ယနေ့ခတ် လူကြီးလူငယ်တွေကြားမှာ တက်တူးထိုးခြင်းအနုပညာကအရမ်းကိုခေတ်စားလာပါတယ်။တက်တူးဆိုတာအရေပြားပေါ်မှာ ပန်းချီဆွဲခြင်းအနုပညာတစ်ခုဖြစ်သလို သေရာပါမယ့် အမှတ်အသားတစ်ခုလည်းဖြစ်တာကြောင့် ပြီးပြီးရောမပြုလုပ်သင့်ပါဘူး။ဒီနေ့မှာတော့ တက်တူးထိုးမယ်ညီကိုတွေအတွက် တက်တူးမထိုးခင်ဘာတွေသိထားသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။
(၁) တက်တူးထိုးရင်နာမှာလား
Source : Eighth & Grand
တက်တူးထိုးရင်နာမှာလားဆိုတဲ့ မေးခွန်းက တက်တူးစထိုးမယ့် သူတိုင်းသိချင်ကြတဲ့ မေးခွန်းတစ်ခုပါ။တက်တူးထိုးတယ်ဆိုတာ အရေပြားအပေါ်ယံအလွှာထဲကို အပ်နဲ့ အကြိမ်ကြိမ်ထိုးဖောက်ပြီး ဆေးခြယ်ရတဲ့အတွက် နာကျင်မှုတော့ရှိပါတယ်။သို့သော်လည်း ယနေ့ခေတ်နည်းပညာတွေတိုးတက်လာပြီး စက်ပစ္စည်းကိရိယာတွေကလည်း ကောင်းမွန်လာတာကြောင့်အရင်ခေတ်တွေကလောက်နာမှာမဟုတ်ပါဘူး။တက်တူးထိုးရင် အနာကျင်ဆုံးကိုယ်ခန္ဓာအစိတ်အပိုင်းတွေဖြစ်တဲ့ လက်မောင်းအတွင်းဘက် ၊ လည်ပင်း ၊ ဝမ်းဗိုက် စတဲ့နေရာတွေကိုရှောင်ထိုးမယ်ဆိုရင်တော့ သာမန်နာကျင်မှုလောက်ပဲခံစားရမှာပါ။
(၂) ရောဂါပိုးကူးစက်နိုင်လား
Source : darkroom.baltimoresun.com
ဒီဘက်ခေတ်မှာ တက်တူးထိုးခြင်းကြောင့် ရောဂါပိုးကူးစက်တယ်ဆိုတာ တော်တော်လေးကိုရှားသွားပါပြီ။သို့ပေမယ့်လည်း နာမည်ရပြီးသား တက်တူးပညာရှင်တွေစီမှာမဟုတ်ပဲ သာမာန်လမ်းဘေးတက်တူးဆိုင်တွေမှာထိုးမယ်ဆိုရင်တော့ ရောဂါပိုးကူးစက်ဖို့ သေချာပြောနိုင်မှာမဟုတ်ပါဘူး။အကောင်းဆုံးက ကိုယ်ထိုးမယ့်Tattoo Artist အကြောင်းကိုအရင်လေ့လာပါ။တက်တူးမထိုးခင်အရင်ဆုံး ကိုယ့်ထိုးမယ့် Tattoo Artist ရဲ့ဆိုင်ကိုသွားရောက်ပြီး အသုံးပြုတဲ့ပစ္စည်းတွေပိုးသတ်ထားခြင်းရှိမရှိ၊ တစ်ခါသုံးအပ်တွေအသုံးပြုခြင်းရှိမရှိ၊ဆိုင်ခန်းအတွင်းသန့်ရှင်းမှုရှိမရှိကအစအသေးစိတ်လေ့လာမယ်ဆိုရင်တော့ပိုပြီးယုံကြည်စိတ်ချလို့ရမှာဖြစ်ပါတယ်။
(၃) အရက်နဲ့ မူးယစ်ဆေးဝါးသုံးပြီး တက်တူးထိုးလို့ရလား
Source : Orange County Register
လူငယ်တစ်ချို့ မှားယွင်းစွာသိထားတဲ့ အမှားတစ်ခုက တက်တူးထိုးတဲ့အခါဖြစ်ပေါ်လာတဲ့ နာကျင်မှုကိုအရက်တွေ မူးယစ်းဆေးဝါးတွေသုံးပြီး ခံခုနိုင်မယ်လို့ ထင်တက်ကြတာပါ။တကယ်တော့ တက်တူးမထိုးခင် အရက် ၊ မူးယစ်ဆေးဝါးသုံးစွဲထားခြင်းက ခန္ဓာကိုယ်အရေပြားပေါ်မှာ ချွေးတွေထွက်စေခြင်း ၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း စတဲ့အပြုအမူများတွေ ဖြစ်တက်တာကြောင့် ကိုယ့်ကို ရေးထိုးပေးနေတဲ့ Tattoo Artist အတွက်လည်း စိတ်အနှောက်ယှက်ဖြစ်စသေလို ပုံကောင်းကောင်းတစ်ပုံရဖို့လည်း ပိုခက်ခဲသွားနိုင်ပါတယ်။
(၄) ပုံကောင်းတစ်ပုံရဖို့ Tattoo Artist တစ်ယောက်တည်းနဲ့ပြီးလား
Source : Culture Trip
တက်တူးထိုးတဲ့အခါ ဘယ်သူပဲ ဖြစ်ဖြစ် ပုံကောင်းကောင်းသန့်သန့် တစ်ပုံတော့လိုချင်ကြမယ်ထင်ပါတယ်။ဘယ်သူကမှ မလှမပပုံကို ကိုယ့်ခန္ဓာကိုယ်အရေပြားပေါ်မှာတင်ထားချင်မှာမဟုတ်ပါဘူး။ခက်တာတစ်ခုက ဘယ်လောက်တော်တဲ့ Tattoo Artist နဲ့ ထိုးပါစေတက်တူးထိုးပြီးတဲ့ လိုက်နာသင့်တဲ့ဆောင်ရန်ရှောင်ရန်တွေကို မသိရင်လည်း ပုံကောင်းတစ်ပုံရလာမှာမဟုတ်ပါဘူး။ဥပမာ တက်တူးထိုးပြီးနေရောင်အောက်မထွက်ရတာမျိုး ၊ ထွက်ရင်လည်း လက်ရှည်အကျီ ၤထပ်ဝတ်တာမျိုး ၊ အနာမကျက်ခင်အထိ ကြက်သားအမဲသားမစားရတာမျိုး စသည်ဖြင့်အခြေခံကျတဲ့အချက်လေးတွကိုလည်း ကိုယ့်ဘက်ကလေ့လာထားဖို့လိုပါတယ်။