တစ်ချို့လူတွေအတွက် အိပ်ပျော်ဖို့ဆိုတာပြဿနာမဟုတ်ပေမယ့် တစ်ချို့အတွက်တော့ အကြီးအမားဆုံးအခက်အခဲဖြစ်နေပါတယ်။ ညဘက်တွေကောင်းကောင်းအိပ်ပျော်တဲ့သူတွေကိုအားကျနေပြီး ကိုယ်တိုင်လည်းကောင်းကောင်းအိပ်ပျော်ချင်ပါတယ်ဆိုတဲ့သူတွေအတွက် အိပ်ယာပေါ်ရောက်တာနဲ့ အမြန်ဆုံးအိပ်ပျော်သွားစေမယ့် နည်းလမ်းတစ်ချို့ကိုပြောပြပေးချင်ပါတယ်။
(၁) အခန်းအပူချိန်ကိုလျော့ချပါ
Source : ThoughtCo
အခန်းတွင်း အပူချိန်အရမ်းမြင့်နေရင်လည်း ကောင်းကောင်းအိပ်ပျော်ဖို့ခက်ခဲပါတယ်။ အိပ်ပျော်နေစဉ်မှာ ခန္ဓာကိုယ်အပူချိန်ကအပြောင်းအလဲရှိတက်တာကြောင့် အကောင်းဆုံးကတော့ အခန်းအပူချိန်ကို ၁၅ ကနေ ၂၃ ဒီဂရီစင်တီဂရိတ်ကြား ထိန်းညှိပေးဖို့လိုအပ်ပါတယ်။ ဒါဆိုရင် သင့်ကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမှာဖြစ်ပါတယ်။
(၂) ၄-၇-၈ အသက်ရှုစနစ်ကိုအသုံးပြုပါ
Source : YMCA of Greater Seattle
၄-၇-၈ အသက်ရှုစနစ်က သင့်ရဲ့စိတ်ကိုတည်ငြိမ်အေးချမ်းစေပြီးကောင်းမွန်တဲ့အိပ်စက်ခြင်းကိုပေးစွမ်းပါတယ်။ ပထမဆုံးအနေနဲ့ သင့်ရဲ့ လျာကို အပေါ်သွားများသို့ ထိထားပြီး ပါးစပ်မှတစ်ဆင့် ၄ စက္ကန့်ကြာအသက်ရှုသွင်းပါ။ ထို့နောက်မျက်လုံးနှင့် ပါးစပ်ကိုပိတ်ပြီး စိတ်ထဲတွင် ၇ စက္ကန့်ရေတွက်ပြီး ငြိမ်ငြိမ်လေးနေပေးပါ။ ပြီးရင်တော့ ရှုသွင်းထားတဲ့လေတွေကို ၈ စက္ကန့်ကြာ ဖြေးဖြေးချင်းပြန်ထုတ်ပါ။ ဒီနည်းအတိုင်း မအိပ်ခင် ၃ ကြိမ်လောက်ပြုလုပ်ပေးမယ်ဆိုရင်ကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်။
(၃) သီချင်းဖွင့်ထားပါ
Source : 123RF.com
ဂီတသံစဉ်တွေက အိပ်စက်ခြင်းကိုတိုးတက်ကောင်းမွန်စေပြီး ကာလကြာရှည်အိပ်မပျော်ခြင်းနှင့် အိပ်စက်ရခက်ခဲခြင်းတို့ကိုကုသပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မအိပ်စက်ခင် နာရီဝက်လောက်အလိုမှာကတည်းက သာယာနာပျော်ဖွယ်ရှိတဲ့တေးသီချင်းလေးတွေ ကျေးငှက်သံ ရေစီးသံများပါဝင်တဲ့ တေးဂီတသံစဉ်တွေကို ဖွင့်ထားမယ်ဆိုရင် သင့်ရဲ့စိတ်ကိုအကောင်းဆုံးတည်ငြိမ်အေးချမ်းစေပြီး အိပ်ပျော်စေမှာဖြစ်ပါတယ်။
(၄) စာအုပ်ဖတ်ပါ
Source : 123RF.com
အိပ်ယာမဝင်ခင်စာဖတ်ခြင်းက ကောင်းမွန်တဲ့အလေ့အထတစ်ခုဖြစ်သလို အိပ်စက်အနားယူခြင်းကို မှန်ကန်စေဖို့ထောက်ပံ့ပေးပါတယ်။ စာဖတ်တာက အိပ်ပျော်ရလည်းပိုပြီးလွယ်ကူစေတဲ့အပြင် နှစ်နှစ်ခြိုက်ခြိုက်လည်းအိပ်ပျော်စေပါတယ်။ မအိပ်ခင်မှာ ဖုန်းတွေအီလက်ထရောနစ်ပစ္စည်းတွေသုံးခြင်းက သင့်ရဲ့ အိပ်စက်ခြင်းကိုအနှောက်ယှက်ဖြစ်စေတဲ့အပြင် အိပ်ရေးမဝခြင်းကဲ့သို့ဝေဒနာတွေကိုခံစားရစေတာကြောင့် ဖုန်းတွေလက်တော့တွေအစား စာဖတ်ခြင်းကိုရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။