အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေ မပြီးမြောက်သေးလို့ စိတ်ဖိစီးနေရပြီလား။ အလုပ်တွေမပြီးခြင်း ၊ နှောင့်နှေးကြန့်ကြာနေရခြင်းရဲ့ အဓိက တရားခံကတော့ အချိန်ဆွဲတဲ့ အကျင့်ပါပဲ။ အချိန်ဆွဲတာဟာ အရာရာမှာ နှောင့်နှေးကြန့်ကြာစေပြီး ပိုမိုခက်ခဲတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံ တွေ့ လာရနိုင်ပါတယ်။ ဒါကြောင့်ဒီတစ်ခေါက်မှာတော့ အချိန်ဆွဲတဲ့အကျင့်ဆိုးကို ဖျောက်ဖျက်ဖို့အတွက် နည်းလမ်းကောင်းတချို့ကို မျှဝေပေးချင်ပါတယ်။

(၁) စာရင်းလုပ်ပါ

man writing to-do list
Photo : Verywell Mind

သင့်ရဲ့တစ်နေ့တာမှာ မဖြစ်မနေလုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို စာရင်းပြုစုပြီး To – Do List တစ်ခု ထုတ်ထားပါ။ လုပ်ငန်းတာဝန်တွေကို စာရင်းတစ်ခုလုပ်ထားခြင်းဟာ အလုပ်တွေကို အစီအစဉ်တကျပိုဖြစ်စေပြီ အလုပ်ပြီးမြောက်ဖို့အတွက်လည်း တွန်းအားတစ်ခုဖြစ်စေပါတယ်။ လုပ်ရမယ့် တာဝန်တစ်ခုစီအလိုက် ခန့်မှန်းကြာချိန်ပါတွဲရေးထားပြီး သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ပြီးမြောက်အောင်လုပ်ဆောင်အပါ။ ဒါဆို အလုပ်တွေ အစီအစဉ်တကျနဲ့ မြန်မြန်ပြီးမြောက်စေမှာဖြစ်ပါတယ်။

(၂) အလုပ်တာဝန်တွေကို အပိုင်းခွဲထုတ်ပါ

Break Projects Down Into More Manageable Segments

Photo : Lifehack

အလုပ်တာဝန်ကြီးလေ ဖိအားပိုများပြီး ဘယ်ကဘယ်လိုစလုပ်ရမှန်းမသိ ဖြစ်တက်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ဘယ်လောက်ပဲ ကြီးမားတဲ့အလုပ်တာဝန်တစ်ခုဖြစ်နေပါစေ လုပ်ဆောင်ရမယ့် အပိုင်းလေးတွေကို တစ်ခုစီခွဲထုတ်ပြီး တဆင့်ချင်းလုပ်ဆောင်သွားပါ။ ကိတ်မုန့်ကြီးတစ်လုံးကို တစ်ပြိုင်နက်စားဖို့ခက်ပေမယ့် အပိုင်းလေးတွေလှီးဖြတ်ပြီးစားတာ ပိုအဆင်ပြေတဲ့ သဘောပါပဲ။ ဒီလိုအလုပ်တာဝန်တွေကို အပိုင်းတွေ ခွဲထုတ်လိုက်ပြီး တစ်ဆင့်ချင်းလုပ်ဆောင်သွားတာဟာ လုပ်ရတဲ့ဝန်ပေါ့ပြီး အလုပ်မြန်မြန်ပြီးမြောက်စေနိုင်ပါတယ်။

(၃) ကိုယ့်ကိုယ်ကို သတိပေးပါ

Recognize the Onset of Procrastination

Photo : Ladders

သင့်မှာ မဖြစ်မနေလုပ်ရမယ့် လုပ်ငန်းတာဝန်တွေရှိနေပေမယ့် အချိန်ဆွဲနေမိတုန်းပဲဆိုရင်တော့ ကိုယ့်ကိုယ်ကိုပြန်ပြီး တွန်းဖို့လိုပါလိမ့်မယ်။ သင်အတွေးတွေထဲမှာ ဒီအလုပ်ကိုနောက်မှလုပ်လို့ရပါတယ် ၊ မနက်ဖြန်ကိုရွေ့လိုက်မယ် ဆိုတာမျိူးတွေးမိနေတယ်ဆိုရင်တော့ ငါအချိန်စွဲနေမိပြီဆိုတာမျိုး ပြန်ပြီး သတိပေးသင့်ပါတယ်။ ကိုယ့်ကိုယ်ကိုသတိပေးပြီတာနဲ့ တစ်ပြိုင်နက် လုပ်ရမယ့်တာဝန်တွေကို ချက်ချင်းထလုပ်ပါ။

(၄) အာရုံစိုက်မှု ပျက်ပြားမသွားပါစေနဲ့

Eliminate Distractions

Photo : Corporate Vision Magazine

တစ်စုံတစ်ခုကို သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ပြီးမြောက်အောင်မြင်အောင်လုပ်နိုင်ဖို့ဆို လက်ရှိလုပ်နေတဲ့ အရာအပေါ်မှာ အပြည့်အဝ အာရုံစိုက်ထားဖို့လိုမှာပါ။ အလုပ်တစ်ခုလုပ်နေချိန်မှာ ဖုန်းကောက်သုံးမိတာမျိုး ၊ တီဗီအပေါ် အာရုံပြောင်းသွားတာမျိုး ၊ စားစရာတစ်ခုခု ထစားတာမျိုး စသည်ဖြင့် အာရုံပျံ့လွင့်မှုကိုဖြစ်စေမယ့် အရာအားလုံး ဖြတ်တောက်ပြီး လုပ်နေတဲ့ အလုပ်အပေါ်မှာပဲ အပြည့်အဝအာရုံစိုက်ထားဖို့လိုပါတယ်။ ဒါဆို အချိန်ဆွဲမိတော့မှာမဟုတ်သလို အလုပ်တာဝန်တွေလည်း သတ်မှတ်ချိန်အတွင်း ပြီးမြောက်စေမှာဖြစ်ပါတယ်။

Featured Photo : Forbes