ကုန်ဆုံးသွားတဲ့အရာတွေကို အစားပြန်ဝယ်လို့မရတဲ့အထဲမှာ အချိန်လည်း ပါ ပါတယ်။ အခုအချိန်မှာ သင်က အချိန်ရဲ့ အရေးပါမှုကို မသိသေးဘူးဆိုပေမယ့် တစ်နေ့နေ့တစ်ချိန်ချိန်ကျ (သို့) လုပ်ငန်းအသေးစားဖြစ်ဖြစ်၊ လုပ်ငန်းအကြီးကြီးလုပ်ချင်တဲ့အချိန်ကျရင်တော့ သိသွားပါလိမ့်မယ်။ ဘဝမှာ အောင်မြင်မှုကိုဆွတ်ခူးရရှိချင်တယ်ဆိုရင်တော့ အချိန်ကို စနစ်တကျစီမံခန့်ခွဲတတ်ဖို့ လိုပါတယ်။ ဒီဆောင်းပါးလေးက သင့်အတွက် တစ်ချိန်ချိန်မှာ အသုံးတည့်လာမှာပါ။

၁။ သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို သိရှိအောင် ပြုလုပ်ပါ။

Source: Starkfeed.com

သင့်ရဲ့စီးပွားရေးလုပ်ငန်းအတွက် ဘယ်အတိုင်းအတာအထိ အောင်မြင်မှုရယူချင်တာလဲ။ ထိုအောင်မြင်မှုကို ဘယ်လိုနည်းလမ်းနဲ့ ကြိုးစားအားထုတ်ပြီးရယူရမလဲဆိုတာ သိအောင်ကြိုးစားပါ။

၂။ အဓိကနဲ့ သာမညကို ခွဲခြားသိမြင်ပါ။

Source: Cio.com

ဒီအပိုင်းမှာတော့ အုပ်စု (၄) မျိုးခွဲထားလိုက်ရအောင်။ ပထမအုပ်စုကတော့ အရေးကြီးပြီး အဆောတလျင်လုပ်ရမယ့် အရာဆိုရင် ချက်ချင်းပြုလုပ်လိုက်ပါ။ ဒုတိယအုပ်စုကတော့ အရေးကြီးပေမယ့် အဆောတလျင်လုပ်စရာမလိုတဲ့ကိစ္စကိုတော့ ဘယ်အချိန်လုပ်ရမလဲဆိုတာကို စဉ်းစားပါ။ တတိယအုပ်စုကတော့ အရေးမကြီးပေမယ့် အဆောတလျင်လုပ်ဆောင်ရမယ့်ကိစ္စတွေကိုတော့ အခြားသူတစ်ယောက်ကို တာဝန်လွှဲပေးလိုက်ပါ။ နောက်ဆုံးအုပ်စုကတော့ အရေးလည်းမကြီးသလို အဆောတလျင်လုပ်ဆောင်စရာလည်း မလိုတဲ့ကိစ္စပါ။ ထိုအရာတွေကိုတော့ နောက်ဆုံးမှပဲ လုပ်ဆောင်ပေးပါ။

၃။ ငြင်းတတ်ဖို့ ကြိုးစားပါ။ အားမနာပါနဲ့။

Source: Cheatsheet.com

မြန်မာလူမျိုးတွေရဲ့ အကျင့်က သူတစ်ပါးကိုအားနာတတ်တာပါပဲ။ ဒါပေမဲ့ သင်က လုပ်ငန်းတစ်ခုကို လုပ်ဆောင်နေရတာပါ။ ဒါ့ကြောင့် အောင်မြင်ချင်တယ်ဆိုရင်တော့ အားနာတတ်တဲ့အလေ့အကျင့်ကိုဖျောက်ဖျက်လိုက်ပါ။

၎။ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါ။

Source: Blog.yes4all.com

ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုသလို ကျန်းမာမှ အလုပ်လုပ်နိုင်မှာပါ။ အိပ်ရေးဝဝအိပ်ပါ။ အလုပ်မပြီးသေးလို့ဆိုပြီး ညနက်တဲ့အထိ အိပ်ရေးပျက်ခံအလုပ်လုပ်ခြင်းက ကြာရင် စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်လာပါလိမ့်မယ်။ အိပ်ရေးပျက်ခြင်းက စိတ်ဓာတ်ကျခြင်းကိုဖြစ်ပေါ်စေတဲ့တရားခံပဲဖြစ်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက သင့်ကို ကျန်းမာစေတဲ့အပြင် စိတ်ရွှင်လန်းအောင်လည်း ကူညီပေးနိုင်ပါတယ်။