ဘာကြောင့်ပဲ Gym ဆော့ဆော့ အားကစားလုပ်တာ ကောင်းပါတယ်။ ဒါပေမယ့် Gym ခန်းမကို မသွားခင်မှာ အခုပြောမယ့်အရာတွေ လုပ်မိရင်တော့ Gym ကစားတာ အလကား ဖြစ်သွားပါလိမ့်မယ်။

(၁) အစားအသောက် မမှန်တာ

Source: Healthline

Gym သွားမယ့်သူဟာ အားပြည့်အင်ပြည့်ဖြစ်နေဖို့ လိုပါတယ်။ Energy ပါမှ Body Building က ထိရောက်မှာပါ။ သို့သော်လည်း Gym သွားမှာမို့ ဆိုပြီး တဝတပြဲကြီးစားတာက မှားပါတယ်။ အဲသလောက်လည်း မလိုပါဘူး။ ဒီလိုပဲ ဗိုက်ဟောင်းလောင်းနဲ့ Gym သွားဆော့ရင်လည်း ခြေကုန်လက်ပန်းပဲ ကျမှာပါ။

(၂) အိပ်ရေးပျက်တာ

Source: St. Thomas’ Lupus Trust

ခန္ဓာကိုယ်ကို ကောင်းကောင်းအနားပေးမှ Workout လုပ်တာ ခရီးရောက်ပါတယ်။ Gym ဆော့တဲ့သူဟာ လုံလောက်တဲ့ အိပ်စက်အနားယူမှု ပေးကို ပေးရပါတယ်။ သုတေသနတွေအရ တစ်ညကို ၇ နာရီကနေ ၈ နာရီအထိ အိပ်စက်မယ်ဆိုရင် ခန္ဓာကိုယ်နာကျင်မှုကို သက်သာစေဖို့လုံလောက်ပြီး နောက်တစ်နေ့ Gym ကစားချိန်မှာလည်း အားနဲ့အင်နဲ့ ကစားနိုင်မှာ ဖြစ်ပါတယ်။

(၃) ရေအလွန်အကျွံ မသောက်သွားနဲ့

Source: Mysuru Today

လူတစ်ယောက်ဟာ ရေဓါတ်ပြည့်ဝနေဖို့ လိုပါတယ်။ ဒါပေမယ့် လိုတာထက် ပိုပြီး သောက်ပေးစရာ မလိုပါဘူး။ Gym မဆော့ခင် ရေတစ်ခွက်လောက်သောက်တာက လူကို အားဝင်စေပေမယ့် အများကြီး သောက်စရာ မလိုပါဘူး။ နောက်တစ်ခုက ရေတအားသောက်ထားမယ်ဆိုရင် Belly ဆွဲရင် အန်ဖို့ပဲ ရှိမှာပါ။ ပိုဆိုးတာက Hyponatremia လို့ ခေါ်တဲ့ ရေဓါတ်များပြီး ဆိုဒီယမ်ဓါတ်ရုတ်တရပ်မြင့်တက်ခြင်းကြောင့် ပျို့အန်တာ ၊ ခေါင်းကိုက်တာ စတဲ့ ဝေဒနာတွေပါ ကြုံနိုင်ပါတယ်။

(၄) အားကစားသုံး ပစ္စည်းတွေ မမေ့စေနဲ့

Source: menswearstyle

Gym ကစားရင် ဝတ်စုံပြည့် ကစားရပါတယ်။ အားကစားဖိနပ်မပါ ၊ အားကစားဝတ်စုံ မဝတ်ဘဲနဲ့ ကစားရင် သက်တောင့်သက်သာ မရှိသလို မတော်တဆ ထိခိုက်နိုင်ခြေလည်း များပါတယ်။ ဝိတ်မဖို့ လိုအပ်ရင် လက်အိတ် ၊ မျက်နှာသုတ်ပုဝါ ၊ ရေဗူး စတဲ့ အားကစားပစ္စည်းအကုန်ကို အိတ်တစ်လုံးထဲမှာ စနစ်တကျ ထည့်ထားပြီး ယူသွားဖို့ လိုပါတယ်။