လူငယ်တစ်ယောက်အတွက် တက်တက်ကြွကြွနဲ့ ဖျက်ဖျက်လက်လက် ရှိဖို့က အရေးကြီးပါတယ်။ တက်ကြွသွက်လက်ပြီး ကျန်းမာနေမှလည်း လူငယ်တစ်ယောက်ရဲ့အနှစ်သာရက ပြည့်စုံမှာဖြစ်ပါတယ်။ ဒီတော့ သွက်လက်တက်ကြွတဲ့ လူငယ်ဖြစ်ဖို့အတွက် သိထားသင့်တဲ့အချက်တွေပြောပြပေးပါမယ်။

(၁) ဝါသနာပါတာလုပ်ပါ

Silhouette of a young fitness man running on sunrise

Source : Freepik

လမ်းလျှောက်တာ၊ ပြေးတာနဲ့ ရေကူးတာ စသည်ဖြင့် ကိုယ်ကြိုက်တဲ့ အားကစားလုပ်ပါ။ ဒါက ကျန်းမာလာဖို့အတွက် စိတ်အားထက်သန်မှုကို ပေးပါတယ်။

(၂) ပျော်ရွှင်စရာတွေ ဖန်တီးပါ

Soccer player action on the stadium

Source : Freepik

တက်ကြွဖျတ်လက်ဖို့ လေ့ကျင့်ခန်းချည်း လုပ်ဖို့မလိုပါဘူး။ ကခုန်တာ ဒါမှမဟုတ် ဘောလုံးကစားတာမျိုးတွေကို ရွေးချယ်ပြီး လုပ်နိုင်ပါတယ်။

(၃) မိတ်ဆွေရှာပါ

Back view community of young people united

Source : Freepik

ကိုယ်နဲ့ လေ့ကျင့်ခန်း အတူလုပ်ဖော် တစ်ယောက်ယောက် ရှိနေရင် ပျက်ကွက်ဖို့ (သို့) အရှုံးပေးဖို့ ပိုခက်ခဲပါတယ်။ ဒါက သူငယ်ချင်းသစ်ဖွဲ့ဖို့ အခွင့်အရေးလည်းဖြစ်ပါတယ်။

(၄) မိသားစုဝင်တွေကို အချိန်ပေးပါ

happy family sitting on sofa in living room

Source : Freepik

သင့်ချစ်တဲ့သူ ဒါမှမဟုတ် မိသားစုဝင်တွေနဲ့ဆို ပိုကောင်းတဲ့အချိန်တွေ ရရှိစေမှာအမှန်ဖြစ်ပါတယ်။ ခွေးလေးနဲ့ အတူတူလမ်းလျှောက်တာပဲ ဖြစ်ဖြစ် မိသားစုဝင်တွေနဲ့ပဲဖြစ်ဖြစ် လမ်းလျှောက်ရတာ တကယ်ပျော်ဖို့ကောင်းပါတယ်။