အောင်မြင်ချင်တယ်ဆိုရင် အောင်မြင်ချင်တဲ့စိတ်ရှိရုံနဲ့မရပါဘူး။ ကိုယ်တိုင်လည်း လက်တွေ့ကြိုးစားအားထုတ်မှုတွေလုပ်ရမှာပါ။ မကြိုးစားရင်တော့ စိတ်ကူးသက်သက်သာဖြစ်နေပါလိမ့်မယ်။ ဒီနေ့ပြောပြပေးမှာကတော့ အောင်မြင်ချင်သူတိုင်း ဘဝမှာရှောင်ကြဉ်ဖို့ လိုတဲ့ အချက်တချို့ကို မျှဝေပေးချင်ပါတယ်။

(၁) ကျရှုံးမှာမကြောက်ပါနဲ့

Alone desperate businessman sitting on a desk

Photo : Freepik

အောင်မြင်မှုဟာလွယ်လွယ်ကူကူနဲ့ရနိုင်ရုံးထုံးစံမရှိပါဘူး။ ကျရှုံးမှုတွေနဲ့များစွာရင်ဆိုင်ရနိုင်ပါတယ်။ အောင်မြင်တဲ့သူဆိုတာ အရှုံးတွေကို တောင့်ခံနိုင်ပြီး ကိုယ့်အတွက် အကောင်းဆုံးအဖြေကို ဆွဲထုတ်နိုင်သူတွေ ဖြစ်ပါတယ်။ အောင်မြင်မှုဆီ သွားတဲ့ အချိန်မှာ အရှုံးကို မကြောက်တတ်ဖို့နဲ့ အဖြေကို ရှာပြီး ရှေ့ခရီးဆက်နိုင်ဖို့ အရေးကြီးပါတယ်။

(၂) ရည်မှန်းချက်ပျောက်မသွားပါနဲ့

Frustrated with problems young business man working on laptop at home

Photo : Freepik

ဘဝမှာအောင်မြင်ချင်တယ်ဆိုရင် ရည်မှန်းချက်တွေပျောက်သွားလို့မရပါဘူး။ ကိုယ့်ရဲ့ရည်မှန်းချက်ကို ခိုင်ခိုင်မာမာချမှတ်ပြီး အမြဲတစေရည်မှန်းချက်ပြည့်ဝဖို့ကြိုးစားရမှာဖြစ်ပါတယ်။ စိတ်ဓာတ်ကျစရာတွေ အခက်အခဲတွေနဲ့ ကြုံလာရပါစေ ကိုယ်ရဲ့ ရည်မှန်းချက်ကိုခိုင်ခိုင်မာမာဆုပ်ကိုင်ပြီး ယုံယုံကြည်ကြည်နဲ့ ရှေ့ဆက်လုပ်ဆောင်ပါ။

(၃) သူများလမ်းကြောင်းနောက်မလိုက်ပါနဲ့

Failed businessman sad in office

Photo : Freepik

အောင်မြင်မှုကို မိတ္တူလိုက်ပွားရင် အလုပ်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ပြည့်ဝပြီး အမှီအခိုလွတ်တဲ့ အောင်မြင်မှုမျိုးတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ အောင်မြင်မှုရသနဲ့ ပီတဓါတ် ချို့တဲ့နေပါလိမ့်မယ်။

(၄) ကိုယ်လုပ်နေတာကို သံသရမဝင်ပါနဲ့

Stressed businessman looking at the papers

Photo : Freepik

ကိုယ့်အလုပ်ကို ကိုယ်မချစ်နိုင်ရင် ၊ ကိုယ်ချစ်တာကို ကိုယ်မလုပ်နိုင်ရင် အဲ့ဒီအလုပ်ဟာ ပြောင်မြောက်အောင်မြင်ဖို့ မလွယ်ပါဘူး။ အောင်မြင်ရမယ်လို့ စိတ်ပိုင်းဖြတ်ပြီးရင် ကိုယ်တကယ်လုပ်ချင်တဲ့ အလုပ်ကို သံသရမဝင်ပဲယုံယုံကြည်ကြည် လိုက်လုပ်ဖို့ လိုပါတယ်။ ဒါမှလည်း ရည်မှန်းထားသလိုအောင်မြင်မှုရမှာပါ။

Featured Photo : Jioforme