်မှာလည်း စာအုပ်ပါအကြောင်းအရာတွေကို အတူတူဆွေးနွေးငြင်းခုန်လို့ရပါသေးတယ်။

(၃) သူငယ်ချင်းလိုတစ်နေ့တာဖြတ်သန်းပါ

Source : Freepik

ချစ်သူဆိုတာ သင့်ဘဝအတွက် အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ဆိုလည်း ဟုတ်ပါတယ်။ ဒါကြောင့် တစ်ရက်တာ အချစ်ဆုံးသူငယ်ချင်းတွေကဲ့သို့ဖြတ်သန်းကြည့်ပါ။ သူမရဲ့အဝတ်အစားတွေယူဝတ်တာမျိုး ၊ လက်သည်းနီ မိတ်ကပ်တွေပြင်ဆင် ခြယ်သတာမျိုး ၊ ခေါင်းအတူတူလျော်တာ ၊ မျက်နှာပေါင်းတင်တာ စတဲ့အရာလေးတွေအတူတူလုပ်ကြည့်ပါ။ အရမ်းကိုပျော်စရာကောင်းတယ်ဆိုတာ မယုံမရှိပါနဲ့။

(၄) ရုပ်ရှင်ထဲအတိုင်းလိုက်လုပ်ကြည့်ပါ

Source : Freepik

ရိုမန်တစ်ဆန်တဲ့အချစ်ဇာတ်လမ်းတွေထဲကလို မိုးရေထဲမှာ နမ်းတာ ၊ မိုးရွှာထဲအတူတူ ပြေးတာ ၊ ရေအိုင်လေးတွေမှာအတူတူခုန်ပေါက်ပြီး ဆော့ကစားတာမျိုးလုပ်ကြည့်ပါ။ သင့်တို့ချစ်သူနှစ်ဦးအတွက် ပျော်စရာကောင်းတဲ့အခိုက်အတန့်လေးဖြစ်မယ်ဆိုတာ သေချာပါတယ်။