အခုဆို အလုပ်ခွင်ပုံစံတွေ ပြောင်းလဲလာသလို အလုပ်သွားဝတ်စုံ ရေစီးကြောင်းကလည်း ပြောင်းလဲနေပြီ ဖြစ်ပါတယ်။ အခုခေတ်မှာ အရင်ကထက်စာရင် အလုပ်မှာ Casual ကျကျ ပိုဝတ်လာကြပြီ ဖြစ်ပါတယ်။ဆီလီကွန်ဗယ်လီလို နေရာမျိုးမှာဆို Jeans နဲ့ Tee တွေ ဝတ်ပီးတောင် ရုံးတက်နေကြတာပါ။ ဒါပေမယ့် တစ်ခု သတိထားရမှာက သိပ်ပြီး Casual မဖြစ်ဖို့ပါဘဲ။

ရုံးတက်အဝတ်အစားဟာ အိမ်နေရင်းဖက်ရှင်လိုမျိုး သိပ်ပြီး လွတ်လပ်လွန်းရင်လည်း အလုပ်နဲ့အံမဝင် ဖြစ်နေမှာပါ။ အနည်းဆုံးတော့ သင့်ဘော့စ်က ရုံးကို ရုံးနဲ့တူအောင်တော့ ဝတ်လာတာ မြင်ချင်မှာ ဖြစ်ပါတယ်။ Casual ဆိုရင် ဘယ်လောက် လွတ်လပ်တဲ့ Casual စတိုင် ဝတ်သင့်သလဲ။ ရုံးလာရင် ဘယ်လိုအဝတ်အစားမျိုး ဝတ်လာတာမျိုး ရှောင်သင့်သလဲဆိုတာကို အောက်မှာ အကြံပြုထားပါတယ်။

(၁) ခြေညှပ်ဖိနပ်နဲ့ မလာပါနဲ့

Photo: Readers’ Digest

အရင်ကလောက် အဝတ်အစားတွေနဲ့ပတ်သက်ပြီး ကန့်သတ်မှု မရှိတော့ဘူးဆိုပေမယ့် အိမ်စီးခြေညှပ်ဖိနပ်တွေနဲ့ ရုံးလာတာမျိုးကတော့ ရှောင်သင့်ပါတယ်။ Sneaker လိုမျိုး ပေါ့ပေါ့ပါးပါး ဖိနပ်မျိုး စီးတာက တော်သေးတယ်လို့ ဆိုရမှာပါ။

(၂) ထရက်ဆု

Photo: broadsheet

အားကစားဝတ်စုံဟာ အားကစားလုပ်နေတုန်းပဲ ဝတ်သင့်တဲ့ ဖက်ရှင် ဖြစ်ပါတယ်။ Tracksuit ဝတ်ပြီး ရုံးလာတာက ကြောင်ပါတယ်။ အနည်းဆုံးတော့ သင်နဲ့ မဆိုင်တဲ့ နေရာ ရောက်နေသလို ခံစားရစေလို့ပါ။

(၃) ဘောင်းဘီတို

Photo: Ties

ဘောင်းဘီတိုဝတ်ပြီး ရုံးလာတဲ့ ကိစ္စကတော့ အတော်များများ လက်မခံကြပါဘူး။ တစ်ချို့သူတွေဆိုရင် အားကစားဘောင်းဘီနဲ့ ရုံးလာတဲ့အထိ စည်းကမ်းမဲ့ကြပါတယ်။ ဒီထဲမှာ ကိုယ်မပါဖို့ အရေးကြီးတယ်ဆိုတာ သတိရလိုက်ပါ။

(၄) အနံ့ပြင်း ရေမွှေး

Photo: Readers’ Digest

ရေမွှေးဆွတ်လာတာ စိတ်ကြည်လင်စေပြီး သင်းပျံ့တဲ့ ရနံ့ကို ခံစားရစေပါတယ်။ ဒါပေမယ့်လည်း အလုပ်ခွင်မှာ ရေမွှေးဆွတ်လာမယ်ဆိုရင် သင့်ရေမွှေးအမျိုးအစားကို သတိထားပါ။ ကိုယ့်ရေမွှေးအနံ့ကြောင့် တစ်ခြားသူတွေ ခေါင်းကိုက်ပြီး အန်ချင်အောင် မဖြစ်စေဖို့ လိုပါတယ်။